Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၈)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၈)

 

အပြစ်သွေးဆောင်ခြင်း (၁)

အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။ မိမိ တပ်မက်သော စိတ်ဆွဲငင်ဖြား ယောင်းခြင်းကိုခံသော သူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ (ယာကုပ် ၁း၁၃-၁၄)

 

အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား…

၁။ မည်သူမဆို အပြစ်သွေးဆောင်ခြင်းကို ခံရတတ်ကြသည်။
၂။ အချို့တို့သည် အပြစ်သွေးဆောင်ခြင်းကို ခံရသောအခါ –

က။ ဘုရားသခင်က ခွင့်ပြုသည် ဟုလည်းကောင်း၊
ခ။ ဘုရားသခင်က သွေးဆောင်သည် ဟုလည်းကောင်း ဆိုတတ်ကြသည်။

၃။ အမှန်မှာ –

က။ မကောင်းသောအရာသည် ဘုရားသခင်ကို သွေးဆောင်ခြင်းမပြု နိုင်ပါ။
ခ။ ဘုရားသခင်ကိုယ်တိုင်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင် ခြင်းမပြုပါ။
ဂ။ ဤသည်ကား ဘုရားသခင်၏ ပင်ကိုသဘောသဘာ၀ ဖြစ်သည်။

၄။ ထို့ကြောင့် ဘုရားသခင်သည် အပြစ်သို့သွေးဆောင်တော်မူသည်ဟု အဘယ်သူမျှ မဆိုရ။

 

မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား…

၁။ လူသည် အဘယ်သို့ အပြစ်သွေးဆောင်ခြင်းကို ခံရသနည်း။
၂။ လူသည် မိမိတို့၏ တပ်မက်သောစိတ် (ဂရိ-eptithumia) ကြောင့် အပြစ်သွေးဆောင်ခြင်းကို ခံကြရသည်။ ဤစိတ်ကြောင့် လူတို့သည် –

က။ တားမြစ်သောအရာတို့ကို လိုချင်တောင်းတကြသည်။
ခ။ လောဘကြီးစွာ လိုချင်တပ်မက်လျက် ရှိကြသည်။

၃။ ထို တပ်မက်သောစိတ်သည်

က။ ဆွဲဆောင်တတ်သည်။
ခ။ ဖြားယောင်းတတ်သည်။
ဂ။ အပြစ်သို့သွေးဆောင်လျက် ရှိသည်။

၄။ အပြစ်သွေးဆောင်ခြင်းသို့ ရောက်သောသူသည်

က။ တပ်မက်သောစိတ်၏ ဆွဲဆောင်ခြင်း (ဂရိ- နxနူုသ) ကိုခံရသောသူ ဖြစ်သည်။

– မှန်သောအနေအထားမှ လွဲမှားသည်အထိ ဆွဲဆောင်ခြင်း၊
– မှန်သောလမ်းမှ မှားသောလမ်းသို့ ဆွဲခေါ်ခြင်း၊

ခ။ တပ်မက်သောစိတ်၏ ဖြားယောင်းခြင်း (ဂရိ-ိနူနဖေသ) ကိုခံရသောသူ ဖြစ်သည်။

– လှည့်ဖြားခြင်း၊
– ထင်ယောင်ထင်မှားဖြစ်စေခြင်း စသည်တို့ ဖြစ်သည်။