Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၇)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၇)

 

စစ်မှန်သောယုံကြည်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်း

နေသည်ပူသောအရှိန်နှင့်ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်းကြွေတတ်၏။ တင့်တယ်သောအသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သောသူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ ရောက်တတ်၏။ စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ဂတိထားတော်မူသော အသက်သရဖူကိုရလိမ့်မည်။

(ယာကုပ် ၁း၁၁-၁၂)

 

နေသည်ပူသောအရှိန်နှင့်ထွက်သောအခါ…

၁။ ပူပြင်းသောနေအရှိန်သည် –

က။ မြက်ပင်ကို သွေ့ခြောက်စေသည်။
ခ။ အပွင့်ကိုလည်း ကြွေစေသည်။
ဂ။ တင့်တယ်သောအသွေးအဆင်းလည်း ပျောက်ပျက်စေသည်။

၂။ လက်တွေ့၌ သိပ်္ပံနည်းကျကျ သက်သေထူနိုင်သောအမှန်တရားဖြစ်သည်။
၃။ ပါလက်စတိုင်းပြည်၌ နေ့စဉ် မြင်တွေ့နေရသော အခြေအနေမှန်ဖြစ်သည်။

 

ထိုနည်းတူ…
၁။ လက်တွေ့ ဖြစ်နေသော အမှန်တရားကို ဥပမာပြုခြင်း ဖြစ်သည်။
၂။ ချမ်းသာသောသူနှင့် နေပူရှိန်အောက်၌ ပေါက်သော မြက်ပင်တို့ကို နှိုင်းယှဉ်ထားသည်။
၃။ “မိမိအမှုအရာတို့၌” (ဂရိ-စသမနငေ) သည် –

က။ ငွေကိုသာရှာဖွေစုဆောင်းသော လမ်းစဉ်၌၊
ခ။ ချမ်းသာကြွယ်ဝရန်သာ ဆောင်ရွက်ခြင်းအမှု၌၊
ဂ။ စည်းစိမ်သည်သာ အဓိက ဟူသောအမှု၌ စသည်တို့ဖြစ်သည်။

၄။ ငွေရတတ်သောသူသည် ငွေရှာဖွေစုဆောင်းခြင်းအမှု၌ ညှိုးနွမ်းပျောက်ပျက်လိမ့်မည်။

 

စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည်…
၁။ သည်းခံ (ဂရိ-့ကစသာနညသ) သည် –

က။ ကြံ့ကြံ့ခံရပ်တည်နိူင်ခြင်း၊
ခ။ သက်ဝင်လုှပ်ရှား မျှော်လင့်နေခြင်း၊
ဂ။ စိတ်ရှည်သည်းခံခြင်း စသည်တို့ဖြစ်သည်။

၂။ ယုံကြည်သူမှန်လျှင် စုံစမ်းနှောင့်ယှက်ခြင်း (အခက်ခဲများကို) ၌

က။ စိတ်ရှည်သည်းခံနိုင်ရမည်။
ခ။ သက်ဝင်လှုပ်ရှားလျက် စောင့်မျှော်နေရမည်။
ဂ။ ဆက်လက် ခိုင်ခံ့စွာ တည်ကြည်နေရမည်။

၃။ ထိုသို့ စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိသည်။

 

အကြောင်းမူကား…
၁။ စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်သောသူသည် စစ်ကြောစုံစမ်းခြင်းကို ခံရသောအခါ၊

က။ ဘုရားသခင်ကို အမှန်ယုံကြည်ကြောင်း သက်သေထူနိုင်လိမ့်မည်။
ခ။ ဘုရားသခင်ကို အမှန်ချစ်ကြောင်း သက်သေပြနိုင်လိမ့်မည်။

၂။ ထိုသူတု့ိသည် ဘုရားသခင်ကိုချစ်သောသူတို့အား ကတိပေးထားသော အသက်သရဖူကိုလည်း ရယူပိုင်ဆိုင်ကြလိမ့်မည်။
၃။ စစ်မှန်သောယုံကြည်ခြင်းသည် အသက်သရဖူနှင့် စပ်လျဉ်းသော မင်္ဂလာ၏ အကြောင်းတရားဖြစ်သည်။