Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၃)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၃)

 

ဖြောင့်မတ်သောသူ၏ ဆုတောင်းခြင်း

ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်သော်လည်း၊ မိုဃ်းမရွာမည်အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံး မြေပေါ်သို့ မိုဃ်းမရွာဘဲနေ၏။ တဖန် ဆု
တောင်းသောအခါ၊ မိုဃ်းကောင်းကင်သည် မိုဃ်းရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကို သီးလေ၏။

(ယာကုပ် ၅း၁၇-၁၈)

 

ဧလိယသည် ငါတို့ကဲ့သို့…
၁။ ဧလိယသည်

က။ ကျွန်ပ်တို့ကဲ့သို့ သာမန်လူတစ်ဦး ဖြစ်သည်။
ခ။ ကျွန်ပ်တို့နှင့် ပင်ကိုသဘောသဘာဝလည်း တူသည်။
ဂ။ ကျွန်ပ်တို့ကဲ့သို့ လောက၌ ကျင်လည်သောသူ ဖြစ်သည်။

– ဂိလဒ်ပြည် တိရှဘိမြို့သား ဖြစ်သည်။
– ဣသရေလဘုရင် အာဟပ်မင်းနှင့် အာခဇိမင်းတို့ လက်
ထက်၌ ဘုရားသခင်၏အမှုတော်ကို ဆောင်ခဲ့သည်။ (၃ ရာ၊ ၁၇-၁၉၊ ၄ ရာ၊ ၁း၁-၂)

၂။ သို့သော်၊ ဧလိယသည် –

က။ ဖြောင့်မတ်သောသူ ဖြစ်သည်။
ခ။ ဆုတောင်းအားကြီးသောသူ ဖြစ်သည်။

 

မိုဃ်းမရွာမည်အကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ…
၁။ ဧလိယသည် ဆုတောင်းအားကြီးသောသူ ဖြစ်သည်။

က။ အာဟပ်မင်းနှင့် စုံဖက်သော ယေဇဗေလ (ဇိဒုန်မင်းကြီးဧသဗာလ ၏ သမီး) ထူထောင်သော ဗာလဘုရား ကိုးကွယ်မှုကို ဆန့်ကျင်အ
ပြစ်ပေးသော အနေဖြင့် မိုးခေါင်မည်အကြောင်း ဆုတောင်းခဲ့သည်။ (၃ ရာ၊ ၁၆၊ ၁ရး၁-၂)
ခ။ ဆုတောင်းသည့်အတိုင်း မိုးကောင်းကင်သည် မိုးမရွာ၊ နှင်းမကျဘဲနေ၏။

၂။ ဧလိယသည် အခြားသောအရာများနှင့် စပ်လျဉ်း၍လည်း ဆုတောင်းခဲ့သည်။

က။ ဇရတ္တ်မြို့၌ ရှိသော မုဆိုးမ၏ တစ်ဦးတည်းသော သားကိုလည်း ဆုတောင်းခြင်းဖြင့် အသက်ပြန်ရှင်စေခဲ့သည် (၃ ရာ ၁ရး၁၀-၂၄)။
ခ။ ဗာလ၏ပရောဖက် ၄၅၀ တို့နှင့် ဧလိယယှဉ်ပြိုင်ခဲ့ကြစဉ် ဆုတောင်းခြင်းဖြင့် ထာဝရဘုရားသခင်၏ မီးကို ကျစေခဲ့သည်။ (၃ ရာ၊ ၁၈)

၃။ ဧလိယသည် ဘုရားသခင်၏ ပရောဖက်၊ ဆုတောင်းခြင်းအမှု၌ အလွန်အားသန်သောသူ ဖြစ်သည်။

 

တဖန်ဆုတောင်းသောအခါ…
၁။ ဧလိယဆုတောင်းသောကြောင့် မိုးမရွာသည်မှာ သုံးနှစ်ကြာပြီးဖြစ်သည်။ (၃ ရာ ၁၈း၁)
၂။ သုံးနှစ်ပြီးနောက်၊ ဧလိယ တစ်ဖန်ဆုတောင်းသောအခါ

က။ ပင်လယ်မှ မိုးတိမ်ငယ် တက်လာ၏။
ခ။ အာဟပ်မင်းအား မိုးမရွာမီအလျင်အမြန် ထွက်ခွာရန် မှာထားသည့်အတိုင်း၊ မိုးပြင်းစွာ ရွာချလေသည်။ (၃ ရာ၊ ၁၈း၄၄-၄၆)

၃။ မိုးရွာသောအကျိုးကြောင့် မြေကြီးသည်လည်း အသီး သီးလေသည်။
ဖြောင့်မတ်သောသူ၏ ဆုတောင်းခြင်းသည် အမှန်ပင် ထိရောက်သည်မှာ မျက်ဝါးထင်ထင် ဖြစ်ပေသည်။