Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၂)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၂)

 

ခရစ်တော်၏တရားအတိုင်း ကျင်လည်ခြင်း

ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီ ပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှါ သတိပြု ကြ လော့။ အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိ အဖြစ်တော်၏ ပြည့်စုံခြင်း အပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏ အထွဋ်အမြတ် အာဏာစက်ရှိသမျှတို့ကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်း ရှိကြ၏ (ကော ၂း၈-၁၀)။

ကျွန်ုပ်တို့သည် ခရစ်တော်၏တရားကို လက်ခံသော ကြောင့်၊ ထိုတရားအတိုင်း ကျင်လည်ကြရမည်။ အကြောင်းမှာ သခင်ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ရာနှုန်းပြည့် ပြည့်စုံ သောသူ (ဘုရားစစ်ဘုရားမှန်) ဖြစ်သည်။ ထို့ကြောင့် သူ၏ တရားသည်လည်း ခြွင်းချက်မရှိ ပြည့်စုံသော နည်းဥပဒေသ ဖြစ်သည်။

 

ခရစ်တော်၏တရား
၁။ “တရား” ဟူသောစကားလုံးသည် ဆရာကြီးယုဒသန်၏ ဖြည့်စွက်ထားသော စကားလုံးဖြစ်သည်။
၂။ ဂရိကျမ်းမူရင်းအရ၊ “ခရစ်တော်၏နည်းအတိုင်း” ဟုဆိုနိုင်သည်။
၃။ ထို့ကြောင့်၊ “ခရစ်တော်၏တရား” ဟုဆိုရာ-
က။ ခရစ်တော်၏နည်းဥပဒေသကို ဆိုလိုသည်။
ခ။ ကျွန်ုပ်တို့သည် ခရစ်တော်၏နည်းကို လိုက်နာကြရမည်။

 

လူအဆက်ဆက်ခံသော နည်းဥပဒေသ
၁။ လူတို့၏ ထုံးတမ်းစဉ်လာ ကို ဆိုလိုသည်။
၂။ မိရိုးဖလာမှ ဆင်းသက်လာသော ဓလေ့နှင့်ကျင့်ထုံးများကို ဆိုလိုသည်။
၃။ ဤသို့သော နည်းဥပဒေသများကို ခံယူလိုက်နာခြင်းသည် ခရစ်တော်၏နည်းဥပဒေသနှင့် မစပ်ဆိုင် (ယှဉ်ကြည့်ရန် – မဿဲ ၁၅း၆)။
လောကီတရားနုကိုလိုက်၍ လောကီပညာနှင့်အချည်းနှီးသော ပရိယာယ် …
၁။ အခြေခံ ဒဿနိက ကို လောကီတရားနု ဟုခေါ်သည်။
၂။ သခင်ခရစ်တော်၏တရား မပါသော ဒဿနိက ဖြစ်သည်။
၃။ ယင်းကို အခြေခံသော ပညာကို လောကီပညာ ဟုခေါ်သည်။
က။ ခရစ်တော်၏တရား မပါဘဲ ဘုရားသခင်နှင့် လောကကို နားလည်ခြင်း၊
ခ။ ခရစ်တော်၏တရားမပါဘဲဘဝ၏အဓိပ္ပာယ်ကို ဖော်ထုတ်ခြင်း၊ စသည်တို့သည် အချည်းနှီးသောစကားအရာ ဖြစ်သည်။
၄။ မိစ္ဆာဆရာသမားများသည် အထက်ပါလောကီတရားကို အသုံးပြုပြီး ယုံကြည်သူတို့အား လှည့်ဖြားနေမည် ဖြစ်သည်။ သူတို့၏ ပရိယာယ်ပင် ဖြစ်သည်။
၅။ ထိုသူတို့၏ ပရိယာယ်ကြောင့် ယုံကြည်ခြင်းနှင့်အသက်တာ၌ လုယူဖျက်ဆီးခြင်း မခံစေခြင်းငှာသတိပြုကြရမည်။

 

အကြောင်းမူကား၊ ဘုရားသခင်၏ဇာတိအဖြစ်တော် …
၁။ ရိုးရှင်းသော အကြောင်းရင်း တစ်ခုရှိသည်။
၂။ ယင်းသည် အလွန်အရေးပါသောကြောင့် ရှင်းလင်းစွာ ဖော်ပြထားသည်။
၃။ အကြောင်းမှာ – “ဘုရားသခင်၏ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏”
က။ ခရစ်တော်၏ကိုယ်ခန္ဓာ၌ ဘုရားသခင်၏ဖြစ်ခြင်း အပြည့်အစုံ တည်ရှိသည်။
ခ။ ဘုရားသခင်သည် သခင်ယေရှုခရစ်၌ ကိုယ်ခန္ဓာအားဖြင့် ပြည့်စုံစွာ ကိုယ်ထင်ရှားသည်။
၄။ တစ်နည်းအားဖြင့်ဆိုသော်၊ သခင်ခရစ်တော်သည် –
က။ ဘုရားသခင်၏ပုံဏ္ဌာန်တော် ဖြစ်သည် (ဟေဗြဲ ၁း၃)။
ခ။ ဘုရားသခင်၏သဏ္ဌာန်တော်နှင့်ပြည့်စုံသည် (ဖိလိ ၂း၆)။
ဂ။ ဧမာနွေလ “ငါတို့နှင့်အတူရှိသောဘုရားသခင်” ဖြစ်သည် (မဿဲ ၁း၂၃)။
၅။ ထို့ကြောင့်၊
က။ သခင်ခရစ်တော်သည် “အထွတ်အမြတ်အာဏာစက်ရှိ သမျှ တို့ကို အုပ်စိုး” သည်။
ခ။ ယုံကြည်သူအပေါင်းတို့သည် “ထိုသခင်၌စုံလင်” လျက်ရှိ ကြသည်။

 

To Contact : [email protected]