Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၈)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၈)

 

အတုယူထိုက်သော အမှုတော်ဆောင်များ (၃)
ငါချစ်သော ဆေးသမား လုကာနှင့် ဒေမသည် သင်တို့ကို နှုတ်ဆက်ကြ၏။ လောဒိကိမြို့၌ ရှိသော ညီအစ်ကိုတို့ကို ၎င်း၊ နုံဖမှစ၍ သူ၏အိမ်၌ ရှိသော အသင်းတော်ကို၎င်း နှုတ်ဆက်ကြလော့။

(ကော ၄း၁၄-၁၅)

 

ငါချစ်သော ဆေးသမား လုကာ
၁။ ရှင်လုကာခရစ်ဝင်ကျမ်းနှင့် တမန်တော်ဝတ္ထုစာအုပ်များကို ရေးသားသော သူဖြစ်သည်။
၂။ သူသည် သာသနာလုပ်ငန်း၌ ပေါလုနောက်ကို လိုက်ခဲ့သည်။
၃။ ထို့ကြောင့် ပေါလုချစ်သော ဆေးသမား (သမားတော်) ဟု ဆိုရခြင်း ဖြစ်သည်။
၄။ ရောမထောင်၌ ပေါလု ရှိနေစဉ်၌လည်း ခရစ်ဝင်ကျမ်းနှင့် တမန်တော်များ၏ လုပ်ဆောင်ချက်များကို စုစည်းနိုင်ရန် ပေါလု ထံသို့ မကြာခဏ အလည်အပတ်သွားခဲ့သည်။
၅။ လုကာကိုယ်တိုင်ကလည်း ကောလောသဲအသင်းဝင်များကို နှုတ်ဆက်ကြောင်း ပေါလု ဖော်ပြပေးသည်။

 

ဒေမ
၁။ ဒေမသည် ပေါလု ရင်းနှီးသော သူတစ်ဦး ဖြစ်သည်။
၂။ ဒေမသည် ပေါလုထံမှ စွန့်ခွာသွားခဲ့သည် (၂ တိ ၄း၁၀)။
၃။ ဒေမကဲ့သို့ရရှိထားသော အခွင့်ထူးများကို ဆုံးရှုံးသွားနိုင်သည်။

က။ ယုံကြည်ခြင်း၌ တည်ကြည်ခြင်း မရှိသောအခါ၊
ခ။ အသက်တာနှင့် အမှုတော်မြတ်တို့၌ ရင့်ကျက်ခြင်း မရှိသော အခါ။

၄။ ဒေမကဲ့သို့ မဖြစ်မိကြရန် လုံးဝဥဿုံ သတိထားကြစို့။

 

လောဒိကိမြို့၌ ရှိသော ညီအစ်ကိုတို့ကို …
၁။ လောဒိကိမြို့၌ ယုံကြည်သူများ ရှိကြသည်။
၂။ ထိုမြို့ရှိ ခရစ်ယာန်များကို ပေါလုသည် ညီအစ်ကိုတို့ ဟု သတ်မှတ်ခေါ်ဝေါ်သည်။
၃။ ကောလောသဲယုံကြည်သူများသည် လောဒိကိမြို့၌ ရှိသော ယုံကြည်သူများကို နှုတ်ဆက်ကြရန် ဖြစ်သည်။
၄။ သူတို့ ခံယူသည်အတိုင်း သူတစ်ပါးအပေါ် ပြုကြရန် ဖြစ်သည်။

 

နုံဖမှစ၍ သူ၏အိမ်၌ ရှိသော အသင်းတော်
၁။ နုံဖ၌ မိသားစု ရှိသည်။
၂။ သူသည် လောဒိကိမြို့၌ ရှိသည်။
၃။ သူ၏နေအိမ်သည် ဘုရားရှိခိုးရာ အသင်းတော်အဖြစ် အသုံး ပြုကြသည် ဟုခံယူနိုင်သည်။
၄။ ထိုအိမ်၌စုစည်းလေ့ရှိသော ယုံကြည်သူတို့သည် “အသင်းတော်” ဖြစ်လာကြသည်။
၅။ ကနဦးခေတ်၌ အသင်းတော်၏ အဆောက်အအုံ ဟူ၍ မရှိ၊လူနေအိမ်၌ ဘုရားရှိခိုးတတ်ကြသည်။
၆။ ကောလောသဲယုံကြည်သူတို့သည် နုံဖမှစ၍ သူ့အိမ်၌ ရှိကြသော အသင်းတော်ကို နှုတ်ဆက်ကြရမည် ဖြစ်သည်။

 

ဆင်ခြင်ချက်များ
၁။ ဧပဖြ၊ လုကာနှင့် ဒေမ တို့သည် ယုဒလူမျိုးများ မဟုတ်ကြပါ။ သူတို့သည် တစ်ပါးအမျိုးသားများ ဖြစ်ကြပါသည်။
၂။ “အစကောင်းမှ အနှောင်းသေချာ” ဟုဆိုကြသော်လည်း ဒေမ သည် အဆုံးထိတိုင် သစ္စာ မရှိနိုင်သောကြောင့်၊ အဆုံးမလှဘဲ နိဂုံးချုပ်ခဲ့ရသည်။
၃။ နုံဖသည် မိမိနေအိမ်ကို အများ ဘုရားရှိခိုးရာအဖြစ် အသုံးပြုသကဲ့သို့၊ ကျွန်တော်တို့သည်လည်း မိမိပိုင်ဆိုင်သော အရာများကို သူတစ်ပါးအတွက် မျှဝေနိုင်ကြပါစေ။
၄။ ရှင်ပေါလုကဲ့သို့ မိမိနှင့် လုပ်ဖော်ကိုင်ဖက်များကို ချစ်မြတ်နိုးတတ်လာအောင်အပတ်တကုတ် အားထုတ်ကြပါစို့။

To Contact : [email protected]