Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၇)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၇)

 

အတုယူထိုက်သော အမှုဆောင်များ (၂)
သင်တို့ အထဲကဖြစ်သော ခရစ်တော်၏ ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဘို့ ကာလ အစဉ် ကြိုးစား၍ ဆုတောင်းတတ်၏။ သင်တို့မှ စ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့အဘို့ သူသည် အလွန်စေတနာ စိတ်အားကြီးသည်ဟု ငါသည် သူ၏သက်သေဖြစ်၏ (ကော ၄း၁၂-၁၃)

 

သင်တို့ အထဲကဖြစ်သော … ဧပဖြ

၁။ ဧပဖြသည် ကောလောသဲအသင်းတော်မှ ဖြစ်သည် (ကော ၁း၈)။
၂။ ထို့ကြောင့် “သင်တို့ အထဲက ဖြစ်သော” သူဟု ဆိုရခြင်း ဖြစ်သည်။
၃။ သူသည် ခရစ်တော်၏ ကျွန် ဖြစ်သည်။

က။ ခရစ်တော်၏ အစေကို ခံသောသူ –
ခ။ ကောလောသဲယုံကြည်သူများ ““အဖို့နှင့် အတူ”” ““ကိုယ်စား” ဘုရား၏အမှုကို ဆောင်သောသူ

၄။ ဧပဖြသည်လည်း ကောလောသဲအသင်းဝင်များကို ပေါလုစာမှ တစ်ဆင့် နှုတ်ဆက်လိုက်သည်။

 

သင်တို့သည် စုံလင်လျက် …

၁။ “စုံလင်”ခြင်းသည် အသက်တာ ရင့်ကျက်ခြင်းကို ဆိုလိုသည်။
၂။ ကောလောသဲယုံကြည်သူများသည် –

က။ ယုံကြည်ခြင်း၌ လည်းကောင်း၊
ခ။ အသက်တာ၌ လည်းကောင်း၊
ဂ။ အမှုတော်မြတ်၌ လည်းကောင်း ရင့်ကျက်သွားကြရန် ဖြစ် သည်။

 

ဘုရားသခင်၏အလိုတော်ကို … လေ့ကျက်လျက်တည်ကြည်မည် အကြောင်း

၁။ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင်သိခြင်းသည် မရှိမဖြစ် လိုအပ်သည်။
၂။ ပို၍ အရေးကြီးသည်ကား ဘုရားသခင်၏ အလိုတော်အတိုင်း ကျင်လည်ခြင်း ဖြစ်သည်။
၃။ ဘုရားသခင်၏ အလိုတော်၌ အဘယ်သို့ ကျင်လည် နိုင်ကြမည်နည်း။

က။ သိထားသော ဘုရားသခင်၏ အလိုတော်ကို နှလုံးသွင်းပါ။
ခ။ ထို အလိုတော်ကို လက်တွေ့ဖော်ဆောင်ပါ။
ဂ။ သို့မှသာ ထိုဘုရားသခင်၏ အလိုတော်၌ ကျင်လည်နိုင် မည် ဖြစ်သည်။

၄။ ကျွန်ုပ်တော်တို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်လေ့ကျက်ခြင်းဖြင့်-

က။ ယုံကြည်ခြင်း၌ တည်ကြည်ခြင်း၊
ခ။ အသက်တာနှင့်အမှုတော်တို့၌ တည်ကြည်ခြင်း သို့ရောက ကြရသည်။

 

သင်တို့အဘို့ …

၁။ ကောလောသဲယုံကြည်သူများသည် အလိုတော်ကို သိ၊ အလိုတော်ကို လေ့ကျက်ကာ၊ ယုံကြည်ခြင်း၊ အသက်တာနှင့် အမှုတော်တို့၌ တည်ကြည်ကြရန်နှင့် ရင့်ကျက်ကြရန်၊ ဧပဖြ ဆု တောင်းသည်။
၂။ ကာလအစဉ် ဆုတောင်းပေးသည်။
၃။ ကြိုးစား၍ ဆုတောင်းသည်။

 

သင်တို့မှ စ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့ အဘို့…

၁။ ဧပဖြသည် ကောလောသဲ ယုံကြည်သူများ အတွက်သာ ဆုတောင်းသည် မဟုတ်။
၂။ လောဒိကိ နှင့် ဟေရပေါလိ မြို့၌ရှိသော ယုံကြည်သူများ အတွက်ပါ ဆုတောင်းသည်။
၃။ ဆုတောင်းသောအချက်မှာ ရင့်ကျက်လာကြရန်နှင့် တည်ကြည်လာကြရန် ဖြစ်သည်။
၄။ မည်သို့ ဆုတောင်းသနည်း။

က။ အစဉ်အမြဲ ဆုတောင်းသည်။
ခ။ ကြိုးစား၍ ဆုတောင်းသည်။
ဂ။ စေတနာစိတ်နှင့် ဆုတောင်းသည်။
ဃ။စိတ်အားထက်သန်စွာ ဆုတောင်းသည်။
င။ ရှင်ပေါလုကိုယ်တိုင် “ရိပ်မိ၍ သက်သေခံဝံ့သည်အထိ” ဆုတောင်းသည်။

To Contact : [email protected]