Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၆)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၆)

 

အတုယူထိုက်သော အမှုဆောင်များ (၁)
ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု၊ ဗာနဗ၏ တူမာကု၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက် သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လျှင် လက်ခံကြလော့။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင် ဤသူတို့သာ ဘုရားသခင်၏နိုင်ငံတော်အဘို့ ငါနှင့်အတူ အမှု ဆောင်ရွက် သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။ (ကော ၄း၁၀-၁၂)

 

အာရိတ္တာခု၊ မာကု၊ ယုတ္တုဟု ခေါ်ဝေါ်သော ယေရှု

၁။ ငါနှင့်အတူ အကျဉ်းခံရသော-

က။ ဤသူတို့သည် ပေါလုနှင့်အတူ ခရီးသွားခဲ့၍ (တမန် ၁၉း၂၉၊ ၂၀း၄)၊ ရောမထောင်၌ အကျဉ်းခံရကြသည် (တမန် ၂ရး၂)။
ခ။ သူတို့သည်လည်းကောလောသဲယုံကြည်သူများအကြောင်းကို သိနေကြသည်။

(၁) ဧပဖြ အားဖြင့်လည်းကောင်း (ကော ၁း၈)၊
(၂) သြနေသိမ်အားဖြင့်လည်းကောင်း (ကော ၄း၉)။

ဂ။ ထို့ကြောင့် သူတို့ကလည်း ကောလောသဲယုံကြည်သူများအတွက် ဆုတောင်းခြင်း၌ပါဝင်ကြမည် ဖြစ်သည်။

၂။ သင်တို့ကို နှုတ်ဆက်ကြ၏

က။ သူတို့သည် ဤစာရေးနေချိန်၌ ပေါလုအနားမှာ ရှိနေနိုင်သည်။
ခ။ ပေါလုနှင့်အတူ ဒုက္ခခံကြသည်သာ မက၊ အထူးသဖြင့် ပေါလုနှင့်အတူ ကောလောသဲယုံကြည်သူများကို စိတ်စေတနာအပြည့်နှင့် ပေါင်းဖော်ကြသည်။
ဂ။ ထို့ကြောင့် ကောလောသဲအသင်းတော်အတွက် သူတို့၏ နှုတ်ဆက်ခြင်းသည် လွန်စွာမှနှစ်လိုဖွယ် ဖြစ်သည်။
ဃ။ ပေါလုသည်လည်း သူတို့၏ နာမည်ကို ထည့်သွင်းဖော်ပြခြင်းဖြင့် သူတို့ကို မိမိ၏ လုပ်ဖော်ကိုင်ဖက်အဖြစ် အသိ အမှတ်ပြု ဂုဏ်ပြုရခြင်း ဖြစ်သည်။

 

မာကုကို လက်ခံကြလော့

၁။ ပေါလုနှင့် ဗာနဗတို့သည် မာကုကြောင့် လမ်းခွဲခဲ့ကြသည် (တမန် ၁၅း၃၆-၄၁)။
၂။ ယခုချိန်တွင် မာကုသည် ပေါလုအနား၌၊ ပေါလုနှင့်အတူ အမှုတော်ဆောင်သည် (ယှဉ်၊ ၂တိ၄း၁၁)။
၃။ မာကုကို အဘယ်သူမျှ အထင်မလွဲမိစေရန် ပေါလုကစာ ရေးမှာ လိုက်သည်။
၄။ ကောလောသဲ ယုံကြည်သူတို့သည်လည်း ပေါလုကဲ့သို့ မာကုကို လက်ခံကြရမည်။

 

အရေဖျားလှီးခြင်းကို ခံသောသူတို့တွင် …
၁။ ယုဒလူမျိုးကို ရည်ညွှန်းသည်။
၂။ ယုဒဘာသာအရ လူယောကျ်ားတိုင်းသည် အရေဖျားလှီးခြင်းကို ခံကြရသည်။
၃။ ထို “ယုဒလူမျိုးများအတွင်း အမှုတော်”၌ အထက်ဖော်ပြထား သော သုံးဦးတို့ ပါဝင်ကြသည်။

က။ ပေါလု၏ လုပ်ဖော်ကိုင်ဖက်များထဲမှ “ဤသုံးဦးသာ” ပါဝင်ကြသည်။
ခ။ ဤသုံးဦးသည် “ဘုရားသခင်၏နိုင်ငံတော်အတွက်” ဟုဆို ကာပါဝင်ကြသည်။

၄။ တစ်နည်းအားဖြင့်ဆိုသော်၊ သူတို့သည် “ယုဒလူမျိုးအတွင်းအမှုတော်”နှင့် စပ်လျဉ်း၍ ပေါလုကို အထောက်အမ ပြုကြသည်။
၅။ ထို့ကြောင့်သူတို့အားဖြင့် ပေါလုသည်လည်း စိတ်သက်သာခြင်းရှိသည်။

 

ဆင်ခြင်ရန် နှင့် စိန်ခေါ်ချက်များ

၁။ မာကုကဲ့သို့ မိမိကြောင့် ခေါင်းဆောင်အချင်းချင်းတို့ သဘောမတူလမ်းခွဲခဲ့ကြသော်လည်း ထိုခေါင်းဆောင်များနှင့်ပြန်လည်သင့်မြတ်ရန် ကြိုးစားအားထုတ်ရမည်။
၂။ ပေါလုကဲ့သို့ငယ်သားတစ်ဦးဦးကြောင့်မိတ်ဆွေ၊ သူငယ်ချင်း၊ အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် သဘောကွဲလွဲမှု ရှိခဲ့သော်လည်း ပြန်လည်သင့်မြတ်ကာ၊ မိမိနှင့်ဆက်ဆံသော သူကို ကျောသားရင်သား မခွဲခြားဘဲ ပြန်လည်လက်ခံနိုင်ရမည်။
၃။ အာရိတ္တာခု၊ မာကုနှင့် ယုတ္တုခေါ်ယေရှု တို့ကဲ့သို့ မိမိတို့အားသာသောအမှု၌ မိမိတို့ခေါင်းဆောင်နှင့်အတူ (ထိုခေါင်းဆောင်၏) အထောက်အမအဖြစ် ပါဝင်ဆက်ကပ်နိုင်ရမည်။
၄။ ပေါလုကဲ့သို့ မိမိနှင့်လက်တွဲ အမှုဆောင်များကို အချိန်အခါ သင့်တိုင်း ဂုဏ်ပြုတတ်ရမည်။

 

To Contact : [email protected]