Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၄)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၄)

 

ချိုသော စကား

လူအသီးသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆား အားဖြင့် ငန်သော အရသာနှင့်ပြည့်စုံလျက်၊ အစဉ် မပြတ် တင့်တယ်လျောက်ပတ်ပါစေ(ကော ၄း၆)။

 

လူအသီးသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း

၁။ လူသည် စကားပြောခြင်းကို ရှောင်၍မရပါ။
၂။ လူအချင်းချင်းတို့သည် အပြန်အလှန် စကားပြောကြရသည်။
၃။ အဘယ်သို့ တုံ့ပြန်သင့်သည်ကို လူအများစု မသိကြချေ။

က။ မသင့်လျော်သော အချိန်၌ ဟုတ်မှန်သော စကားကို ပြောဆိုခြင်း။
ခ။ မသင့်မြတ်သော အမူအရာဖြင့် မှန်သော စကားကို ဆိုခြင်း။

၄။ ဟုတ်မှန်သောစကားကို အသင့်လျော်ဆုံးအချိန်၊ အသင့် လျော် ဆုံးနည်းနှင့် ပြန်ပြောတတ်ရမည်။
လျောက်ပတ်သော စကားသည် ငွေအပြောက်မှာ စီချယ် သော ရွှေရှောက်ချိုသီးနှင့်တူ၏ (သုတ္တံကျမ်း ၂၅း၁၁)

 

လျောက်ပတ်သော စကား

၁။ မှန်ကန်သော စကား၊
၂။ သစ္စာ စကား၊
၃။ နားဝင်ချိုုသော စကား၊
၄။ သင့်တော်သော အချိန်နှင့် ချိုသာသော အသံဖြင့် ပြောသောစကား။

 

ငွေအပြောက်မှာစီခြယ်သောရွှေရှောက်ချိုသီး
၁။ ရွှေနှင့်ငွေ သည် အလှတန်ဆာများ ဖြစ်ကြသည်။
၂။ ရွှေနှင့်ငွေ သည် တန်ဖိုးရှိသောတန်ဖိုးကြီးသောအရာများ ဖြစ်ကြသည်။
၃။ တန်ဖိုးကြီးသော အလှတန်ဆာများ အလှဆင်ထားခြင်းအမှုကို “ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီး” ဟု တင်စားထားသည်။
၄။ မှန်သော သစ္စာ စကားများကို လျောက်ပတ်စွာ ပြောဆိုခြင်းသည် “ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီး”နှင့် တူ၏။
၅။ အလွန်နှစ်သက်စရာ ကောင်း၍ နားဝင်ချိုမည် ဖြစ်သည်။
၆။ မြန်မာတို့ဆိုရိုးစကား “စကားဆိုထွေ သူလိုစေ” နှင့်အတူတူပင် ဖြစ်သည်ဟု ဆိုရပေမည်။

 

သင်တို့စကားသည် ဆားအားဖြင့် ငန်သော အရသာနှင့် ပြည့်စုံလျက်၊

၁။ ချိုသော စကားကို ဆားအားဖြင့် ငန်သော အရသာနှင့် ခိုင်း နှိုင်းထားသည်။
၂။ ဆားပါဝင်သော အစားအစာသည် စား၍ကောင်း၏။ အရသာလည်း ရှိ၏။
၃။ ကျွန်ုပ်တို့ ပြောသော စကားများသည်လည်း ဆားထည့်၍ အရသာရှိသော အစားအစာကဲ့သို့ ဖြစ်ရမည်။

က။ အများတကာအတွက် ပျားသကာကဲ့သို့ ချိုမြိန်ရမည်။
ခ။ ကြားနာသူတို့အတွက် အဓိပ်္ပာယ်ရှိ နေရမည်။

၄။ မိမိတို့ ပြောထွက်လိုက်သော စကားများသည် နားထောင်ကောင်း၍၊ အသက်ဝိညာဉ်အတွက် အာဟာရ ဖြစ်စေသောစကားများ ဖြစ်ကြရမည်။

 

အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ

၁။ မိမိပြောသော စကားများကို

က။ အငန်ဓာတ် (အရသာ) မပျက်အောင် ထိန်းသိမ်းထားရမည်။
ခ။ အဓိပ္ပာယ် (အာဟာရ) လည်း မပေါ့ပျက်စေရန် စောင့်ရှောက်ရမည်။

၂။ မိမိနှုတ်ထွက်စကားများသည် သစ္စာနှင့်ပြည့်စုံရမည်။
၃။ သို့သော် ကျွန်ုပ်တို့သည် ထိုစကားများကို –

က။ မေတ္တာနှင့် ပြောဆိုရမည် (ဧဖက် ၄း၁၅)။
ခ။ အစဉ်မပြတ် တင့်တယ်လျောက်ပတ်စွာ ပြောဆိုရမည်။

To Contact : [email protected]