Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၃)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၃)

 

ပညာနှင့်ကျင့်ဆောင်ခြင်း

ပြင်ပလူတို့၏ မျက်နှာကို ထောက်လျက်၊ ပညာနှင့် ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့ (ကော ၄း၅)

 

ပြင်ပလူတို့၏မျက်နှာ …

၁။ မယုံကြည်သူများကို ရည်ညွှန်းသည်။
၂။ အဘယ်ကြောင့် မယုံကြည်သူတို့၏ မျက်နှာကို ထောက်ရ မည်နည်း။
၃။ အကြောင်းရင်းမှာ-

က။ ကောလောသဲယုံကြည်သူတို့၏ အခြေအနေနှင့်အချိန်အခါ၊ ပြင်ပလူတို့သည် ခရစ်ယာန်များကို မယုံသင်္ကာ ဖြစ်နေခဲ့ကြသည်။ ဘုရားမဲ့သောသူများ၊ မောင်နှမအချင်းချင်း ချစ်ကြိုက်သောသူများ၊ ခိုးကြောင်ခိုးဝှက် လူသားစားသူများ၊ မျိုးချစ်စိတ်မရှိသောသူများ၊ စသည်ဖြင့် ထင်မှတ်ခဲ့ကြသည်။
ခ။ ကျွန်ုပ်တို့၏ အခြေအနေနှင့်အချိန်အခါ ။
လွန်ခဲ့သောအချိန်ကမြန်မာပြည်၌ပင်လျှင်ခရစ်ယာန်များကိုနယ်ချဲ့ ကိုလိုနီကိုအားပေးထောက်ခံသူများ၊ နိုင်ငံနှင့် လူမျိုးကို သစ္စာမခံသောသူများ၊ တိုင်းတစ်ပါးသား တို့၏ ယဉ်ကျေးမှုကို လိုလားသူများ၊ စသည်ဖြင့် စွပ်စွဲခဲ့ကြသည်။
ဂ။ ပြင်ပလူတို့ အပြစ်ပြောစရာမဖြစ်စေသော အသက်ရှင် ခြင်းဖြင့် ကျွနု်ပ်တို့သည် လောက၌ ခရစ်တော်၏သက်သေများဖြစ်ကြရမည်။

 

ပညာနှင့်ကျင့်ဆောင်

၁။ ပညာဘဏ္ဍာသည် ခရစ်တော်၌သာ ရှိသည် (ကော ၂း၃)။
၂။ ဘုရားသခင်နှင့် ခရစ်တော်ကို နားလည်ခြင်းသည် ပညာဖြစ်သည် (ကော ၂း၂)။
၃။ ထို့ကြောင့် ဘုရားသခင်သည် ပညာကို –

က။ နှုတ်ကပတ်တော်နှင့်
ခ။ ခရစ်တော်(အသက်တာနှင့်သွန်သင်ခြင်း)၌ပေး ထားသည်။

၄။ ထိုပညာနှင့်အညီ အသက်ရှင်ရမည် ဖြစ်သည်။ ဤကဲ့သို့ ပညာနှင့် မိမိ၏ အသက်တာကို ထိန်းကျောင်း၊ စီမံ၊ အသက်ရှင်မှသာလျှင် ပြင်ပလူတို့၏ အပြစ်တင်ခွင့်နှင့် ကင်းနိုင်ကြမည် ဖြစ်သည်။

 

ကာလအချိန်ကို …

၁။ ဂရိဘာသာစကား၌ အချိန်နှင့်ပတ်သက်သော စကားလုံး နှစ်လုံးရှိသည်။

က။ ဂရောနော့စ် (chronos) – ၁-၂-၃ အစဉ်လိုက်သွားသော အချိန်ကို ရည်ညွှန်းသည်။
ခ။ ခါရော့စ် (Kairos) – တစ်ခါ၊ နှစ်ခါ၊ ဖြင့်မိမိတို့ဆီ ရောက်လာသော အခွင့်အခါကို ရည်ညွှန်းသည်။

၂။ “ကာလအချိန်”ဟု ဆိုရာ၌ ရှင်ပေါလုသည် “ခါရော့စ်” စကားလုံးကို သုံးသည်။
၃။ အခွင့်ကောင်း၊ အခါကောင်း ကိုဆိုလိုသည်။
၄။ ခရစ်ယာန်တို့သည် အခွင့်ကောင်း၊ အခါကောင်း ကို အမိအရဖမ်းပြီး-

က။ ပြင်ပလူတို့ အပြစ်ပြောစရာမရှိသော အသက်တာဖြင့် သက်သေထူ ပြရမည်။
ခ။ ပြင်ပလူတို့ရှေ့၌ ခရစ်တော်၏နည်းဥပဒေကို ကျင့်ဆောင်ကြရမည်။

၅။ “ဂရောနော့စ်”ခေါ် အချိန်နာရီကို တန်ဖိုးထားတတ်မှ “ခါရော့စ်” ခေါ် အခွင့်အခါကောင်းကို အဖိုးအခပေး၍ အမိအရ ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။

 

ရွေးနှုတ်ခြင်း

၁။ ရွေးနှုတ်ခြင်းဆိုသည်မှာ အဖိုးအခပေး၍ ရယူခြင်းဖြစ်သည်။
၂။ အခွင့်အခါကောင်းများကို ရယူလိုလျှင် ထိုက်သင့်သော အဖိုးအခများပေးရမည်။
၃။ တချို့သော အဖိုးအခများမှာ-

က။ အချိန်နာရီ
ခ။ ချွေး သွေးနှင့်
ဂ။ မိမိဆန္ဒကို ငြင်းပယ်မှု။

အခါသမာယကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး ဘုရားသခင် စီမံပေးသနားတော်မူသော ပညာနှင့် ပြင်ပလူတို့ရှေ့၌ အသက်ရှင်နိုင်ရန် ကြိုးစားကြစို့။

To Contact : [email protected]