Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၂)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၂)

ဆုတောင်းခြင်း
ဆုတောင်းပဌနာပြုခြင်းအမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။
ငါသည် ခရစ်တော်၏ နက်နဲသော အရာကြောင့် အချည် အနှောင်ခံရသည် ဖြစ်၍၊ ထိုနက်နဲသော အရာကို ဟောပြော ခြင်းငှါ၊ ဘုရားသခင်သည် တရားဟောရာ တံခါးကို ငါတို့အား ဖွင့်တော်မူမည် အကြောင်းကို၎င်း၊ ထိုနက်နဲသော အရာကို ဟောပြောအပ်သည်နှင့်အညီ ငါဘော်ပြမည် အကြောင်းကို ၎င်း၊ ငါတို့အဘို့လည်း ဆုတောင်းကြလော့။(ကော ၄း၂-၄)

 

၁။ “ဆုတောင်းပဌနာပြုခြင်းအမှုကို အမြဲပြု၍”

က။ ယုံကြည်သူတိုင်း –

(၁) ကောင်းကင်ဘုံရှိ ခမည်းတော်ထံသို့ ဆုတောင်းကြရမည် (မဿဲ ၆း၉)။
(၂) ကောင်းကင်ဘုံရှိ သခင်ထံသို့ ဆုတောင်းကြရမည် (ကော ၄း၁)။

ခ။ ဆုတောင်းပဌနာကို အမြဲပြု၍ အသက်ရှင်ရမည် (လုကာ ၁၈း၁-၂)။

၂။ “ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့”

က။ ကျေးဇူးတော်ကို ဘုရားသခင်ထံမှ ခံစားကြသည်။
ခ။ ထိုကျေးဇူးတော်ကို ချီးမွမ်းလျက် –

(၁) ဆက်လက် ဆုတောင်းရမည်။
(၂) အလိုအလျောက် ဆုတောင်းရမည်။
(၃) သတိဝီရိယရှိရှိ ဆုတောင်းရမည် (စောင့်ရှောက်ကြလော့)။

၃။ ဆုတောင်းအပ်သော အရာများ

က။ ဘုရားသခင်သည် တရားဟောရာ တံခါးကို ဖွင့်ပေး တော်မူရန်၊
ခ။ ခရစ်တော်၏နက်နဲသောအရာကို ဟောသင့်သည်အတိုင်း ဟောပြောနိုင်ရန်။

၄။ “ငါတို့ အဘို့လည်း ဆုတောင်းကြလော့”

က။ ရှင်ပေါလု
ရှင်ပေါလုသည် သူ့အတွက်သာ မဟုတ်ဘဲ၊ သူ၏ လုပ်ဖော် ဆောင်ဖက်များအတွက်ပါ ဆုတောင်းခံသည်။ သူနှင့်အတူ အမှုတော်ဆောင်နေသာသူများအတွက် ဆုတောင်းပေးကြရန်(ကောလောသဲယုံကြည်သူများအား) တိုက်တွန်း ခဲ့သည်။

ခ။ ကောလောသဲယုံကြည်သူများ
သူတို့သည် ရှင်ပေါလုနှင့် လုပ်ဖော်ဆောင်ဖက်များအတွက် ဆုတောင်းပေးရသော အခွင့်ကို ရရှိကြသည်။ ဘာကြောင့်၊ အဘယ်သို့ ဆုတောင်းရမည်ကိုလည်း ရှင်ပေါလုကိုယ်တိုင် သွန်သင်ထားသည်။ အမှန်ပင် သူတစ်ပါးအတွက်(အထူးသဖြင့် အမှုတော်ဆောင်များ အတွက်) ဆုတောင်းကြရမည်ဖြစ်သည်။

၅။ ခရစ်တော်၏ နက်နဲသော အရာ

က။ ထိုနက်နဲသော အရာကြောင့် တမန်တော်ပေါလု အချုပ်နှောင်ခံရသည်။
ခ။ ထိုနက်နဲသောအရာသည် ခရစ်တော်၏အကြောင်း (ဝါ) ခရစ်တော်နှင့် သက်ဆိုင်သည်။
ဂ။ ထိုနက်နဲသောအရာသည်လည်း ဟောကြားအပ်သောအရာ ဖြစ်သည်။
ဃ။ ထိုနက်နဲသောအရာကို “ဟောပြောအပ်သည်အတိုင်း”သာဟောကြားရမည်။
င။ ဘုရားသခင်အခွင့်ပေးမှသာ ထိုနက်နဲသောအရာကို ဟောနိုင်မည် ဖြစ်သည်။

၆။ “ဘော်ပြ”

က။ ဂရိ (phaneroso) ဖာနီရိုဆို“ဘော်ပြ”သည် ရှင်းလင်း၊ သိသာ၊ ပေါ်လွင် အောင်ပြသခြင်းကို ဆိုလိုသည်။
ခ။ ထို့ကြောင့်တရားဟောပြောခြင်းအမှန်သည် “ရှင်းလင်းစွာပြသခြင်း” ပင်ဖြစ်သည်။

To Contact : [email protected]