Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၁)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၁)

 

အလုပ်ရှင်တို့၏ ဝတ္တရား
သခင်တို့၊ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ သည်ကိုသိမှတ်၍၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း တရား နှင့်အညီ ကိုယ်ကျွန်တို့ကို ပြုကြလော့။ (ကော ၄း၁)

 

၁။ “သခင်တို့”

က။ ကောလောသဲအသင်းတော်ရှိ အလုပ်ရှင်များကို ရည်ညွှန်းသည်။
ခ။ ခရစ်ယာန်အလုပ်ရှင်များ (Christian bosses)များ ဟုဆိုရပေမည်။
ဂ။ သူတို့သည်လည်း ခရစ်တော်နှင့်ထိုက်တန်သော တာဝန်ဝတ္တရားများ ဆောင်ရွက်ရမည်။
ဃ။ တစ်နည်းအားဖြင့်ဆိုသော်၊ သူတို့သည်လည်း သခင်ခရစ်တော်၌ ကျင်လည်ကြရမည်။

 

၂။ မိမိတို့၏ အစေခံ အလုပ်သမားများကို အဘယ်သို့ ဆက်ဆံရ မည်နည်း။

က။ ဖြောင့်မတ်ခြင်းတရားနှင့်အညီ –

(၁) သမ္မာကျမ်းစာ သွန်သင်ချက်များအတိုင်း ဆက်ဆံရမည်။
(၂) ဘုရားသခင်လက်ခံသော လူမှုရေး စံနှုန်းအတိုင်းဆက်ဆံရမည်။

ခ။ တရားမျှတခြင်းတရားနှင့်အညီ –

(၁) မျှတစွာ ခွဲဝေ၍ ဆက်ဆံရမည်။
(၂) တရားသောလမ်းစဉ်အတိုင်း ဆက်ဆံရမည်။
(၃) တရားမျှတခြင်းကို ဖော်ဆောင်သော ဆက်ဆံမှု ဖြစ်ရမည်။

 

၃။ “ကိုယ်ကျွန်တို့ကို ပြုကြလော့”

က။ “ကိုယ်ကျွန်တို့” ၏ဆိုလိုချက်မှာ-

(၁) ဘုရားသခင်သည် လောကီသခင်တို့ လက်ထဲသို့အစေခံကျွန်များကို အပ်နှံထားသည်။
(၂) အလုပ်ရှင်များသည် သူတို့၏ အလုပ်သမားများအရေးကိစ္စအတွက် တာဝန်ရှိကြသည်။

ခ။ အလုပ်ရှင်များသည်ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို အလုပ်သမားများ လက်တွေ့ရရှိခံစားလာသည်အထိ မိမိတို့ကိုယ်တိုင်က ပေးရမည်။

 

၄။ “သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို သိမှတ်၍”

က။ အဘယ်သို့ ဖြောင့်မတ်စွာ၊ တရားမျှတစွာ ကျွန်တို့အပေါ် ပြုနိုင်မည်နည်း။

(၁) အလုပ်ရှင်ဖြစ်စေ၊ အလုပ်သမားဖြစ်စေ၊ မိမိတို့ အားလုံးနှင့် ဆိုင်သော“ဘုံသခင်” ရှိသည်ကို သိမှတ်ရမည်။
(၂) အားလုံးတို့၏ သခင် -ကယ်တင်ရှင်ယေရှု ရှိတော်မူ သည်ကို အောက်မေ့ကြရမည်။

ခ။ ထိုသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို သိမှတ်ရမည်။

(၁) ကောင်းကင်ဘုံမှ အုပ်စိုးသော သခင်။
(၂) လူတို့၏ မျက်နှာကို မထောက်သော သခင် (ကော ၃း၂၅)။
(၃) မိမိတို့ ပြုသည့်အတိုင်း တရားစီရင်မည့် သခင် (ကော ၃း၂၄-၂၅)။

 

၅။ အခြား သိမှတ်အပ်သော အရာများ (အလုပ်ရှင်များ အနေဖြင့်)

က။ သခင်အခွင့်ပေးသောကြောင့်သာ အလုပ်ရှင်များ ဖြစ်ကြ ရသည် (တရား ၈း၁၈)။
ခ။ မိမိအပေါ်မှာ သူတစ်ပါးအား ပြုစေလိုသည့်အတိုင်း သူတစ်ပါးအပေါ်၌ ပြုကြရမည် (မဿဲ ရး၁၂)။
ဂ။ ဘုရားသခင်ကို အမှန်ချစ်သောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည် (မဿဲ ၂၂း၃၇- ၃၉)။ အလုပ်ရှင်များ အတွက်၊ မိမိလက်အောက်ရှိ အလုပ်သမားများသည် “ကိုယ်နှင့်စပ်ဆိုင်သောသူများ” ဖြစ်ကြသည်။
ဃ။ အနည်းငယ်သောအရာ၌ သစ္စာရှိသောသူသည် များစွာသောအရာတို့ကိုအပ်နှံခြင်းခံရကြသည်(လုကာ ၁၉း၁၇)။

 

၆။ အလုပ်ရှင်နှင့် အလုပ်သမား အချင်းချင်း ဆက်ဆံရေးသည်

က။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း၌ အခြေခံထားသည်။
ခ။ သခင်ခရစ်တော်ကို ဘုံသခင်အဖြစ် သိမှတ်ခြင်း၌ အမြစ်တွယ်သည်။
ဂ။ သမ္မာကျမ်းစာ၏ သွန်သင်ချက်များကို စံနှုန်းအဖြစ်လက်ခံ ကျင့်သုံးခြင်းဖြင့် ရှင်သန်သည်။

 

To Contact : [email protected]