Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၀)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၀)

 

လက်အောက်ခံ အလုပ်သမား (၂)
သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည် ဖြစ်၍၊ အမွေတော် တည်းဟူသော အကျိုးကို၊ ထိုသခင် ဘုရား၏ လက်တော်မှ ခံရလိမ့်မည် ဟု သိမှတ်ကြလော့။ မတရား သော အမှုကို ပြုသောသူမည်သည်ကား၊ မိမိပြုသော အမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူ။ (ကော ၃း၂၄-၂၅)

 

၁။ “သင်တို့သည်”
က။ အစေခံကျွန်များကို ရည်ညွှန်းသည် (ကော ၃း၂၂)။
ခ။ ယနေ့ခေတ်၌ကား လက်အောက်ခံ အလုပ်သမားများ ဟု သတ်မှတ်ရပေမည်။

၂။ “သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍”
က။ လောကီသခင်များ၏အလုပ်ကိုသာ လုပ်နေသည် မဟုတ်။
ခ။ ဘုရားကို ကြောက်ရွံ့သော အလုပ်သမားများသည် –
(၁) သခင်ဘုရား၏ အမှုကို ဆောင်ရွက်သကဲ့သို့ လူတို့၏ အမှုဆောင်ရွက်ကြသည် (ကော ၃း၂၃)၊
(၂) စေတနာစိတ်နှင့် အရာခပ်သိမ်းတို့ကို လုပ်ဆောင်ကြ သည် (ကော ၃း၂၃)၊
ဂ။ အကြောင်းရင်းမှာ၊ ဘုရားကို ကြောက်ရွံ့သောသူတို့သည်
(၁) သခင်ခရစ်တော်၏ သွန်သင်ချက်များကို နာခံကြသည်၊
(၂) သခင်ခရစ်တော်၏ အစေကို ခံကြသည်။

၃။ “အမွေတော် တည်းဟူသော အကျိုးကို၊ ထိုသခင် ဘုရား၏ လက်တော်မှ …”
က။ ဘုရားသခင်၏ စကားကို နာခံသောသူတို့သည်
(၁) အမွေတော်ကို ရရှိကြလိမ့်မည်။
(၂) နာခံခြင်း၏ အကျိုးကို ရရှိကြလိမ့်မည်။
ခ။ သခင်ခရစ်တော် ကိုယ်တိုင်က ပေးတော်မူလိမ့်မည်။
ဂ။ ကိုယ်တော်၏ လက်တော်မှ ရရှိသော ကောင်းချီး မင်္ဂလာများသည် –
(၁) ကောင်းမြတ်ကြသည်၊
(၂) စုံလင်ကြသည်၊
(၃) ဆုကျေးဇူးများ ဖြစ်ကြသည် (ယာကုပ် ၁း၁၇)။
ထိုသို့ နာခံခြင်း၏ အကျိုး ရရှိကြမည်ကို အမြဲ သိမှတ်ကြရမည်။

၄။ “ မတရားသော အမှုကို ပြုသောသူမည်သည်ကား … အကျိုးအပြစ်ကို ခံရလိမ့်မည်”
က။ မည်သူမဆို မတရားသော အမှုကို ပြုလျှင် ထိုအမှု၏ အကျိုးအပြစ်ကိုခံရလိမ့်မည်။
ခ။ ဆိုလိုသည်မှာမတရားသောသူသည် (အလုပ်သမားဖြစ် စေ၊ အလုပ်ရှင်ဖြစ်စေ)မတရားသော အကျိုးကို ရရှိခံစားရလိမ့်မည်။
ဂ။ မတရားသော အမှုကို မပြုကြစို့နှင့်။

၅။ “အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူ”
က။ “အဘယ်သူ၏ မျက်နှာကိုမျှ မလိုက်” ဟု နားလည် ထားရ မည်။
ခ။ မျက်နှာ မလိုက်ခြင်း၊ ဘက်မလိုက်ခြင်း သည် တရားသော သူတို့၏ သင်္ကေတတစ်ခု ဖြစ်သည်။
ဂ။ အဘယ်သူသည် လူ၏မျက်နှာ ကို မှတ်တော်မမူ သနည်း။
(၁) သခင်ခရစ်တော်သည် လူတို့၏ မျက်နှာကို မကြည့်ပါ။
(၂) ခရစ်ယာန် ယုံကြည်ချက်သည်လည်း “လူမျက်နှာ ထောက်ခြင်း”ဖြင့် ရှင်သန်သည် မဟုတ် (ယာကုပ် ၂း၁-၄)။
ဃ။ ဘုရားသခင်သည် လူတို့၏ မျက်နှာကို ထောက်ပြီး တရားစီရင်သည်မဟုတ်၊ တဦးချင်းတို့ပြုသော အမှုအရာအတိုင်းတရား စီရင်တော်မူမည်။
င။ တရားသောအမှုကိုပြု၍၊ သခင်ခရစ်တော်၏ အစေကိုသာခံကြပါစို့။

 

To Contact : [email protected]