Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၆)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၆)

 

ကျေးဇူးတော် ဝန်ခံခြင်း
စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏နာမတော်ကို ထောက်၍ ခပ်သိမ်းသော အမှုတို့ကိုပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့ (ကော ၃း၁၇)

 

ခရစ်တော်၌ တည်သော ကျွန်ုပ်တို့၏ နေရာမှန် (အဖြစ်မှန်)
၁။ သခင်ခရစ်တော်နှင့်အတူထမြောက်သောသူများ(ကော ၃း၁)။
၂။ ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားခြင်းခံရသော သူများ (ကော ၃း၃)။
၃။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ အသစ်ပြုပြင်ခြင်းခံရသောသူများ (ကော ၃း၁၀)။
၄။ ဘုရားသခင်ရွေးကောက်သောသူများ (ကော ၃း၁၂)။
၅။ သန့်ရှင်းသောသူများ (ကော ၃း၁၂)။
၆။ ချစ်အပ်သောသူများ (ကော ၃း၁၂)။
၇။ အပြစ်ခွင့်လွှတ်ခြင်းခံရသောသူများ (ကော ၃း၁၃)။
၈။ ခရစ်တော်၏ တစ်လုံးတစ်ကိုယ်တည်း၌ ခေါ်ခြင်းခံရသောသူများ (ကော ၃း၁၅)။

 

ခရစ်တော်၌တည်သော ကျွန်ုပ်တို့၏ ဝတ္တရားများ
၁။ အထက် အရာများကိုသာ စိတ်စွဲလမ်းလျက် ရှာကြရမည် (ကော ၃း၁-၂)။
၂။ ခရစ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားမည့် နေ့ရက်ကို စောင့်မျှော်လျက် အသက်ရှင်ရမည် (ကော ၃း၄)။
၃။ မှန်သောပညာ (ဘုရားသခင်နှင့်ခရစ်တော်ကို အမှန်အကန် သိကျွမ်းခြင်းပညာ) အားဖြင့် –
က။ လူဟောင်း၏အကျင့်ကို စွန့် ပြီး၊
ခ။ လူသစ်အဖြစ်သို့ ယူတင်ဝတ်ဆောင် ရမည် (ကော ၃း၉-၁၀)။
၄။ ခရစ်တော်နည်းတူ၊ အချင်းချင်းအပြစ်ကို လွှတ်လျက် နေရမည် (ကော ၃း၁၃)။
၅။ စုံလင်ခြင်း (ရင့်ကျက်ခြင်း) ၏ လက္ခဏာဖြစ်သော ချစ်ခြင်း မေတ္တာ အားဖြင့် ကျင်လည်ကြရမည်(ကော ၃း၁၄)။
၆။ ခရစ်တော်ပေးသော ငြိမ်သက်ခြင်းသည် မိမိတို့၏ စိတ်နှလုံးက အုပ်စိုးစေရမည် (ကော ၃း၁၅)။
၇။ ခရစ်တော်၏နှုတ်ကပတ်တရားတော်သည် မိမိတို့အသက်တာ၌ ကြွယ်ဝစွာ တည်ရှိစေရမည်(ကော ၃း၁၆)။
၈။ အချင်းချင်းနှုတ်ကပတ်တော်ကို အခြေပြုပြီး ဆက်ဆံကြရမည် (ကော ၃း၁၆)။

 

သခင်ယေရှု၏ နာမကို ထောက်၍ …
၁။ မည်သည့်အချိန်၌သခင်ယေရှု၏နာမကို ထောက်ရ မည်နည်း။
က။ စကားပြောသောအခါ၊
ခ။ အမှုဆောင်ရွက်သောအခါ (အလုပ် လုပ်သောအခါ)။
၂။ မည်သည့်အရာတို့၌ သခင်ယေရှု၏ နာမကို ထောက်ရမည်နည်း။
က။ ခပ်သိမ်းသောအရာတို့၌၊
ခ။ ခပ်သိမ်းသောအမှုတို့၌။
၃။ သခင်ယေရှု၏ နာမကို ထောက်ခြင်း ဆိုသည်မှာ အဘယ်နည်း။
က။ မိမိတို့အပေါ်၌ သခင်ခရစ်တော် ပြုသောအမှုတို့ကို အောက်မေ့ခြင်း၊
ခ။ မိမိတို့အား သခင်ယေရှု သွန်သင်သည်များကို အမှီပြုခြင်း၊
ဂ။ သခင်ယေရှု၏မျက်နှာကိုထောက်ခြင်းစသည်တို့ ဖြစ်သည်။

 

ကျေးဇူးတော်ကြီးလှပါ၏ …
၁။ သခင်ခရစ်တော်၌သာ ဘုရားသခင်၏ကျေးဇူးတော်ကို သိနိုင်သည်။
က။ ထိုသခင်ပြုသောအမှုများအားဖြင့် ၊
ခ။ ထိုသခင် ဖော်ပြသောအရာများအားဖြင့်။
၂။ သခင်ခရစ်တော်ကို“အမှီပြု”လျက် ဘုရားသခင်၏ကျေးဇူး တော်ကို ဝန်ခံရမည်။
က။ ထိုသခင်၏ လမ်းညွှန်ချက်အတိုင်း၊
ခ။ ထိုသခင်၏ ခွင့်ပြုချက်နှင့်အညီ။
၃။ “ခမည်းတော်ရှေ့၌”

ဘုရားသခင်၏ ရှေ့တော်ကို မျက်မှောက်ပြုလျက် အသက်ရှင် ရမည်။ ဤသည်ကား ဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပါသည် ဟု ဝန်ခံခြင်းပင် ဖြစ်သည်။

To Contact : [email protected]