Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၃)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၃)

 

ဘုရားသခင်၏ပြုပြင်ဖန်ဆင်းခြင်း
ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့ (ကော ၃း၁၁-၁၂)

 

ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ …
၁။ ဘုရားသခင်ကိုယ်တိုင်က ဖန်ဆင်းပြုပြင်သောသူ ဖြစ်သည် (ကော ၃း၁၀)။
၂။ ဘုရားသခင်သည် ယုံကြည်သူတိုင်းကို မိမိပုံသဏ္ဌာန်တော် နှင့်အညီ ပြုပြင်တော်မူသည်။
၃။ ခရစ်ယာန်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ကိုသာဆောင်ကြသည်။
၄။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သောသူတို့၌
က။ လူမျိုးခွဲခြားခြင်းမရှိ၊
ခ။ လူမျိုးနိုင်ငံရေး ဟူ၍လည်းမရှိ၊
ဂ။ ဘာသာရေး ထုံးတမ်းစဉ်ကို အလေးထားခြင်းလည်း မရှိ၊
၅။ “ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊” ဟုဆိုရခြင်း ဖြစ်သည်။

 

ခရစ်တော်သည် အလုံးစုံ …
၁။ သခင်ယေရှုသည် ခရစ်တော်ကယ်တင်ရှင် ဖြစ်သည်။
၂။ သူသည် အရာခပ်သိမ်းတို့၏ အချုပ်အခြာ ဖြစ်သည်။
၃။ သူသည် အလုံးစုံတို့၏ ဦးတည်ချက် ဖြစ်သည်။
၄။ ဥပမာအားဖြင့်ဆိုသော်၊
က။ အရေဖျားလှီးခြင်းမင်္ဂလာသည် ခရစ်တော်သာ ပြည့်စုံ ၏။
ခ။ အရေဖျားမလှီးခြင်း အမင်္ဂလာသည်လည်း ခရစ်တော် အားဖြင့် ပျက်ပြယ်ကျေအေးသွား၏။
၅။ သခင်ခရစ်တော်သည် အားလုံးတို့၏အဦးအဖျားနှင့် အချုပ်အခြာ ဖြစ်တော်မူ၏

 

ထို့ကြောင့်
၁။ ဤစကားဆက်သည် ကျိုးကြောင်းဆင်ခြင်မှုကို ဖော်ပြသည်။
၂။ အလုံးစုံတို့၌ ခရစ်တော်သည် အချုပ်အခြာဖြစ်ခြင်းကို အကြောင်းပြုသော စကားဆက်ဖြစ်သည်။
၃။ ထိုအကြောင်းတရားကြောင့် ယုံကြည်သူများ လုပ်ဆောင်ရမည့် အရာများကို ဆက်စပ်ပေးသော စကားလည်း ဖြစ်သည်။

 

သင်တို့သည် ဘုရားသခင်ရွေးကောက်သော …
၁။ ကောလောသဲယုံကြည်သူတို့သည် –
က။ ဘုရားသခင်ရွေးကောက်သောသူများ ဖြစ်ကြသည်။
ခ။ သန့်ရှင်းသောသူများ ဖြစ်သည်။
ဂ။ ချစ်ခြင်းမေတ်္တာကို ခံရသောသူများ ဖြစ်ကြသည်။
၂။ ကောလောသဲယုံကြည်သူတို့သည် –
က။ သနားစုံမက်တတ်သောသူများ ဖြစ်ရမည်၊
ခ။ ကျေးဇူးပြုတတ်သောသူများ ဖြစ်ရမည်၊
ဂ။ စိတ်နှိမ့်ချနေသောသူများ ဖြစ်ရမည်၊
ဃ။ နူးညံ့သိမ်မွေ့သောသူများ ဖြစ်ရမည်၊
င။ စိတ်ရှည်သောသူများ ဖြစ်ရမည်၊

သခင်ခရစ်တော်ကိုယ်တိုင်သည်လည်း အလားတူ သွန်သင်ခဲ့သည် (မဿဲ ၅း၃-၁၁)။

 

ယူတင်ဝတ်ဆောင်ကြလော့
၁။ မကောင်းသော စိတ်ထားနှင့် အကျင့်များကို ချွတ်ပယ်ရမည်။
၂။ လူဟောင်း၏ဇာတိပကတိကို စွန့်လွှတ်ထားရမည်။
၃။ သို့မှသာ –
က။ ကောင်းသော စိတ်ထားနှင့် နှစ်သက်ဖွယ်သောအကျင့်များကို ယူတင်ဆန်မြန်းကြရမည်။
ခ။ လူသစ်၏ ဇာတိပကတိကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။
၄။ ဘုရားသခင်က ဖန်ဆင်းပြုပြင်သည့်အတိုင်း သူ၏ပုံသဏ္ဌာန် တော်နှင့်အညီ –
က။ ပြောင်းလဲကြပါစို့၊

ခ။ ပြုမူကျင့်ကြံကြပါစို့။

To Contact : [email protected]