Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၁)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၁)

 

ခရစ်တော်၌ ကျင်လည်ခြင်း
ထို့ကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည် ဖြစ်၍၊ ထိုသခင်၌စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာ စွဲလမ်းလျက်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည် ခြင်းတိုးပွားပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့ (ကော ၂း၆-၇)။

 

သခင်ခရစ်တော်ကို အမှန်အကန် ယုံကြည်လက်ခံ သော သူတို့သည် ထိုသခင်၌ စိုက်ပျိုးခြင်းခံကာ၊ ထိုသခင်၏ အသက်တာ၊ စိတ်သဘောထားနှင့်အညီ ရှင်သန်ကြရသည်။

 

ထိုသခင်၌ စိုက်ပျိုးခြင်း
၁။ “စိုက်ပျိုးခြင်း” ဟူသောစကားလုံးသည် ဂရိအားဖြင့် ‘errizomenoi’ (အမြစ်တွယ်ခြင်း) ဖြစ်သည်။
၂။ ဤစကားလုံးကို perfect passive tense ဟာ လုပ်ဆောင်ပြီးသော အနေအထားပြကာလ“ ဖြင့်ရေးသားထားသည်။
က။ လုပ်ဆောင်ပြီးသော အရာကို ဖော်ပြသည်။
ခ။ ယုံကြည်သူတိုင်းသည်သခင်ခရစ်တော်၌ အမြစ်တွယ်သည့် တိုင်အောင် စိုက်ပျိုးထားပြီးဖြစ်ကြောင်းကို ဖော်ပြသည်။

 

တည်ဆောက်ခြင်း
၁။ “တည်ဆောက်ခြင်း” ဟူသောစကားလုံးသည် ဂရိအားဖြင့်’epoikodomoumenoi’  ဖြစ်သည်။
၂။ ယင်းကို present participle passive tense  ဟာ လက်ရှိ အခြေအနေ(ခံရခြင်း) ပြကာလ“ဖြင့် ရေးသားထားသည်။
က။ ဖြစ်နေဆဲ အခြေအနေကို ဖော်ပြသည်။
ခ။ ယုံကြည်သူတိုင်းသည် သခင်ခရစ်တော်၌ အစဉ်တည်ဆောက်ခြင်းကို ခံနေရကြောင်းကိုဖော်ပြသည်။
၃။ ထို့ကြောင့်“ရှိလျက်” ဟူသောစကားလုံးသည် ထိုသို့ အစဉ်တည်ဆောက်ခြင်းခံနေရခြင်းကိုကောင်းမွန်စွာ ဖော်ထုတ်နေသည်။

 

နည်းဥပဒေသကိုခံပြီးသည်အတိုင်း
၁။ “နည်းဥပဒေသကိုခံ” ဟူသောစကားလုံးသည် ဂရိအားဖြင့် ‘edidachthete’ (သွန်သင်ခြင်းခံ) ဖြစ်သည်။
၂။ ယင်းကို Aorist Indicative Passive tense ဟာအတိတ် (ခံရခြင်း) ကာလပြ” ဖြင့် ရေးသားထားသည်။
“သွန်သင်ခြင်းခံခဲ့သည့်အတိုင်း” ဟု ဆိုလိုသည်။ ယုံကြည်သူ တိုင်းသည် ခရစ်တော်အားဖြင့်၊ ခရစ်တော်၌ သွန်သင်ခြင်းခံရပြီး သောသူများဖြစ်ကြသည် (မဿဲ ၁၁း၂၈)။

 

ယုံကြည်ခြင်း၌ မြဲမြံစွာ စွဲလမ်းခြင်း
၁။ ယုံကြည်ခြင်းနှင့်စပ်လျဉ်းပြီး အသွန်သင်ခံခဲ့ပြီး ဖြစ်သည်။
၂။ ထိုသို့သွန်သင်ခြင်းခံခဲ့ပြီးသည်အတိုင်း ထိုယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက် နေရမည်။
က။ “မြဲမြံစွာ စွဲလမ်း”ဟူသောစကားလုံးသည် ဂရိအားဖြင့် ‘babaioumenoi’ (ခွန်အားပေးခိုင်ခံ့စေခြင်း) ဖြစ်သည်။
ခ။ ဤစကားလုံးကို present participle passive tense ဟာ လက်ရှိဖြစ်နေဆဲ အခြေအနေ(ခံရခြင်း) ပြကာလ“ ဖြင့် ရေးသားထားသည်။
ဂ။ ယုံကြည်သူတိုင်းသည် သွန်သင်ခြင်းခံခဲ့သည့်အတိုင်း၊ ထို ယုံကြည်ခြင်း၌ ဆက်လက်ခိုင်မာစွာ ရပ်တည်နေရမည်ဖြစ်သည်။

 

ယုံကြည်ခြင်း၌ တိုးပွားပြည့်စုံလျက် …
၁။ “တိုးပွားပြည့်စုံ” ကို ဂရိအားဖြင့် ‘perisseuonetes’ (ကြွယ်ဝခြင်း၊များပြားခြင်း) ဖြစ်သည်။
၂။ ယင်းစကားလုံးကို present participle active (လက်ရှိအခြေအနေ ပြကာလ) ဖြင့်ရေးသားထားသည်။
က။ အသွန်သင်ခံပြီးသော ယုံကြည်ခြင်း၌ တိုးပွားနေရမည်ဖြစ်သည်။
ခ။ ယုံကြည်သူတို့သည် ယုံကြည်ခြင်း၌ ခိုင်မာစွာ ရပ်တည်နေလျက်၊ တိုးပွားနေရမည်။
၃။ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ တိုးပွားရမည်။ အကြောင်းမှာ- ကျေးဇူးတော်သက်သက်ကြောင့်၊ နှုတ်ကပတ် တော်ကို ကြား၍၊ ထိုကြားနာခြင်းဖြင့် ယုံကြည်လာသည် (ရော ၁၀း၁၇)။
ထို့အပြင်၊ ယုံကြည်ခြင်း၌ တိုးပွားလိုသောဆန္ဒလည်း ရှိသည် (ဖိလိ ၂း၁၃)။
ထို့ကြောင့် ထိုသခင်၌ ဆက်လက်ကျင်လည် ကြပါစို့။

To Contact : [email protected]