Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၀)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၀)

 

စိတ်ဝိညာဉ်အားဖြင့် အတူရှိခြင်း

ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွာ၍ နေသော် လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့
နှင့်အတူရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊
ခရစ်တော်၌ ခိုင်ခံ့စွာယုံကြည်သည်ကို၎င်းမြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏ (ကော ၂း၅)

ခရစ်ယာန်တို့၏ အချင်းချင်းပူးပေါင်းဆက်ဆံခြင်းအမှု၌ ကိုယ်ခန္ဓာအားဖြင့် အတူရှိနေခြင်းနှင့် စိတ်ဝိညာဉ်အားဖြင့် အတူရှိနေခြင်းဟူ၍ နှစ်မျိုးရှိသည်။ ယင်းတို့သည် ခရစ်ယာန်တို့၏ ရှင်သန်ခြင်း၊ ကြီးထွားခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့အတွက် အရေးပါသည်။

 

စိတ်ဝိညာဉ်အားဖြင့် အတူရှိနေခြင်း

စိတ်ဝိညာဉ်အားဖြင့် အတူရှိနေခြင်းသည် ကိုယ်ခန္ဓာ အားဖြင့် အတူရှိနေခြင်းထက် ပို၍လေးနက်သည်။ ရှင်ပေါလုသည် ခန်္ဓာကိုယ်အားဖြင့် ကောလောသဲယုံကြည်သူများနှင့် အတူမရှိရ သော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သူတို့နှင့်အတူ ရှိနေနိုင်သည်။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် အတူရှိနေခြင်းသည် ခန္ဓာကိုယ်အားဖြင့် အတူရှိနေခြင်းကဲ့သို့သော အကျိုးမျိုး ဖြစ်စေသည်။ စိတ်ဝိညာဉ် အားဖြင့် အတူရှိနေခြင်း ဆိုသည်မှာ-

၁။ စိတ်နှလုံးသားအားဖြင့် သတိရအောက်မေ့နေခြင်း
ခန္ဓာအားဖြင့် အတူမရှိနိုင်သော်လည်း၊ စိတ်နှလုံးသားဖြင့် သတိရအောက်မေ့နေနိုင်သည်။ ထိုသို့ အောက်မေ့သတိရ နေခြင်း သည် စိတ်ဝိညာဉ်အားဖြင့် အတူရှိနေခြင်း ဖြစ်သည် (၁သက် ၂း၁၇)။

၂။ တူသော ယုံကြည်ခြင်း စိတ်ဓာတ်အားဖြင့် မျှဝေခံစားခြင်း
တစ်ခုတည်းသော ယုံကြည်သက်ဝင်မှုကို အတူတကွ ခံယူကာ၊ ထိုယုံကြည်ချက်နှင့်အညီ ဘဝစိန်ခေါ်ချက်များကို အကျိုး တူ မျှဝခံစား၍ လုပ်ကိုင်ဆောင်ရွက်နေရခြင်းသည် ယုံကြည်ခြင်း စိတ်ဓာတ်ဖြစ်သည်။ ၎င်းစိတ်ဓာတ်ကို အခြေခံ၍ ပေါင်းသင်းနေ ခြင်းသည် စိတ်ဝိညာဉ်အားဖြင့်အတူရှိခြင်းပင် ဖြစ်သည်။

 

စိတ်ဝိညာဉ်အားဖြင့် အတူရှိနေခြင်း၏အကျိုးမျာ
ကောလောသဲယုံကြည်သူများနှင့်အတူ စိတ်ဝိညာဉ် အားဖြင့် အတူရှိနေရသောကြောင့် ပေါလုသည် အောက်ပါ အချက် များကို သိမြင်လိုသည်။ သူတို့သည် –

၁။ “လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း”
တစ်ဦးချင်းတို့သည် လျောက်ပတ်စွာ နေထိုင်ကြကြောင်း ရှင်ပေါလုကြားသိရသည်။ အချင်းချင်းဆက်ဆံရာ၌ တင့်တယ် လှပစွာ ပြုမူနေထိုင်ကြသည်။ အသင်းတော်၏ ဝတ်ပြု ကိုးကွယ် ခြင်းအမှု၌လည်း လျောက်ပတ်စွာ စီရင်ကြသည်။ ပြုပြင်အပ် သည်များကိုလည်း ချန်လှပ်ထားခြင်းမရှိဘဲ အမြန်ဆုံး ပြုပြင်ကြ သည်။

။ “ခရစ်တော်၌ ခိုင်ခံ့စွာယုံကြည်သည်ကို၎င်း”
သခင်ယေရှုကို ခရစ်တော်ကယ်တင်ရှင်အဖြစ် လက်ခံ ယုံကြည်ကြသည်။ ခရစ်တော်ကို ယုံကြည်လက်ခံခြင်းသည် ဘ၀ဒုက္ခ များမှ လွတ်စေသည်မဟုတ် (အပြစ်၏အုပ်စိုးခြင်းနှင့် ၎င်း၏ အဖိုးအခမှသာ လွတ်စေသည်)။ ယုံကြည်သူများဖြစ်ကြ သော် လည်း ပြဿနာများစွာ ရင်ဆိုင်နေကြရသည်။ သို့သော် ကောလောသဲ ယုံကြည်သူတို့သည် ယုံကြည်ခြင်း၌မယိုင်မလဲဘဲ ခိုင်မာစွာ တည်နေကြသည်။
ဤသို့ ကောလောသဲယုံကြည်သူများသည် လျောက် ပတ်စွာ နေထိုင်ကြသည်ကိုလည်းကောင်း၊ သူတို့၏ယုံကြည်ခြင်း၌ ခိုင်ခံ့စွာတည်နေကြသည်ကိုလည်းကောင်း ကြားသိရသောအခါ (ကော ၁း၃-၅) ရှင်ပေါလုသည် ဝမ်းမြောက်ခြင်းရှိသည်။ ဆင်ခြင် ကြည့်သော်-

၁။ အကျိုးမရှိ၊ အကြောင်းမပါဘဲ အဘယ်သူမျှ ဝမ်းမြောက်နေမည် မဟုတ်။

၂။ ကောင်းသောအကျိုး၊ မှန်သောအကြောင်း ကြောင့်သာ ဝမ်းမြောက်သင့်သည်။

၃။ ခရစ်ယာန်တို့၏ ဝမ်းမြောက်ခြင်းသည် ယုံကြည်ခြင်း နှင့် စပ်ဆိုင်သော “ခံယူချက်” (ိသခအမငညန)ဖြစ်သည်။
က။ လျောက်ပတ်စွာ နေထိုင်စီရင်ခြင်းသည် ဘုရားသခင်အလိုတော်ဖြစ်သည်(၁ ကော ၁၄း၄၀)။
ခ။ ခရစ်တော်ကို ခိုင်ခံ့စွာ ယုံကြည်ခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည် ( ၁ ပေ ၁း၇၊ ၂ တိ ၂း၁)။

To Contact : [email protected]