Bethany Independent Presbyterian Church

Myanmar

ဗေသနိ ဓမ္မတက္ကသိုလ်မှ ကြေငြာခြင်း

ဗေသနိ ဓမ္မတက္ကသိုလ်မှ ကြေငြာခြင်း

 

(COVID-19 (ကပ်ဆိုး) ကြောင့် အရေးကြီးသော ကြေငြာခြင်းများ)

 

၁။ အထူး အင်္ဂလိပ် တန်းခွဲ
(၁) မေလ အထူးအင်္ဂလိပ်တန်းခွဲ ပုံမှန် ရှိပါမည်။ (COVID-19 သည် ဧပြီလမှာ မရှိတော့ရင်)
(၂) မေလ အထူးအင်္ဂလိပ်တန်းခွဲ ရပ်နားပါမည်။ (COVID-19 သည် မေလထိ ဆက်လက်ဖြစ်လျှင်)
မှတ်ချက်။ ။ မေလ အထူးအင်္ဂလိပ်တန်းခွဲမရှိလျှင် ကျောင်းသားသစ်များအ၏ ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းဖွင့်ပြီးမှ အထူးအင်္ဂလိပ်တန်းခွဲ ရှိပါမည်။

 

၂။ ကျောင်းဖွင့်ချိန် (ကျောင်းဖွင့်သည် အောက်ပါ အတိုင်း ပြောင်းလဲနိူင်သည်)
(၁) ကျောင်းတော်ကြီးသည် ပုံမှန်အတိုင်း ဇွန်လ ၁ရက်နေ့မှ စတင်ဖွင့်ပါမည် (COVID-19 မေလမှ ရပ်လျှင်)
(၂) ကျောင်းတော်ကြီးသည် ဇူလိုင်လ ၁ရက်နေ့မှ စတင်ဖွင့်ပါမည်။ (COVID-19 ဇွန်လမှ ရပ်လျှင်)
(၃) ်ကျောင်းတော်ကြီးသည် သြဂုတ်လ ၁ရက်နေ့မှ စတင်ဖွင့်ပါမည်။ (COVID-19 ဇူလိုင်မှ ရပ်လျှင်)

 

၃။ အဝေးသင်/စာပေးစာယူ (အထက်က သတ်မှတ်ထားသော ကျောင်းဖွင့်ချိန်၌ မဖွင့်နိူင်ရင်)
(၁) အဝေးသင်/စာပေးစာယူ သင်ကြားခြင်း အစီစဉ်ရှိပါမည်။ (COVID-19 သြဂုတ်လထိ ဆက်လက်ဖြစ်လျှင်)
၁) သင်ခန်းစာများကို စာတိုက်မှတဆင့် ပို့ပေးရန်။
၂) သင်ခန်းစာများကို e-mail မှတဆင့် ပို့ပေးရန်။
၃) Video Record (သို့) MP4 မှတဆင့် သင်ကြားပို့ချခြင်း။
၄) အသံသွင်းခြင်း (သို့) MP3 မှတဆင့် သင်ကြားပို့ချခြင်း။
၅) Facebook online (သို့) Live အားဖြင့် သင်ကြားပို့ချခြင်း။

 

၄။ ကျောင်းသူ/သား အသစ်များအတွက် နာမည်စာရင်းသွင်းခြင်း (၂၀၂၀-၂၀၂၁)
(၁) Online ကနေတဆင့် နာမည်စာရင်းလျှောက်လွှာတင်လို့ရပါပြီ
(၂) လျှောက်လွှာကို ေသေနိ website https://www.bethanyipcmm.org/ ၌ ရယူနိုင်ပါသည်။
(၃) online လျှောက်လွှာနှင့်ပတ်သက်၍ ဤ ဆရာများထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်
၁) ဆရာ Tlang Than Kim ([email protected])
၂) ဆရာ Khrih Muan Khum ([email protected])

 

၅။ ဝင်ကြေးနှင့် ကုန်ကျစရိတ်များ
(၁) ဝင်ကြေး                                                           – ၃,၀၀၀ ကျပ် (စာသင်နှစ်တစ်ဝက်)
(၂) ကျူရှင်ကြေး                                                     – ၁၀,၀၀၀ ကျပ် (ဘာသာတစ်ခု)
(၃) အားကစားကြေး                                              – ၃,၀၀၀ ကျပ် (တစ်နှစ်)
(၄) စာကြည့်တိုက်ကြး                                           – ၅,၀၀၀ ကျပ် (စာသင်နှစ်တစ်ဝက်)
(၅) အစားအသောက်နှင့်  အဆောင်ခ                     – ၃၀,၀၀၀ ကျပ် (တစ်လ)

မှတ်ချက်။
(၁) အစားသောက်နှင့်အဆောင်ခများသည် ကျောင်းအဆောင်၌နေထိုင်သူများအတွက်သာဖြစ်သည်။
(၂) မည်သူမဆို ပညာသင်ဆု/ကျောင်းထောက်ပံ့ကြေး (scholarship) လျှောက်နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက –
(၁) Rev. Dr. Tomas Zatel: 09444451978 (Principal)
(၂) Rev. Zawn Nei Cuang: 09401596399 (Vice- Principal)
(၃) Rev. Tlang Than Kim: 09254265427 (Registrar) များထံသို့ ဆက်သွယ်မေမြန်းနိုင်ပါသည်။

 

ဗေသနိဓမ္မတက္ကသိုလ် ဆရာများအစည်းဝေးဆုံးဖြတ်ချက်
၃ ဧပြီ ၂၀၂၀
ရုံး။