“အသရေရှိသော လူခုနှစ်ယောက်” တမန်တော် ၆
Audio Player
နိဒါန်း
၁။ အသင်းတော် အစပြုခြင်း
က) ယေရုရှလင်၌
ခ) တမန်တော် ၁၂ ပါး
ဂ) အသင်းဝင်ပေါင်း ၁၂ဝ မျှရှိသည် တမန်တော် ၁း၁၅
၂။ တိုးတက်မှုနှုန်း မြန်ဆန်ခြင်း
က) ၃ဝဝဝ မျှလောက်သော သူတို့သည် သင်းဝင်ကြသည် တမန်တော် ၂း၄၁
ခ) ယောကျ်ား ၅ဝဝဝ (မိန်းမများကို မရေတွက်ဘဲ) တမန်တော် ၄း၄
အထူးအမှုတော်လုပ်ငန်း
၁ ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော် နေ့ရက်စဉ်အတိုင်း လုပ်ကျွေးသောအခါ
ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်ကျွေးဟု ထိုအမျိုးတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။
၂ ထိုအခါ တစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ခေါပြီးလျှင်
ငါတို့ သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တရားတော်ကို ထား၍ စားပွဲ၌ လုပ်ကျွေးမှုကို မဆောင်သင့်။
၃ ထို့ကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့်စုံလျက်၊ အသေရေရှိသော လူခုနှစ်
ယောက်တို့်ကို သင်တို့တွင် ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။
၄ ငါတို့မူကား၊ ဆုတောင်းပဌာနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟု ဆိုကြ၏။ တမန်တော် ၆း၁-၄
၁။ တပည့်တော်များ အရေအတွက် များပြားလာနေတုန်းဖြစ်သည်။
က) ယေရုရှလင်မြို့မှာသော အသင်းတေ်ာသည် ဆက်လက်ကြီးထွားလာခဲ့သည်။
ခ) ၎င်းသည် မှတ်သားဖို့ အလွန်အံ့သြစရာကောင်းသော အရာတစ်ခုဖြစ်သည်။
၂။ ကိုယ်ခန္ဓာအဖို့ လိုအပ်ေနေသော မုဆိုးမတို့အတွက် စောင့်ရှောက်ခြင်း အမှုတော်
က) ဟေဗြဲဘာစကားပြောသော ဂျူးလူမျိုး
ခ) ဂရိဘာစကားပြောသော ဂျူးလူများ
ဂ) နောက်ပိုင်းမှာ လျစ်လျူရှုခြင်းခံရသည်။
၃။ ပြဿနာကို တမန်တော်တို့ သတိပြုလာသည်။
က) တစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ဆင့်ခေါ်ခဲ့သည်။
ခ) ဤပြဿနာဖြေရှင်းနိုင်ဖို့ ပါဝင်ကြရန် အသင်းတော်ကို သူတို့အလိုရှိသည်။
၄။ ဖြေရှင်းချက် ကမ်းလှမ်းခြင်း
က) တမန်တော်များ အာရုံစိုက်ရမည့်အရာများ –
၁) ဘုရားသခင်၏ နှုတ်ကပတ်တရားဟောပြောခြင်းအမှုတော်
၂) ဆုတောင်းပဌါနာပြုခြင်း
ခ) နောက်ထပ် ခေါင်းဆောင်များ လိုအပ်နေသည်။
ဂ) ခေါင်းဆောင်များ၏ အရည်အချင်းကို တိကျစွာဖော်ပြထားသည်။
၁) အသရေရှိသောလူများ၊
၂) ဝိညာဉ်တော်နှင့် ပြည့်စုံသောသူ၊
၃) ပညာပြည့်စုံသောသူ
ဃ) ထိုသူတို့ကို ခန့်ထားကြမည်။
င) ဤဆုံးဖြတ်ချက်အမှုကို အသင်းတော်သည် နှစ်သက်တော်မူသည်။
ဝိညာဉ်ရေးခေါင်းဆောင်များကို ရှာတွေ့ကြသည်
၅ ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့် ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း
ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးကောက်၍၊
၆ တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်း ပေါ်၌ လက်ကိုတင်ကြ၏။
၇ ထာဝရဘုရား၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန် ပွားများ၍
ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။ တမန်တော် ၆း၅-၇
၁။ လူခုနှစ်ယောက်ကို တွေ့ကြသည်။
၂။ သတေဖန်သည် လူခုနှစ်ယောက်တွင် ထင်ရှားတော်မူသည်။
က) ယုံကြည်ခြင်းနှင့် ပြည့်စုံသောသူ၊
ခ) သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံသောသူ၊
၃။ ဤလူများကို တမန်တော်တို့ရှေ့၌ ထားကြသည်။
၄။ သူတို့အတွက် ဆုတောင်းပေးကြသည်။
၅။ မုဆိုးမတို့အား စောင့်ရှောက်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် သူတို့ကို ခန့်ထားကြသည်။
ဝိညာဉ်ရေးခေါင်းဆောင်များ သင်းဝင်ပေါင်းထည့်ခြင်းအတွက် အကျိုးရလဒ်များ
၁။ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြန့်နှံ့လာသည်။
က) တမန်တော်တို့သည် နှုတ်ကပတ်တရားတော်အတွက် အထူးဆက်ကပ်ကြသည်
ခ) ဤအမှုတော် တိုးပွားဖို့ စိန်ခေါ်ချက်ရှိသည်။
၁) အသိဗဟုသုတ
၂) ဉာဏ်ပညာ
၃) ကျွမ်းကျင်မှု
ဂ) တပည့်တော်မွေးထုတ်ခြင်း
၁) တပည့်တော်မွေးထုတ်ခြင်းကို အဓိကလုပ်ဆောင်ကြသည်။
၂) တပည့်တော်မွေးထုတ်ဖို့ အချိန်များစွာ ယူရသည်။
၃) တမန်တော်များသည် သူတို့၏အမှုတော်၌ ထိရောက်ကြသည်။
၂။ ယေရုရှလင်မြို့မှ တပည့်တော်များ
က) တပည့်တော်များ အရေအတွက် အလွန်တိုးပွားလာကြသည်။
ခ) ယဇ်ပုရောဟိတ်တို့သည်လည်း သခင်ယေရှုခရစ်တော်ကို ယုံကြည်လာကြသည်။
ဂ) သခင်ယေရှု၏ လက်ထက်၌ ထိုသူတု့ိသည် သခင်ယေရှုနှင့် သူ၏ရပ်တည်ချက်တို့ကို ဆန့်ကျင်ခဲ့ကြသည်။
နိဂုံး
၁။ အသင်းတော်တစ်ပါးအနေဖြင့် ကျွန်တော်တို့၏ အမှုတော်
က။ ဟောပြောရန် နှင့် သွန်သင်ပေးရန်
ခ။ တပည့်တော်မွေးထုတ်ရန်၊
ဂ။ ဝိညာဉ်ရေးခေါင်းဆောင်များပေါ်ပေါက်ဖို့ လူတွေကို ဦးဆောင်သင်ကြားပေးရန်။
၂။ ကျွန်တော်တို့၏ လိုအပ်ချက်များ
က။ ဘုရားဝတ်၌ မွေးလျော်သော ခေါင်းဆောင်များ ပေါ်လာဖို့၊
ခ။ အသင်းတော်၏ အမှုတော်မြတ်ကို ပို၍ အာရုံစိုက်ဖို့၊
ဂ။ ဗေသနိ မိသားစုဋ နောက်ထပ် တိုးပွားလာခြင်းကို မြင်တွေ့ဖို့ ဆန္ဒရှိရန်။