Bethany Independent Presbyterian Church

Myanmar

‘သူတို့သည် ငါ့ကို အစဉ်ကြောက်ရွံ့စေခြင်းငှါ’ (တရားဟောရာကျမ်း ၅း၂၉)

‘သူတို့သည် ငါ့ကို အစဉ်ကြောက်ရွံ့စေခြင်းငှါ’ (တရားဟောရာကျမ်း ၅း၂၉)

နိဒါန်းမိတ်ဆက်ခြင်း

၁ တစ်ဖန် မောရှေသည် ဏ္ဍသရေလအမျိုးအပေါင်းတို့ကို ခေါ်၍ အိုဏ္ဍသရေလအမျိုးတို့၊

ယနေ့ သင်တို့အား ငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ ကျင့်ခြင်းငှါ၊ သတိပြုမည်အကြောင်း နားထောင်ကြလော့။

၂ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ဟောရပ်တောင်၌ ငါတို့နှင့် ပဋ္ဋိညာဉ် ပြုတော်မူ၏။

၃ ထိုပဋ္ဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်၊

ယနေ့ပင် အသက်ရှင်၍ ဤအရပ်၌ရှိသမျှသော ငါတို့နှင့် ပြုတော်မူ၏။

၄ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက သင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွတ်တော်မူ၏။

၅ ထိုအခါ သင်တို့သည် မီးကို ကြောက်၍ တောင်ပေါ်သို့ မတက်ဝံ့သောကြောင့်၊

ငါသည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုခြင်းငှါ၊ ထာဝရဘုရားနှင့် သင်တို့စပ်ကြားမှာ ရပ်နေ၏။ တရားဟောရာကျမ်း ၅း၁-၅

၁။ သိနာတောင်ပေါ်းက ပဋ္ဋိညာဉ်တရား

က) သမိုင်းအဖြစ်အပျက်တစ်ခု

ခ) ဣသရေလဆီမှာ အထူးပေးထားသော ပဋ္ဋိညာဉ်တရား

၂။ ပညတ်တော် ဆယ်ပါး

က) ဘုရားသခင်ကိုယ်တိုင် ပေးထားသည်။

ခ) ဘုရားသခင်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပညတ် အချုပ်အခြာဖြစ်သည်။

၃။ ဤအရာတု့ိကို မောရှေက ပြန်လည်သတိရသည်။

က) မူရင်းပညတ်ချက်ကို ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၉-၂ဝ မှာ တွေ့ရသည်။

ခ) ဤအရာသည် ကျက်သရေရှိပြီး သမိုင်းဝင်နေ့ကို ပြန်လည်သတိရစေသည်။

 

ကြီးစွာသော ကြောက်ရွံ့ခြင်း ခံစားစေခဲ့သည်

၂၃ သင်တို့သည် မှောင်မိုက်ထဲက စကားသံကို ကြား၍ တောင်ထိပ်သည် မီးထောင်လျက်ရှိသောအခါ

သင်တို့မျိုးနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသောသူတု့ိသည် ငါ့ထံသို့ ချဉ်းကပ်၍၊

၂၄ အကျွန်ပ်တို့ဘုရားသခင် ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ပ်တို့အား ပြတော်မူပြီ။

မီးထဲက စကားတော်အသံကို အကျွန်ပ်တို့ ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊

လူသည် အသက်ရှိသေးသည်ကို ယနေ့၌ အကျွန်ပ်တို့သည် သိမြင်ရပါပြီ။

၂၅ အကျွန်ပ်တို့သည် အဘယ်ကြောင့် ယခုသေရပါမည်နည်း။ ဤကြီးစွာသောမီးဖြင့် အကျွန်ပ်တို့သည် ဆုံးရှုံးရပါလိမ့်မည်။

အကျွန်ပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသော အသံကို တစ်ဖန်ကြားရလျှင် သေရပါလိမ့်မည်။

၂၆ အသက်ရှင်တော်မူသော ဘုရားသခင်သည် မိန့်မြွတ်တော်မူသောအသံကို

အကျွန်ပ်တို့ကြားသကဲ့သို့ အဘယ်လူသတ္တဝါ ကြား၍ အသက်ရှင်သနည်း။

၂၇ ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍ အကျွန်ပ်တို့ဘုရားသခင် မိန့်တော်မူသမျှကို နားထာင်တော်မူပါ။

အကျွန်ပ်တို့ဘုရားထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှ ကို ဆင့်ဆိုတော်မူပါ။

အကျွန်ပ်တို့သည် နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။ တရားဟောရာကျမ်း ၅း၂၃-၂၇

၁။ ဘုရားသခင်စကား မိန့်တော်မူသည်ကို ဣသရေလအမျိုးများ ကြားတော်မူသည်။

၂။ မျိုးနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူတု့ိသည် မောရှေထံ ချဉ်းကပ်ကြသည်။

က) ဘုရားသခင် သူတို့ထံတိုက်ရိုက်စကားပြောလျှင် သေမှာကို ကြောက်ကြသည်။

ခ) ဘုရားသခင်၏ ကြီးစွာသော မီးကို သူတို့ကြောက်သည်။

ဂ) ဘုရားသခင် သူတို့အားမိန့်တော်မူသောအရာကို နားထောင်ဖို့ မောရှေကို တောင်းဆိုကြသည်။

ဃ) မောရှေသည် ဘုရားသခင်၏ စကားကို ဆင့်ဆိုနိုင်သည်။

င) သူတို့သည် နားထောင်၍ လိုက်နာကြမည်။

 

ဘုရားသခင်၏ တုံ့ပြန်မှု

၂၈ ထိုသို့ သင်တို့သည် ငါ့အား လျှောက်သောစကားသံကို ထာဝရဘုရားကြားတော်မူ၏။ ထာဝရဘုရား ကလည်း

ဤလူမျိုးသည် သင့်အားလျှောက်သောစကားသံကို ငါကြားရပြီ။ လျှောက်လေသမျှသော စကားတို့သည် လျောက်ပတ်ပေ၏။

၂၉ သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊

ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သော စိတ်နှင့် ပြည့်စုံကြပါစေသော။

၃ဝ တဲများသို့ ပြန်သွားကြလော့ဟု သူတို့အား ပြောလော့။

၃၁ သင်မူကား၊ ဤအရပ်၌ ငါ့အနားမှာ ရပ်နေလော့။ သူတို့အား ငါအပိုင်ပေးသော ပြည်၌ သူတို့ကျင့်ဖို ရာ သင်သည်

သူတို့အား သွန်သင်ရသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွတ်ဆိုမည်ဟု ငါ့အားမိန့်တော်မူ၏။

၃၂ သို့ဖြစ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည် ကျင့်အံ့သောငှါ စောင့်နေရကြမည်။

၃၃ သင်တို့ဝင်စားလတံ့သောပြည်၌ သင်တို့သည် သေဘေးမှလွတ်လျက်၊ ချမ်းသာရ၍၊ အသက်တာ ရှည်မည်အကြောင်း၊

သင်တို့၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသောလမ်းအပေါင်းတု့ိ၌ လျှောက်သွားရကြမည်။ တရားဟောရာကျမ်း ၅း၂၈-၃၃

၁။ ဘုရားသခင်သည် ဣသရေလူအမျိုးတို့၏ တောင်းဆိုချက်ကို လက်ခံခဲ့သည်။

၂။ သူသည် ဤပညတ်တို့နှင့်အတူ တုံ့ပြန်တော်မူသည် (တရား ၅း၂၉)

က) သူတို့သည် ငါ့ကို ကြောက်ရွံ့သော စိတ်နှလုံး သူတို့အထဲ၌ ကြပါစေသော။

၁) ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးသားရှိရန်၊

၂) ဤအရာသည် ဘုရားသခင် လက်ခံမည့် နှလုံးသားဖြစ်သည်။

ခ) “ငါ့ပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သော စိတ်”။

၁) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် သူ့ပညတ်ချက်တို့ကို စောင့်ရှောက်ခြင်း၏ ရလဒ်ဖြစ်မည်။

၂) ဤလိုက်နာခြင်းသည် အသက်တာတစ်ခုလုံးအတွက် ရည်ရွယ်သည်။

ဂ) “သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း”

၁) ဤအရာသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဖြစ်ပေါ်စေမည်။

၂) ထိုကောင်းချီးများသည် နောင်လာနောင်းသားများအထိ တိုးပွားလာမည်။

၃။ တာဝန်ဝတ္တရား

က) ဤတာဝန်သည် မောရှေ၏ ပခုံးပေါ်မှာ ကျရောက်လိမ့်မည်။

ခ) ဘုရားသခင်ထံ ချည်းကပ်လိမ့်မည်။

ဂ) နားထောင်၍ ကောင်းမွန်စွာ သင်ယူရမည်။

ဃ) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ပေးရန် ဆက်ကပ်ထားရမည်။

 

ကျွန်တော်တို့အတွက် စိန်ခေါ်ချက်များ

၁။ ဘုရားသခင်ကို ကြောက်ရွံ့တက်ဖို့ မွေးမြူရမည်။

၂။ ဘုရားသခင်ကို နာခံ၍ လိုက်နာရမည်။

၃။ ဘဝတစ်လျှောက်လုံး ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် ကိုယ်ကိုကိုယ် သစ္စာကတိပြုရမည်။

Close menu