Bethany Independent Presbyterian Church

Myanmar

သင်၏ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း တရားဟောရာကျမ်း ၁၀း ၁၂

သင်၏ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း တရားဟောရာကျမ်း ၁၀း ၁၂


နိဒါန်း

၁ ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။

ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။

၂ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါ သည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထား

ဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ၏။

၃ ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာကိုလုပ်၍၊ အရင်ကျောက်ပြားနည်းတူ

ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ၏။

၄ သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော

ပညတ်တော်ဆယ်ပါးတို့ကို၊ အရင်စာ၌ လာသည်အတိုင်း၊ ထာဝရဘုရားသည် ရေးထား၍ငါ့အားပေးတော်မူ၏။

၅ ငါသည်လည်း လှည့်၍ တောင်ပေါ်က ဆင်းသ ဖြင့်၊ လုပ်ပြီးသော သေတ္တာထဲ၌ ထိုကျောက်ပြားကို ထား၍၊

ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။ တရားဟောရာကျမ်း ၁၀း ၁-၅

၁။ ပထမ ကျောက်ပြားနှစ်ပြား

က) ထိုအရာသည် ဘုရားသခင်မှ မောရှေအားပေးထားခြင်းဖြစ်သည်။

ခ) မောရှေသည် လူများ နွားရွှေရုပ်တုကိုးကွယ်မြင်သောအခါ ဤကျောက်ပြားကို ဖျက်ဆီးမိခဲ့သည်။

ဂ) မောရှေ၏ စိတ်ဆိုးဝမ်းနည်းခြင်း

၁။ ဣသရေလလူများ ရုပ်တုကိုးကွယ်သူဖြစ်လာသည်ကို အလွန်စိတ်ဆိုး ဒေါသဖြစ်သည်။

၂။ ဣသရေလလူများသည် မကောင်းသောအမှုတို့ကိုလည်း ပြုကြသည်။

၃။ ကိုယ်တိုင်သူတို့ကို စကားပြောခဲ့သောထဲ ဘုရားထံမှ လမ်းလွဲခဲ့ကြသည်။

၄။ မောရှေသည် ရွှေနွားရုပ်တုအား ဖျက်ဆီးခဲ့သည်။

၂။ ဒုတိယ ကျောက်ပြားနှစ်ပြား

က) ဘုရားသခင်သည် မောရှေအား ဂရုဏာထားကာ ဒုတိယကြိမ် ကျောက်ပြား နှစ်ပြားပြန်ပေးခဲ့သည်။

ခ) ဤကျောက်ပြားတွင် ပညတ်တော် (၁၀)ပါး ပါဝင်သည်။

ဂ) မောရှေသည် ဘုရားသခင်နှင့် အချိန်ယူရသည်။

၁) ဣသရေလလူများအဖို့ ဆုတောင်းအသနားခံပေးရသည်။

၂) ဤ သတိကြီးစွာနေတာ နေ့နှင့်ည (၄၀) ရှိသည်။

၃) ဒီအချိန်သည် မောရှေနှင့် ဣသရေလလူများအတွက် အလွန်ခက်ခဲသည်။

၁၂ အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွားခြင်း၊

သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊

၁၃ သင်၏အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား၏ ပညတ်တော်ကို

စောင့်ရှောက် ခြင်းအမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း။

၁၄ မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊

သင်၏ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ၏။ တရားဟောရာကျမ်း ၁၀း ၁၂-၁၄

၁။ ဣသရေလအမျိုးများသည် ဂရုတစိုက် သွန်သင်ခြင်းခံရသည်။

က) ဘုရားသခင် တောင်းဆိုသောအရာများကို သိစေသည်။

ခ) ထိုတောင်းဆိုမှုများကို သူတို့ထံ ရှင်းလင်း၊ ရှင်းပြထားသည်။

၂။ အတိအကျ အကျည်းချုပ်

က) ထာဝရဘုရားကို ကြောက်ရွံ့ဖို့ရန်

၁) ထာဝရဘုရားကို အာရုံပြုရန်

၂) ရိုသေကြောက်ရွံ့ခြင်း အသိတရားရှိရန်

၃) ထာဝရဘုရားကြောက်ခြင်းကို သစ္စာရှိရှိ လက်တွေ့ကျင့်ဆောင်ရန်။

ခ) သူ၏ လမ်းတော်များကို လိုက်လျှောက်ရန်

၁) ရွေးချယ်ပြီး လိုက်လျှောက်သော သဘောမဟုတ်။

၂) သူ၏ လမ်းတော်ကို သိရန်

၃) ဘုရားနှင့်အတူလျှောက်ရန် ရွေးချယ်ခြင်း

ဂ) ထာဝရဘုရားကို ချစ်ရန်။

၁) ထာဝရဘုရားအား ကြောက်ရွံ့ခြင်းသည် သူ့ကို ချစ်ခြင်းနှင့်အမြဲ မာကျောနေရမည်။

၂) ဤမေတ္တာသည် စစ်မှန်ပြီး လေးနက်ရမည်ဖြစ်သည်။

၃) ဤချစ်ခြင်းမေတ္တာကို သတိကြီးစွာ ထိမ်းသိမ်းရမည်။

ယ) သူ၏ အမှုတော်ဆောင်ရွက်ခြင်း

၁) စိတ်နှလုံးအကြွင်းမဲ့

၂) စိတ်ဝိညာဉ်အကြွင်းမဲ့

င) ထာဝရဘုရားဆင့်ဆိုသော ပညတ်တော်ကို စောင့်ရှောက်ခြင်း

၃။ ထာဝရဘုရားကို ကြောက်ရွံ့ရန် ဘာကြောင့်လိုသနည်း။

က) ကျွနိုပ်တို့၏ အကျိုးအဖို့ဖြစ်သည်။

ခ) ထာဝရဘုရားသည် အဘယ်ကဲ့သို့ဘုရားဖြစ်သည်ကို အစဉ်သိမှတ်ဖို့ရန် ဖြစ်သည်။

၁) မိုဃ်းကောင်းကင်ဘဝဂ်တွင် နေတော်မူသောဘုရားဖြစ်၏။

၂) စကွဝဠာကို ပိုင်သတော်မူသောသခင်၊ ဘုရားသခင်ဖြစ်တော်မူ၏။

ဂ) ဤအရာများကို သားသမီးများအား လက်ဆင့်ကမ်းရန်ဖြစ်သည်။

ယ) ငါတို့ဘုရားသခင်အား ကျွနိုပ်တို့၏ အလုံးစုံပေးရန်ဖြစ်သည်။

 

ကျွနိုပ်တို့အဖို့ စိန်ခေါ်မှုများ

၁။ ထာဝရဘုရားအား အဘယ်ကြောင့် ကြောက်ရွံ့ရသည်ကို နားလည်ရန်

၂။ အမှန်တကယ်နားလည်ရန် ခက်ခဲသောအမှန်တရားဖြစ်သည်ကို သိမှတ်လာရန်။

၃။ ထာဝရဘုရားအား အမှန်တကယ်ကြောက်ရွံ့ခြင်းသည် များစွာသောကောင်းကြီးမဂ်လာ သက်ရောက်စေသည်ကို သိမှတ်လာရန်။

Close menu