ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဒေသနာကျမ်း ၁၂း ၁၃
နိဒါန်း
၁။ ဒေသနာကျမ်းကို ရေးသားသူသည် ရှင်ဘုရင် ရှောလမွန်ဖြစ်သည်။
၂။ သူ၏ အသက်တာ ပျက်စီးယိုယွင်းမှုကို ထင်ဟပ်စေသော စာအုပ်ဖြစ်သည်။
က) အလွန်များပြားသော ကြွယ်ဝမှုရှိခဲ့သည်။
ခ) အလွန်ကျယ်ပြန့်သော အသိတရားတွေ ရှိခဲ့သည်။
ဂ) ဘုရင်ဖြစ်သည်အတိုင်း အခွင့်အာဏာ အလွန်ရှိခဲ့သည်။
ယ) သို့သော် အတွင်းနှလုံးသားထဲမှာ စိတ်ပျက်အားငယ်မှုကို တွန်းလှန်တိုက်ခိုက်နေရသည်။
အလွန်အရေးပါသော ကြေငြာချက်၏ အကျည်းချုပ်
၉ ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။
လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။
၁၀ ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊
ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာစကားဖြစ်၏။
၁၁ ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊
တပါးတည်းသော သိုးထိန်းကြီးအပ်ပေးတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။
၁၃ တဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။
စာကို ကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကို နှောင့်ရှက် သောအမှုဖြစ်၏။
၁။ တရားဟောဆရာ
က) ရှောလမုန်သည် သူကိုသူပုံဖော်ဖို့ ဤစကားလုံးကို သုံးခဲ့သည်။
ခ) သူ့ကိုသူ ရှင်ဘုရင်အရာထက် တရားဟောဆရာအဖြစ် လက်ခံရှုမြင်ခဲ့သည်။
ဂ) သူလူများကို ဟောပြောသွန်သင်ချက်များကို တန်ဖိုးထားတတ်ရန် အလိုရှိသည်။
၂။ တရားဟောဆရာ၏ တာဝန်ဝတ္တရား
ယ) ထိရောက်စွာ သွန်သင်ရန်
ခ) သတိပေးဆုံးမရန်
ဂ) ဘုရားသခင်ပေးတဲ့ အရေးပါသော သမ္မာတရားနှင့် ဆက်ဆံရန်
၃။ ဖြစ်စဉ်များ
က) ပညာအဆိုအမိန့်များကို စုသိမ်းရန်။
ခ) ထိုအမှုများကို ဆင်ခြင်နှလုံးသွင်းရန်။
ဂ) စနှစ်တကျ အစဉ်လိုက်ထားရန်။
ယ) လက်ခံဖွယ်သော စကားလုံးများကို ရှာသုံးရန်။
င) သမ္မာတရားများကို သွန်သင်ရန်။
စ) လိုအပ်သော ညဏ်ပညာပေးသော ဘုရားသခင်ကို သိုးထိန်းကဲ့သို့ သိမှတ်ကြရန်။
၁။ ညဏ်ပညာရှိသူများ၏ အဆိုအမိန့်များ
၂။ ပညာတတ်များ၏ အဆိုအမိန့်များ
၃။ ထိုအရာများဖြင့် သတိပေးဆုံးမရန်ဖြစ်သည်။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်း
၁၃ အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။
ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။
၁၄ အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊
ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။
၁။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း
က) ဒီအမှုသည် ပထမထားရမည့်အရာဖြစ်သည်။
ခ) ဤသွန်သင်ချက်၏ အရေးပါမှုကို ပုံဖော်ပေးသည်။
၂။ ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်ခြင်း
က) ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် သူ၏ပညတ်တော်နှင့် ဆက်စပ်သည်။
ခ) ဘုရားသခင်၏ ပညတ်တော်များ
၁) ရှာဖွေတွေ့ရှိရမည့် အရာများဖြစ်သည်။
၂) နားလည်သဘောပေါက်ရမည့်အရာများဖြစ်သည်။
၃) လိုက်နာကျင့်သုံးရမည့် အရာများဖြစ်သည်။
၃။ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံ
က) ဤအဆိုသည် တုန်လှုပ်စရာဖြစ်သည်။
ခ) မောရှေ၏ သွန်သင်ချက်ကို ပြန်လည်သတိပြုခြင်းဖြစ်သည်။
အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွားခြင်း၊
သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊ တရားဟောရာကျမ်း ၁၀း ၁၂
၁) ဘုရားသခင်တောင်းသော အမှုဖြစ်သည်။
၂) ထာဝရဘုရားကို ကြောက်ရွံ့ရန်။
၃) ထာဝရဘုရား၏ နည်းဥပဒေသအတိုင်း လိုက်လျှောက်ရန်။
၄) ထာဝရဘုရားကို ချစ်ရန်။
၅) ထာဝရဘုရားကို စိတ်ဝိညာဉ်အားလုံးနှင့် အစေခံရန်။
၄။ ထာဝရဘုရားသည် အမှုအရာအားလုံးကို တရားစီရင်မည်။
က) ထာဝရဘုရားသည် အစဉ်အကဲဖြတ်မည်။
ခ) ထာဝရဘုရားသည် တရားစီရင်တော်မူမည်။
ဂ) ထာဝရဘုရားသည် လူ၏အမှုအရာအားလုံးကို ကြည့်ရှုတော်မူသည်။
ကျွန်တော်တို့အဖို့ စိန်ခေါ်မှုများ
၁။ သမ္မာတရားကို ရှာဖွေတွေ့ရှိရန်။
၂။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကို ကျင့်သုံးရန်။
၃။ ထာဝရဘုရား၏ပညတ်တော်များကို ပြည့်စုံစေရန်။
၄။ ထာဝရဘုရားကို သစ္စာရှိစွာ အစေခံရန်။