“ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍”
နိဒါန်းမိတ်ဆက်ခြင်း
၁။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ လက်တွေ့ကျသော အရာတစ်ခုရှိသည်။
၂။ ထို့ကြောင့် ဤခံယူချက်ကို ဆာလံကျမ်းနှင့် သုတ္တံကျမ်းများတွင် အမျိုးမျိုးသော စာရေးဆရာများက ဖော်ပြထားသည်။
ပိုင်ဆိုင်လိုသော စာရင်းအချက်အလက်တချို့
ဒါဝိဒ်၏သားတော်ဖြစ်သော ဣသရေလရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား၊
ပညာတရား၊ နည်းဥပဒေသတရားကို သိ၍ ဉာဏ်နှင့် ယှဉ်သောစကားးကို နားလည်မည်အကြောင်း၊
လျစ်လျူစွာဆုံးဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊
မိုက်သောသူသည် လိမ္မာ၍ လူပျိုသည် ပညာသတိနှင့် ပြည့်စုံမည်အကြောင်း၊
ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွားရလိမ့်မည်။
ဉာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတု့ိကို၎င်း၊
နားလည်သောနိဿရည်ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။
လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။ သုတ္တံကျမ်း ၁း၁-၇
၁။ ဉာဏ်ပညာနှင့် သင်ကြားမှုကို ပိုင်ဆိုင်ရန်
၂။ နားလည်နိုင်သော စကားလုံးများကို လေ့လာဆည်းပူးရန်၊
၃။ တရားမျှတခြင်း၊ တရားစီရင်ခြင်းနှင့် သာတူညီမျှခြင်းတို့၌ အမြော်အမြင်ရှိရန်။
၄။ သမ္မာသတိရှိရန်၊
၅။ ထာဝရဘုရားကို ကြောက်ရွံ့သောစိတ် ပိုင်ဆိုင်ရန်။
ထာဝရဘုရားကို ကြောက်ရွံ့တတ်ဖို့ ရှာဖွေရာမှာ အရေးကြီးသော လမ်းညွန်ချက်
ငါ့သား၊ သင်သည် ပညာစကားကို နားထောင်၍၊ စေတနာစိတ်နှင့် ဉာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊
ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊ သိပ္ပံအတတ်ကို ခေါ်၍ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်၎င်း၊
ငွေကို ရှာတတ်သကဲ့သို့ ပညာကို ရှာ၍၊ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းသကဲ့သို့၊ ဉာဏ်ကို စူးစမ်းလျှင်၎င်း၊
ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍ ဘုရားသခင်ကို သိသော ဉာဏ်နှင့် ပြည့်စုံလိမ့်မည်။ သုတ္တံကျမ်း ၂း၁-၅
၁။ ပညာကို လွယ်လွယ်ကူကူ မရနိုင်ပေ။
၂။ ပညာကို ရရှိဖို့ တောင်းဆိုချက်များ
က) ပညာစကားများကို လက်ခံရန်၊
ခ) အမိန့် (သွန်သင်ချက်) များကို ရှာဖွေရန်၊
ဂ) ပညာကို နားစွင့်ရန်၊
ဃ) ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းရန်၊
င) သိပ္ပံအတတ်ကို ခေါ်ရန်၊
စ) ဉာဏ်နောက်သို့ အသံကို လွင့်ရန်၊
ဆ) ငွေကို ရှာတတ်သကဲ့သို့ ပညာကို ရှာရန်၊
ဇ) ဝှက်ထားသော ဘဏ္ဍာကို စူးစမ်းသကဲ့သို့ ဉာဏ်ကို စူးစမ်းရန်၊
ဤအရာများကို ဇွဲလုံးဝရှိရှိဖြင့် ကြိုးစားခြင်း ရှိရမည်။
၃။ ဘုရားသခင် အပ်နှံပေးသော ဆုကျေးဇူး
က) ဘုရားသခင်ကို ကြောက်ရွံ့ခြင်း
ခ) ဘုရားသခင်ကို သိသောဉာဏ်
ဘုရားသခင်၏ ကိုယ်ပိုင်အခွင့်အာဏာ
အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သောဉာသည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။
ဖြောင့်မတ်သောသူတို့အဖို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့် ကျင့်သောသူတု့ိကို ကွယ်ကာတော်မူ၏။
မိမိသန့်ရှင်းသူတို့သည် တရားလမ်းကို စောင့်ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံစေတော်မူ၏။
ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊
လျစ်လျူစွာဆုံးဖြတ်ခြင်းမှစ၍ ကောင်းသောလမ်းရှိသမျှကို သိနားလည်လိမ့်မည်။ သုတ္တံကျမ်း ၂း၆-၉
၁။ ထာဝရဘုရားပေးတော်မူမည့် အရာသည် သူ၏အခွင့်အာဏာဖြစ်သည်။
၂။ ထာဝရဘုရားပေးနိုင်သည့်အရာများမှာ –
က) ဉာဏ်ပညာ
ခ) ဘုရားကု နားလည်နိုင်သောဉာဏ်
ဂ) နားလည်နိုင်သော ဉာဏ်
၂။ ထာဝရဘုရား၏ လမ်းစဉ်ကို သေသေချာချာ နားလည်သဘောပေါက်ခြင်းရှိရမည်။
က) သူသည် ဖြောင့်မတ်သောသူကို ဉာဏ်ပညာ သိုထားပေးည်။
ခ) သူသည် ဖြောင့်မတ်စွာ အသက်ရှင်သောသူများအတွက် အကာအကွယ်ဖြစ်သည်။
ဂ) သူသည် တရားသောလမ်းစဉ်ကို ဦးဆောင်လမ်းပြသည်။
ဃ) သူသည် သူတော်စဉ်တု့ိ၏ လမ်းစဉ်ကို စောင့်ရှောက်သည်။
င) သူသည် နားလည်တတ်သော ဉာဏ်နှင့် သိပ္ပံအတတ်တို့ကို ပေးသနားသည်။
၁) မဖြောင့်မတ်မှုနှင့် တရားမျှတမှု၊
၂) သာတူညီမျှမှုနှင့် ကောင်းမွန်သောလမ်းကြောင်းတိုင်း၊
ကြိုးစားသူတိုင်းမှာ တန်ဖိုးရှိသည်။
၁။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းနှင့် ဉာဏ်ပညာကို ရှာဖွေခြင်းသည် ချီးမွမ်းဖွယ်သည်။
၂။ ဉာဏ်ပညာနှင့် ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသို့ ရောက်ရှိရန် ဖြတ်လမ်းမရှိပေ။
၃။ ထာဝရဘုရား၏ ဆုကျေးဇူးသည် ကြိုးစားအားထုတ်မှုတိုင်းအား တရားမျှတစေသည်။