Bethany Independent Presbyterian Church

Myanmar

“ငါ့ကိုကြောက်ရွံ့၍…သွန်သင်စေခြင်းဌါ…” တရားဟောရာကျမ်း ၄း ၁ဝ

“ငါ့ကိုကြောက်ရွံ့၍…သွန်သင်စေခြင်းဌါ…” တရားဟောရာကျမ်း ၄း ၁ဝ


နိဒါန်း

၁။ တရားဟောရာကျမ်း

က။ ပညတ်တော် ထပ်မံပြောဆိုမှု ဖြစ်သည်။

ခ။ ပညတ်တော် ကူးယူခြင်းဖြစ်သည်။

၂။ တရားတော်ဟောကြားချက်များ

က။ မောရှေမှ တိုက်တွန်းနှိုးဆော်ခြင်း

ခ။ များစွာသောအရာတို့ကို မီးမောင်းထိုး၍ အလေးနက်ဖော်ပြရန်။

၁။ သူ့လူမျိုးတော်အတွက် ဘုရားသခင်ပြုပြီးသောအမှုအားလုံးတို့ကို အောက်မေ့ရန်ဖြစ်သည်။

၂။ ဘုရားသခင်၏ နည်းဥပဒေသများနှင့် ပညတ်တော်တို့ကို ပြန်လည်ဆင်ခြင်ရန်ဖြစ်သည်။

၃။ ထာဝရဘုရားသခင်အား ကြောက်ရွံ့ခြင်းသဘောကို သင်ယူရန်ဖြစ်သည်။

 

ဘုရားသခင်၏ နှုတ်ထွက်စကားတော် အလွန်ကြည်ညိုလေးစားခြင်း

၁။ အို ဣသရေလအမျိုးတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား

ပေးတော်မူသောပြည်ကို ဝင်စားမည်အကြေင်း၊ သင်တို့ကျင့်စရာဖို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်ကို နားထောင်ကြလော့။

၂။ ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်းမနှုတ်ပယ်ရ။

ငါမှာထားသည်အတိုင်း၊ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။

၃။ ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။

ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ထဲက သုတ်သင်ပယ်ရှားတော်မူပြီ။

၄။ သင်တို့ဘုရားသခင် ထာဝရဘုရား၌ မှီဝဲသမျှသော သင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။ တရားဟောရာကျမ်း ၄း ၁-၄

၁။ မောရှေ၏ သွန်သင်ချက်များ

က။ ထုံးဖွဲ့ချက်များ

ခ။ စီရင်ချက်များ

ဂ။ ပညတ်တော်များ

၂။ အရေးကြီးသော ချဉ်းကပ်ရမည့် နည်းလမ်း

က။ အသစ်မသွင်းရ။

ခ။ အလျင်းမနှုတ်ပယ်ရ။

ဂ။ ဤအရာသည် ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ရမည့် လမ်းစဉ်ဖြစ်သည်။

၃။ သင့်လျော်သော အောက်မေ့ခြင်းနှင့် တုန့်ပြန်ခြင်း

က။ ဘုရားသခင် ပြုတော်မျူသော ကာကွယ်ခြင်းနှင့် ထောက်ပံ့ခြင်း

ခ။ သင့်လျော်သောတုန့်ပြန်ချက်သည် ဘုရားသခင်၌ ခိုင်ခံ့စွာတည်နေခြင်းဖြစ်သည်။

 

ဉာဏ်ပညာ

၅။ သင်တို့သည် သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဖို့၊ ငါ၏ ဘုရားသခင် ထာဝရဘုရား

မှာထားတော်မူသည် အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။

၆။ သို့ဖြစ်၍ ထိုပညတ်တရားတို့ကိုကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရားရှိသမျှတို့ကို

ကြားရသောလူမျိုးရှေ့မှာ သင်တို့၏ ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊

ဤကြီးမြတ်သောလူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့် ပြည့်စုံသောအမျိုးဖြစ်ဟု ဆိုကြလိမ့်မည်။ တရားဟောရာကျမ်း ၄း ၅-၆

၁။ ဘုရားသခင်၏ နှုတ်ထွက်စကားတော် နာခံလိုက်နာခြင်း

က။ ဤအရာသည် တောင်းဆိုချက်ဖြစ်သည်။

ခ။ ဤအရာသည် လိုချင်တောင့်တသောဆန္ဒဖြစ်သည်။

ဂ။ ဤအရာသည် အကြံပေးချက်ဖြစ်သည်။

၂။ အကျိုးရလဒ်များ

က။ ပညာသည် ထင်ရှားလျက်ရှိ၏။

ခ။ ဉာဏ်သည်လည်း အတည်ပြုလျက်ရှိ၏။

ဂ။ “ကြီးမြတ်သော လူမျိုး”

 

ရာဇဝင်တွင်သော သမိုင်းအဖြစ်အပျက်ကို အောက်မေ့ခြင်း

၁။ ငါတို့သည် ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရားသခင်ထာဝရဘုရားကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကို

ခံရသည်နည်းတူ အခြားသောဘုရား ကြည့်ရှုပြုစုသောကျေးဇူးကို အဘယ်မည်သော လူမျိုးကြီး ခံရသနည်း။

၈။ ငါသည် ယနေ့သင်တို့၌ ထားသောတရားအပေါင်းနှင့်အမျှ ဖြောင်းမတ်သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီးရှိသနည်း။

၉။ သင်တို့သည် ဟောရပ်အရပ်မှာ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊

ကိုယ်တိုင်မြင်ရသော အမှုအရာတို့ကို မမေ့လျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ် သတိပြုကြလော့။

ကိုယ်စိတ်နှလုံးကို ကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။

၁ဝ။ ထိုအခါ ထာဝရဘုရားက၊ လူတို့ကို ငါ့ထံမှာ စုဝေးသေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍

သားမြေးတို့အား သွန်သင်စေခြင်းဌါ၊ ငါ့စကားကိုကြားစေမည်ဟု ငါ့အား အမိန့်တော်ရှိသည်အတိုင်း၊ တရားဟောရကျမ်း ၄း ၇-၁ဝ

၁။ ဟောရပ်အရပ် (သိနာတောင်)

၂။ ဘုရားသခင်သည် သူ့လူမျိုးတော်တို့ထံ ချဉ်းကပ်သည်။

၃။ သူသည် မောရှေထံ ဤစကားကို မှာထားတော်မူ၏။

က။ လူများတို့ကို ထာဝရဘုရားထံ စုဝေးစေရန်ဖြစ်သည်။

ခ။ ထာဝရဘုရား၏ စကားကိုကြားရသောအခွင့်သည် ထာဝရဘုရားပေးတော်မူ၏။

၄။ ဤအရာအတွက် အဓိကအကြောင်းရင်းသည် ဘယ်အရာဖြစ်သနည်း။

က။ ငါ့ကိုကြောက်ရွံ့ခြင်းသဘောကို သင်ယူနိုင်ဖို့အလိုဌါ

ခ။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အသက်တာအတွက်ဖြစ်သည်။

ဂ။ သားမြေးတို့ကို သွန်သင်ရန်ဖြစ်သည်။

 

စိန်ခေါ်ချက်

၁။ ထာဝရဘုရားကို သင့်လျော်စွာ တုန့်ပြန်ရန်

၂။ နှုတ်ကပတ်တော် တန်ဖိုးထားခြင်းကို သင်ယူရန်

၃။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောကို သင်ယူရန်

၄။ ကျွန်ုပ်တို့၏ သားမြေးတို့ကို သွန်သင်ရန်။

Close menu