Bethany Independent Presbyterian Church

Myanmar

ငါဖြစ်သည်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကိုထောမနာသီချင်းဆိုမည်

ငါဖြစ်သည်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကိုထောမနာသီချင်းဆိုမည်


နိဒါန်း

၁။ လမ်းညွှန်ချက်ကိုတွေ့မြင်နိုင်ပါသည်။

၂။ ကောင်းမွန်စွာတုန့်ပြန်ရန်နှိုးဆော်ခြင်း

 

ဘုရားသခင်၏စီရင်ပြုပြင်တော်မူသောအရာမှ နှိုးဆော်ခြင်း

၂၄။ အိုထာဝရဘုရား၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည်အလွန်များပြားပါ၏။

ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။

၂၅။ မရေတွက်နိုင်သော တွားတတ်သောတိရစ္ဆာန်အစရှိသော တိရစ္ဆာန်ကြီးငယ်အများတို့နေရာ ကြီးမားကျယ်ဝန်းသော သမုဒ္ဒရာလည်းရှိပါသေး၏။

၂၆။ ထိုအရပ်၌ သဘောၤတို့သည် သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းဌါ

ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်းရှိပါ၏။ ဆာလံကျမ်း ၁၀၄း ၂၄-၂၆

၁။ ဘုရားသခင်၏ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။

၂။ ပညာတော်အားဖြင့်ဖန်ဆင်းတော်မူ၏။

၃။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။

၄။ ကြီးမားကျယ်ဝန်းသော သမုဒ္ဒရာသည်လည်း စီရင်ပြုပြင်တော်မူသောအရာဖြစ်၏။

က။ မရေတွက်နိုင်သော တွားတတ်သောတိရစ္ဆာန်ကြီးငယ်တို့

ခ။ သဘောၤတို့သည်လည်း သွားလာကြ၏။

 

ခပ်သိမ်းသောအရာတို့သည် ထာဝရဘုရားအား မျှော်လင့်တော်မူကြ၏။

၂၇။ ထိုသို့သောတိရစ္ဆာန်အပေါင်းတို့သည် အချိန်တန်လျှင်အစာကျွေးတော်မူစေခြင်းဌါ၊ ကိုယ်တော်ကိုမျှော်လင့်လျက်နေကြ၏။

၂၈။ ကိုယ်တော်ချထားတော်မူသည်အတိုင်းသူတို့သည် သိမ်းယူကြပါ၏။

လက်တော်ကိုဖွင့်တော်မူသောအားဖြင့်၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြပါ၏။

၂၉။ မျက်နှာတော်ကို လွှဲတော်မူလျှင် သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင် သူတို့သည်သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။

၃၀။ တစ်ဖန် ဝိညာဉ်တော်ကို လွှတ်၍ သူတို့ကို ဖန်ဆင်းတော်သဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင်တော်မူ၏။ ဆာလံကျမ်း ၁၀၄း ၂၇-၃၀

၁။ တိရစ္ဆာန်အပေါင်းတို့သည် ထာဝရဘုရားကျွေးမွေးတော်မူခြင်းကို မျှော်လင့်နေကြပါ၏။

၂။ ထာဝရဘုရားသည် သူတို့ကို အချိန်တန်လျှင် သစ္စာရှိစွာကျွေးမွေးတော်မူ၏။

၃။ ဘုရားသခင်၏ အလွန်အရေးပါသော အခန်းကဏ္ဍ

က။ ထာဝရဘုရားသည် အသက်ပေးတော်မူ၏။

ခ။ ထာဝရဘုရားသည် အသက်ကိုလည်းထိန်းသိမ်းတော်မူ၏။

ဂ။ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူလျှင်၊ အားလုံးသောသူတို့သည် ပင်ပန်းကြပါ၏။

ဃ။ သူတို့အသက်ကိုရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်မြေမှုန့်သို့ပြန်သွားကြပါ၏။

င။ အသက်ဖန်ဆင်းရန် ဝိညာဉ်တော်ကို လွှတ်တော်မူ၏။

စ။ မြေကြီးမျက်နှာကို အသစ်ပြုပြင်တော်မူ၏။

 

ထာဝရဘုရားသခင်၏ ဘုန်းတော်

၃၁။ ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲတည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။

၃၂။ မြေကြီးကို ကြည့်ရှုတော်မူ၍သူသည် တုန်လှုပ်တတ်၏။ တောင်တို့ကိုတို့တော်မူ၍ သူတို့သည် မီးခိုးထွက်တတ်ကြပါ၏။ ဆာလံကျမ်း ၁၀၄း ၃၁-၃၂

၁။ ဆန္ဒ (၂) ခုဖော်ပြချက်-

က။ ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲတည်ပါစေ။

ခ။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်ပါစေ။

၂။ ထာဝရဘုရားသခင်၏ ကြီးမြတ်တော်မူခြင်း

က။ မြေကြီးကိုကြည့်ရှုတော်မူ၍ သူတို့သည် တုန်လှုပ်တော်မူ၏။

ခ။ တောင်တို့ကို တို့တော်မူ၍ သူတို့သည် မီးခိုးထွက်တတ်ကြပါ၏။

 

တုန့်ပြန်ချက်

၃၃။ ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။

၃၄။ ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဖွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။

၃၅။ ပြစ်မှားသောသူတို့ကို မြေကြီးမှ သုတ်သင်ပယ်ရှင်း၍၊ မတရားသောသူတို့သည် နောက်တစ်ဖန်မဖြစ်ရကြ။

အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းချီးပေးလော့။ ဟာလေလုယ။ ဆာလံကျမ်း ၁၀၄း ၃၃-၃၅

၁။ အသက်ရှင်စဉ် ထာဝရဘုရားသခင်အား သီချင်းဆိုရန်ဖြစ်၏။

၂။ ငါဖြစ်သည် ကာလပတ်လုံး၊ ထာဝရဘုရားသခင်ကို ထောမနာသီချင်းဆိုရန်ဖြစ်၏။

၃။ ဥဒါန်းကျူးသောအသံသည် ထာဝရဘုရားသခင်၏ နှစ်သက်ဖွယ်သောအမှုဖြစ်ရန်ဖြစ်၏။

၄။ ထာဝရဘုရားသခင်၌ ရွှင်လန်းရန်ဖြစ်၏။

၅။ ပြစ်မှားသောသူတို့နှင့် မတရားသောသူတို့၏ အကြောင်းနှင့်စပ်လျဉ်း၍-

က။ သူတို့သည် မြေကြီးမှ သုတ်သင်ပယ်ရှင်းရန်။

ခ။ သူတို့သည် နောက်တစ်ဖန်မဖြစ်ရန်။

 

စိန်ခေါ်ချက်

၁။ ထာဝရဘုရားကို ကောင်းချီးပေးရန်ဖြစ်၏။

က။ ရိုးသားဖြောင့်မတ်စွာ

ခ။ လုံ့လဝီရိယရှိစွာ

ဂ။ သစ္စာရှိစွာ

၂။ ထာဝရဘုရားကို ထောမနာသီချင်းဆိုရန်ဖြစ်၏။

က။ တစ်ဦးချင်း၏ စိန်ခေါ်ချက်

ခ။ ထာဝရဘုရားသခင်ကို သင့်လျော်သော တုန့်ပြန်ခြင်း