ဤမျှလောက်သော ယုံကြည်ခြင်း ရှင်မဿဲ ၈း ၁ဝ၊ လုကာ ရး ၉
နိဒါန်း
၁။ သခင်ယေရှု၏ နိမိတ်လက္ခဏာများသည် ခရစ်ဝင်ကျမ်းများ၌ မှတ်တမ်းတင်ပါသည်။
၂။ သခင်၏သာသနာလုပ်ငန်း၌ နိမိတ်လက္ခဏာသည် အရေးကြီးသော အခန်းကဏ္ဍအဖြစ်ပါဝင်သည်။
က။ ထိုအရာများသည် သခင်၏သာသနာကို တိုးမြှင့်ပေးသည်။
ခ။ ဘုရားသခင်၏တန်ခိုးတော်ကို ပေါ်လွင်ထင်ရှားစေသည်။
ဂ။ လူအပေါင်းတို့အဖို့ များစွာသောအထာက်အကူဖြစ်သည်၊
သူတို့၏အနာရောဂါများငြိမ်းစေသောကြောင့်ဖြစ်သည်။
၃။ သခင်၏နိမိတ်လက္ခဏာများသည် မှတ်သားဖွယ်သော သင်ခန်းစာများကို နက်နဲစွာပေးသည်။
မရှိမဖြစ်အရးကြီးသော သမိုင်းအချက်အလက်များ
၁။ ၁ ရာစုတွင် ရောမမှ အရှေ့အလယ်ပိုင်းဒေသကို အုပ်ချုပ်သောကာလဖြစ်သည်။
၂။ ရောမတပ်မှူးများသည် အလွန်ကြီးမားသော ရောမအင်ပါယာ၌ ရောမငြိမ်းချမ်းရေးထိန်းသိမ်းခြင်းကို ကူညီသည်။
၃။ များစွာသောလူတို့သည် အလွန်ရက်စက်ကြမ်းကြုတ်သော ရောမသခင်များကို နာကျည်း၊ ကြောက်ရွံ့နေကြသည်။
ဤတရားဟောချက်အသစ်၏ ရည်ရွယ်ချက် ပန်းတိုင်များ-
၁။ သခင်ယေရှုပြုတော်မူသော နိမိတ်လက္ခဏာများကို အသစ်တစ်ဖန်ဆင်ခြင်၍ တန်ဖိုးထားရန်။
၂။ ယုံကြည်ခြင်း၏အခန်းကဏ္ဍကို ရှာဖွေရန်။
၃။ ကျွနု်ပ်တို့၏ယုံကြည်ခြင်းသည် သခင်ယေရှု၌ စိုက်ပျိုးခြင်းခံဖို့အလိုဌါ စိန်ခေါ်ခြင်းခံရန်။
ထူးခြားသော ရောမတပ်မှူး
၁။ ကပေရနောင်မြို့၌ရောမ တပ်မှူးတစ်ယောက်ရှိခဲ့သည်။
၂။ သူ၏တပ်သားများနှင့် သူ့ကျွန်များအပါအဝင် အလွန်ပင်ဂရုစိုက်ခဲ့ပါသည်။
၃။ ကပေရနောင်မြို့၌ရှိသောသူများ၏ အလွန်ကြည်ညှိခြင်းခံသော တပ်မှူးဖြစ်ပါသည်။
၄။ တပ်မှူးအားကျေးဇူးပြုရန် သူတို့သည် ကိုယ်စားလှယ်အဖွဲ့ကို သခင်ယေရှုအားတောင်းလျှောက်ရန် စေလွှတ်ကြသည်။
၅။ သူတို့သည် တပ်မှူးအား သခင်ယေရှုထံ ချီးကျူးစကားပြောကြသည်။
က။ သူသည် ကျေးဇူးတော်ကို ခံထိုက်သောသူဟု လုကာ ရး ၄
၁။ သူ၌အလွန်နာလျက် သေခါနီးရှိဖြစ်သော ကျွန်တစ်ယောက်ရှိ၏။
၂။ အကူအညီ (ချမ်းသာပေးသောသူ) မရှိပါက၊ ကျွန်သည် သေဖို့သာဖြစ်ပါ၏။
ခ။ သူသည် ဣသရေလလူမျိုးများကို နှစ်သက်၏။ လုကာ ရး ၅
ဂ။ သူတို့အဖို့အလိုဌါ တရားဇရပ်ကို ဆောက်ပေူပါသည်။ လုကာ ရး ၅ (ခ)
ဃ။ ဤအရာသည် အလွန်ကြုံတောင့်ကြုံခဲ ရောမ တပ်မှူးတစ်ယောက်ဖြစ်ပါသည်။
သခင်ယေရှု၏ တုန့်ပြန်ချက်
၁။ သခင်ယေရှုသည် ယုဒလူကိုယ်စားလှယ်အဖွဲ့နှင့်အတူ တပ်မှူး၏အိမ်သို့ကြွတော်မူ၏။ လုကာ ရး၆ (က)
၂။ သူသည် တပ်မှူးအိမ်နှင့် မနီးမဝေးတွင်ရှိ၏။ လုကာ ရး ၆(ခ)
၃။ သခင်ယေရှုအား တပ်မှူးအိမ်သို့ကြွဝင်တော်မူရန်မလိုအပ်ကြောင်းပြောရန် သူငယ်ချင်းတစ်ချို့ကို သခင်ယေရှုထံ စေလွှတ်လေ၏။
၄။ သူပြောသော စကားများသည် အလွန်အံ့သြစရာကောင်းပါသည်။ လုကာ ရး ၆-၇
တပ်မှူး၏ အလွန်အံ့သြစရာကောင်းသော စကားလုံးများ
၆။ သခင်၊ ကိုယ်ကိုပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မခံထိုက်ပါ။
၇။ ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ရောက်ထိုက်သောသူမဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။
အမိန့်တော်တစ်ခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည်ချမ်းသာရပါလိမ့်မည်။
၈။ ဥပမာ၊ အကျွနု်ပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍တစ်ဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။
တစ်ဦးကိုလာခဲ့ဟုခေါ်လျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။ လုကာ ရး ၆-၈
၁။ သူသည် သခင်ယေရှုကို သူ့အိမ်၌လက်ခံရန် မထိုက်တန်ကြောင်းပြောဆိုသည်။
၂။ သူသည် သခင်၌ရှိသော အခွင့်အာဏာနှင့်တန်ခိုးကို ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း ကြေညာသည်။
၃။ သခင်လုပ်ဆောင်ရန်လိုအပ်သောအရာသည် “အမိန့်တော်တစ်ခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။ လုကာ ရး၇
သခင်ယေရှု၏ ချီးကျူးခြင်း
၉။ ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့သြခြင်းရှိ၍ နောက်တော်၌လိုက်သောသူများကို လှည့်ကြည့်လျက်၊
ငါဆိုသည်ကား၊ ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။ လုကာ ရး ၉
၁ဝ။ ထိုစကားကို ယေရှုသည်ကြားလျှင်၊ အံ့သြခြင်းရှိ၍ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။
၁၁။ ငါဆိုပြန်သည်ကား၊ လူများတို့သည် အရှေ့အရပ်၊ အနောက်အရပ်မှလာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့။
၁၂။ နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊
ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတံ့ဟု နောက်တော်သို့လိုက်သောသူတို့အားမိန့်တော်မူပြီးမှ၊
၁၃။ တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။
ထိုခဏချင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ရောက်လေ၏။ မဿဲ ၈း ၁ဝ-၁၃
၁။ သခင်ယေရှုသည် ရောမတပ်မှူး၏ ယုံကြည်ခြင်းကို ချီးမွမ်းသည်။
က။ ဤမျှလောက်သောယုံကြည်ခြင်းရှိသည်။
ခ။ သခင်ယေရှုဖြတ်သန်းလာခဲ့သော ဣသရေလအမျိုးတစ်လျှောက်လုံး၌ရှိသော သူအားလုံးထက် သူ၏ယုံကြည်ခြင်းသည် ပို၍ကြီးမား၏။
၂။ တပ်မှူး၏ငယ်သားသည် ထိုခဏချင်းတွင် အနာရောဂါကင်း၍ သက်သာခြင်းသို့ရောက်လေ၏။
က။ ဤအရာသည် တပ်မှူး၏ယုံကြည်ခြင်းကို ရိုသေလေးစားရန်ဖြစ်သည်။
ခ။ ဤအရာသည် ယုံကြည်ခြင်းကင်းမဲ့သော ဣသရေလလူမျိုးများကို ဆုံးမရန်လည်းဖြစ်သည်။
၃။ နိုင်ငံတော်သားဟု ခေါ်ဝေါ်သောအရာသည်
က။ ဤစကားစုသည် ဣသရေလလူမျိုးများကိုဖော်ပြရန်အသုံးပြုသောစကားလုံးဖြစ်သည်။
ခ။ “နိုင်ငံတော်သားများ” ဟု သူတို့ကိုယ်တိုင်ကြွေးကြော်သည်။
ဂ။ သို့သော် မရှိမဖြစ်လိုအပ်သော သခင်ယေရှု၌ယုံကြည်ခြင်းကင်းမဲ့နေဆဲဖြစ်သည်။
ဃ။ ပြင်အရပ်မှောင်မိုက်ထဲသို့နှင်ချခြင်းကို သူတို့ကိုယ်တိုင်ရှာတွေ့လိမ့်မည်။
ကျွန်ုပ်တို့တွက် စိန်ခေါ်ချက်
၁။ ကျွန်တော်တု့ိ ရှိရန် ဝန်ခံသည်သော ယုံကြည်ခြင်းကို စစ်ဆေးရန်ဖြစ်သည်။
၂။ ကြီးမားသောယုံကြည်ခြင်းကို စိုက်ပျိုးရန် မိမိကိုယ်မိမိစိန်ခေါ်ရန်ဖြစ်သည်။
၃။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မိမိအသက်တာ၌ သတ္တိရှိစွာ အသုံးချရန်ဖြစ်သည်။