အသစ်သော အရာတို့ကို ယခု ငါဟော၏ ဟေရှာယ ၄၂း ၉
နိဒါန်း
၁။ လူတစ်ချို့သည် သူတို့ဘဝကို ငြီးငွေ့ကြသည်။
က) သူတို့သည် မောပန်းနေကြသည်။
ခ) ဘဝကို စိတ်ပျက်စရာလို့ မြင်ကြသည်။
ဂ) သူတို့အတွက် ကောင်းကင်အောက်မှာ စိတ်ဝင်စားစရာအသစ်မရှိပေ။
၂။ ဤကဲ့သို့သော ဘဝခံယူချက်ကို စိန်ခေါ်ရန် ဘုရားသခင်ဆင်းလက်လာသည်။
က) သခင်သည် အသစ်သောအရာကို ကြေငြာမည်ဖြစ်သည်။
ခ) သခင်သည် အသစ်သောအရာများကို ဖော်ပြပေးမည်။
မျှော်လင့်စရာ စကား
၈ ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအား ၎င်း၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား၎င်း ငါမပေး။
၉ အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ။ အသစ်သော အရာတို့ကို ယခု ငါဟော၏။ မပေါ်လာမှီ သင်တို့အား ငါပြနှင့်၏။ ဟေရှာယ ၄၂း ၈-၉
၁။ ဤအချက်များသည် ကြေငြာချက်၏ နိဒါန်းသာဖြစ်သည်။
၂။ ဘုရားသခင်သည် သူပြုမည့်အမှုသစ်တို့ကို ဖော်ပြလိမ့်မည်။
ဘုရားသခင်ပြုမည့် အမှုသစ်များ
၁ ယာကုပ်အမျိုး၊ ဣသရေလအနွှယ်၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မစိုးရိမ်နှင့်။
သင့်ကို ငါရွေးနှုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။
၂ သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။
မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။
၃ အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
သင့်ကိုရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်၏။
သင့်ကိုရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။
၄ သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏။ ထို့ကြောင့်၊
သင့်အတွက် လူတို့ကို၎င်း၊ သင်၏အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။
၅ မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။
၆ အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့်ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊
၇ ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။
၈ မျက်စိရှိလျက်ပင် မျက်စိကန်းသောသူနှင့်၊ နားရှိလျက်ပင် နားပင်းသောသူတို့ကို ဆောင်ခဲ့လော့။ ဟေရှာယ ၄၃း ၁-၈
၁။ ဘုရားသခင်သည် သူ၏လူတို့ကို ကယ်တင်လိမ့်မည်။
၂။ သူ၏ အတူပါရှိခြင်းသည် ထိုသူတို့၏ အထူးကွယ်ကာရာ ဖြစ်လိမ့်မည်။
၃။ သူ၏ လူတို့အား စုသိမ်းလိမ့်မည်။
၄။ သူ၏ ဘုန်းအဖို့ ထိုသူတို့အား ပြုပြင်လိမ့်မည်။
၅။ ကန်းသောသူသည် မြင်လာလိမ့်မည်။
၆။ နားပျင်းသောသူသည်လည်း ကြားလိမ့်မည်။
အသစ်အသစ်သော အမှုများ
19 ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြလိမ့်မည်။
အကယ်စင်စစ် တော၌လမ်းကို၎င်း၊ လွင်ပြင်၌စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။
၂၀ မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲတို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။
အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။
၂၁ ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။ ဟေရှာယ ၄၃း ၁၉-၂၁
၁။ မမျှော်လင့်သော အမှုများ
က) သဲကန္တာရ၌ လမ်း
ခ) သဲကန္တာရ၌ မြစ်
ဂ) သဲကန္တာရ၌ ရေ
၂။ ဘုရားသခင်၏ ကျွေးမွေးပြုစုခြင်း
က) သူ၏ လူတို့အား သောက်စရာရေပေးမည်။
ခ) သူရွေးချက်ထားသော သူ၏လူများအဖို့
ဂ) ဘုရားသခင်သည် သူကိုလူတို့အား အထူးဖွဲ့စည်းထားသည်။
ယ) ထိုသူတို့သည် ဘုရားသခင်အား ချီးမွမ်းကြလိမ့်မည်။
နိဂုံး
၁။ ဘုရားသခင် ပြုတော်မူသောအမှုများကို မြင်တတ်ပြီး တန်ဖိုးထားမြတ်နိုးတတ်ရန်။
၂။ သူ၏ နာမည်တော်အား ထောမနာပြုရန်။
၃။ ဘုရားသခင်၌ အလွန်ဝမ်းမြောက်ခြင်းရှိရန်။