Bethany Independent Presbyterian Church

Myanmar

အသက်ရေထွက်ရာ စမ်းရေတွင်း ယောဟန် ၇

အသက်ရေထွက်ရာ စမ်းရေတွင်း ယောဟန် ၇


နိဒါန်း

၁။ သခင်ယေရှုသည် လူများအတွက် အငြင်းပွါးဖွယ်ဖြစ်သည်။

က။ ဘာသာရေးခေါင်းဆောင်များသည် သူ့ကို ဖျက်ဆီးရန် ရှာကြံကြသည်။

“ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောဌါ ရှာကြံကြ၏။” ယောဟန် ရး၁

ခ။ သူ့ညီတော်များကပင် ကိုယ်တော်ကို မယုံကြည်ကြ

“ညီတော်တို့ပင် မယုံကြည်ကြ” ယောဟန် ရး၅

ဂ။ လူအပေါင်းတို့သည် သခင်ယေရှုကို ဆန့်ကျင်၍ အငြင်းပွါးကြသည်။

“လူစုအဝေးတို့သည် ကိုယ်တော်ကို အကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။” ယောဟန် ရး၁၂

ဃ။ ကွဲပြားသော ထင်မြင်ချက်များ

၁။ တစ်ချို့က၊ သူသည် သူတော်ကောင်းဖြစ်သည်ဟု ပြောကြ၏။ ယောဟန် ရး၁၂

၂။ တစ်ချို့က၊ သူသည် သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖျားသည်ဟူ၍ ပြောကြ၏။  ယောဟန် ရး၁၂

၂။ ဘာသာရေးခေါင်းဆောင်များသည် “ယုဒလူမျိုးတို့သည်” သခင်ကို ငြင်းပယ်ကြသည်ဟု ပြောကြသည်။

က။ သူ၏ ပညာမသင်ယူခြင်း အတွက်။

“ဤသူသည်စာမသင်ဘဲလျက် အဘယ်သို့တတ်ဘိသနည်းဟုဆိုကြ၏။” ယောဟန် ရး၁၅

ခ။ နတ်ဆိုးတို့ိနှင့်အတူ ပူပေါင်းခြင်း အတွက်။

“သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။” ယောဟန် ရး ၂၀

 

သခင်ယေရှု၏ ခုခံကာကွယ်ခြင်း

၁။ သူ၏ သွန်သင်ခြင်းနှင့် စပ်လျဉ်း၍

က။ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ယောဟန် ရး ၁၆

ခ။ ငါ့ကို စေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏။ ယောဟန် ရး ၁၆

ဂ။ ဤအရာသည် အလွန်ပင်အရေးကြီးလျက် အပြောင်းလဲမရှိ ဟောပြောသော သမ္မာတရားဖြစ်သည်။

၂။ ဘယ်လိုနည်းအားဖြင့် တစ်ယောက်သောသူသည် သူ၏သွန်သင်ခြင်းကို နားလည်နိုင်မည်နည်း။

က။ “ထိုသူ (စေလွှတ်သောသူ) ၏အလိုတော်သို့လိုက်ချင်သောသူ” ယောဟန် ရး ၁၇

ခ။ “သူသည် ဒေသနာတော်ကို ပိုင်းခြား၍ သိလိမ့်မည်။” ယောဟန် ၁ရး၁၇

၁။ “ဤဒေသနာ်တော်သည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော။”

၂။ “ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလော။” ယောဟန် ၁ရး ၁၇

ဂ။ မှန်ကန်သော သွန်သင်ချက်သည် နားလည်နိုင်သည်။

၁။ ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် မဟုတ်။

၂။ သို့သော် ဘုရားသင်၏အလိုတော်သို့ လိုက်နာကျင့်သုံးခြင်းအားဖြင့်ဖြစ်သည်။

၃။ တရားစီရင်ခြင်းဆိုင်ရာ ပြသနာ

“မျက်နှာကိုသာကြည့်၍တရားမစီရင်ကြနှင့်။ တရားသဖြင့်စီရင်ကြလော့။” ယောဟန် ရး ၂၄

က။ သခင်သည် မျက်နှကိုသာကြည့်၍ တရားစီရင်ခြင်းခံသည်။

ခ။ ထိုသူကို တရားစီရင်သောသူမည်သည်ကား ထိုသူကို အမှန်မသိ။

ဂ။ အကြောင်းတစ်စုံတစ်ရာကို အခြေခံ၍ သူ့ကိုအပြစ်ရှာကြသည်။

၁။ ဥပုဒ်နေ့နှင့် ပတ်သက်၍

၂။ ရှေးဓလေ့ကို လိုက်နာခြင်း

၃။ ဝတ်ပြုရန်ထုံးနည်းများကို လိုက်နာခြင်း

 

သခင်ယေရှုကို ပို၍ပြင်းထန်လာသော ဆန့်ကျင်တိုက်ခိုက်ခြင်း

၁။ ဤအရာသည် “ဖာရိရှဲတို့နှင့် ယဇ်ပုရောဟိတ်အကြီးတို့သည်” တိုင်ပင်နေကြသည်။ ယောဟန် ရး ၃၂

၂။ ကိုယ်တော်ကို ဖမ်းဆီးစေခြင်းဌါ မင်းလုလင်တို့ကို စေလွှတ်ကြ၏။ ယောဟန် ရး ၃၂

 

သတိပေးသော စကား

၁။ ခဏတာ နေပြီးလျှင်

ယေရှုကလည်း၊ ငါသည် သင်တို့နှင့်အတူခဏသာနေပြီးလျှင်

ငါ့ကိုစေလွှတ်တော်မူသောသူထံသို့သွားရမည်။ ယောဟန် ရး ၃၃

က။ သခင်ယေရှု၏ အချိန်ရောက်လုနီးပါသည်။

ခ။ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်သွားရလိမ့်မည်။

၂။ သခင်ကိုတိုက်ခိုက်ခြင်း၏ အန္တရာယ်

“သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြ။” ယောဟန် ရး ၃၄

က။ တစ်နေ့၊ သူတို့သည် သခင်ကိုရှာကြလိမ့်မည်။ သို့သော်လည်းမတွေ့ရကြ။

ခ။ သခင်ရှိရာအရပ် ကောင်းကင်ဘုံသို့ သူတို့သည် ဝင်ရမည်မဟုတ်။

ဂ။ သခင်ကို ညှင်းဆဲခြင်းသည် သူ့ကို ငြင်းပယ်ခြင်းဖြစ်သည်။

ဃ။ အကျိုးဆက်အားဖြင့်၊ သူတို့သည်လည်း ငြင်းပယ်ခြင်းခံရလိမ့်မည်။

၃။ သို့သော်လည်း ဘာသာရေးခေါင်းဆောင်များသည် ဤသမ္မာတရားအကြောင်းနားမလည်ကြပေ။

“သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်၊ ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟူသော

စကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။” ယောဟန် ရး ၃၆

က။ သခင်ယေရှု ဘာဆိုသည်ကို သူတို့သည် မသိနားမလည်ကြ။

ခ။ သခင်ဘာသွန်သင်သည်ကို သူတို့လုံးဝ နားမလည်ပေ။

ဂ။ သူတို့၏ စိတ်နှလုံးတို့သည် ပိတ်ခြင်းခံရ၏။

 

ခမ်းနားကြီးကျယ်သော ကတိတော်ကို လက်ခံရန် ဖိတ်ခေါ်ခြင်း

၃၇။ ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သော နေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍သောက်ကြလော့။

၃၈။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

၃၉။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။

ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။ ယောဟန် ရး ၃၇-၃၉

၁။ သခင်ယေရှုထံသို့ လာရန်ဖြစ်သည်။

က။ သူပေးမည့် အသက်ရေကို သောက်ရန်ဖြစ်သည်။

ခ။ သခင်ယေရှုကို အပြည့်ဝ ယုံကြည်ရန် ဖြစ်သည်။

၂။ သန့်ရှင်းသောဝါညာဉ်တော်နှင့်ဆိုင်သော ကတိတော်

က။ သူသည် စိတ်နှလုံးမှ အသက်ရေ စီးဆင်းစေလိမ့်မည်။

ခ။ စိတ်နှလုံးသည် အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လာလိမ့်မည်။

၃။ ရှင်းလင်းသော ပုံဥပမာ

က။ ဤအရာသည် တမန်တော်ဝတ္ထု ၂ ၌ မှတ်တမ်းတင်ခဲ့သည်။

ခ။ သစ္စာရှိသော၊ ယုံကြည်သော တပည့်တော်များထံသို့ သန့်ရှင်းသော ဝိညာဉ်တော်ပေးခြင်းခံသည်။

ဂ။ တပည့်တော်များ၏ စိတ်နှလုံးသည် အသက်စမ်းရေ စီးဆင်းသည်။

ဃ။ သူတို့၏ အသက်တာ်သည် လေးနက်စွာ ထိရောက်၍ ထာဝရပြောင်းလဲခြင်းရှိကြသည်။

 

နိဂုံး

၁။ အသက်ရေနှင့်ဆိုင်သော ကတိတော်

၁၀။ ယေရှုကလည်း၊ ဘုရားသခင့်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဖို့ရေပေးပါဟုဆိုသောသူကား

အဘယ်သူဖြစ်သည်ကို ၎င်း၊ သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်ဟု ပြန်၍မိန့်တော်မူသော်၊

၁၁။ မိန်းမက၊ သခင်၌ရေခပ်စရာမရှိ။ ရေတွင်းလည်းနက်သည် ဖြစ်၍ အသက်ရေကို အဘယ်သို့ရပါမည်နည်း။

၁၂။ ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အားပေး၏။ သူ့ကိုယ်တိုင်မှစ၍ သားသမီး၊

တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလောဟု ဆို၏။

၁၃။ ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တစ်ဖန်ရေငတ်ဦးမည်။

၁၄။ ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်လိမ့်မည်။

ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်အလိုဌါ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ယောဟန် ၄း ၁၀-၁၄

၂။ အသက်ရေထွက်ရာ စမ်းရေတွင်းနှင့်ဆိုင်သော ကတိတော်

၃၈။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ယောဟန် ရး ၃၈