Bethany Independent Presbyterian Church

Myanmar

အမွေတော်ကို ကောင်းကြီးမဂ်လာပေးတော်မူပါ ဆာလံကျမ်း ၂၈

အမွေတော်ကို ကောင်းကြီးမဂ်လာပေးတော်မူပါ ဆာလံကျမ်း ၂၈



နိဒါန်း

၁။ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို လေးလေးနက်နက်ရှာခြင်း

၂။ ရိုးသားစွာဖြင့် ဟော်ဟစ်တောင်းခံခြင်း

 

ကျောက်ဖြစ်တော်မူသော ထာဝရဘုရားထံဆုတောင်းခြင်း

၁ အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။

မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရပါမည်။

၂ အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊

အကျွန်ုပ်တောင်းလျှောက်သောအသံကို နားထောင်တော်မူပါ။ ဆာလံ ၂၈း ၁-၂

၁။ ဘုရားသခင်အား ဟော်ဟစ်တောင်းခံခြင်း

၂။ အသနားခံခြင်းကို ပုံဖော်ကာ လက်ကိုချီကာတောင်းလျောက်ခြင်း

၃။ ကိုယ်တော်ကို အသနားခံခြင်း

၄။ ကိုယ်တော်၏ တိတ်ဆိတ်ခြင်းကို ကြောက်ရွံ့ခြင်း

 

မတရားသောသူ

၃ အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ်သောသူတည်းဟူသော

ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။

၄ သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။

၅ သူတို့သည် ထာဝရဘုရား၏အမှုတော်ကို၎င်း၊ လက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသော ကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။ ဆာလံကျမ်း ၂၈း ၃-၅

၁။ ဖော်ပြထားသော မတရားသူသူတို့

က) ဒုစရိုက်အပြစ်ကို ပြုသောသူများ

ခ) အကျိုးကို ဖျက်စီးလိုသော စိတ်နှလုံးရှိသူများ

ဂ) မတရားသောအမှု၌ ကြိုးပမ်းအားထုတ်သောသူများ

ယ) ထာဝရဘုရားကို သိမှတ်ခြင်းမရှိသောသူများ

၂။ ထာဝရဘုရား၏ တရားစီရင်ခြင်း

က) သူတို့နှင့်ထိုက်တန်သော အကျိုးကိုရလိမ့်မည်။

ခ) ထိုသူတို့သည် တရားစီရင်ခြင်းကို ခံရမည်။

ဂ) လုံးလုံးဖျက်စီးခြင်းခံရလိမ့်မည်။

 

ထာဝရဘုရား၏ ကောင်းကြီးမဂ်လာများ

၆ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း။

၇ ငါတောင်းလျှောက်သောအသံကို နားထောင်တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။

ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကိုစောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။

သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်းမည်။ ဆာလံကျမ်း ၂၈း ၆-၇

၁။ ဆုတောင်းခြင်း၊ အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့်။

၂။ ကွယ်ကာတော်မူသောကြောင့်

၃။ ခွန်အားနှင့်ပြည့်စေတော်မူသောကြောင့်

၄။ ကိုယ်တော်သည် ကြီးစွာချီးမွမ်းခြင်းကို ခံထိုက်တော်မူသည်။

 

ကိုယ်တော်၏ လူမျိုးတော်အတွက် ဆုတောင်းခြင်း

၈ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။

၉ ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော်ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။ ဆာလံကျမ်း ၂၈း ၈-၉

၁။ ကိုယ်တော်နှင့် ဘိသိက်ခံသောသူ

က) ဘိသိက်ခံသော အစေခံကျွန်

ခ) ဘိသိက်ခံသောသူများ

၂။ ကိုယ်တော်သည်

က) သူတို့၏ ခွန်းအားဖြစ်တော်မူသည်။

ခ) သူတို့၏ ကယ်တင်ခြင်းအကြောင်းဖြစ်တောမူသည်။

၃။ ကိုယ်သည် အောက်ဖော်ပြပါအချက်များကိုလည်း လုပ်ဆောင်တော်မူမည်။

က) သူ၏ လူများကို ကယ်တင်တောမူမည်

ခ) အမွေတော်ကို ကောင်းကြီးမဂ်လာပေးတော်မူမည်။

ဂ) ထိုသူတို့ကို အုပ်ထိန်းတော်မူမည်။

ယ) ထိုသူတို့အား ထာဝရချီးမြှောက်တော်မူမည်။

 

စိန်ခေါ်မှုများ

၁။ ကိုယ်တော်ကို လေးလေးနက်နက်ရှာရန်

၂။ ကိုယ်တော်ကို လေးလေးနက်နက်ယုံကြည်ရန်

၃။ ကိုယ်တော်ကို နှိမ့်ချစွာ စောင့်မျှော်ရန်

၄။ ဝမ်းမြောက်ရွှင်လန်းခြင်းအပြည့်နှင့် ချီးမွမ်းရန်