Bethany Independent Presbyterian Church

Myanmar

အပ်ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သာသနာ ဧဖတ် ၃

အပ်ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သာသနာ ဧဖတ် ၃



နိဒါန်း

၁။ ဘုရားသခင်၏ ကျေးဇူးတော်သည် ကောင်းချီးမင်္ဂလာများစွာ ဖြစ်စေသည်။

က။ ကယ်တင်ခြင်း

ခ။ သန့်ရှင်းစင်ကြယ်စေခြင်း

ဂ။ အစေခံခြင်း

၂။ ရှင်ပေါလုသည် ကိုယ့်ကိုယ်ကို အပ်နှံထားသည်

က။ အစေခံခြင်း၏ ပုံဥပမာ အဖြစ်

ခ။ အထူးသဖြင့် အသင်းတော်၌

 

သူကိုယ်တိုင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းသော သက်သေခံခြင်း

1 အကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။

2 သင်တို့အကျိုးကို ထောက်၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သာသနာကို

သင်တို့ကြားသိရသည်နှင့်အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။

3 ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊

ဘုရားသခင်သည် ဗျာဒိဏ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။

4 ထိုစကားကိုဘတ်ရွတ်လျှင်၊ ခရစ်တော်၏ နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရ ကြမည်။

5 ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊

ယခုကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။

6 ထိုနက်နဲသောအရာဟူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊

တလုံးတဝတကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း။

7 တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊

ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ။ ဧဖတ် ၃း ၁-၇

၁။ ဘုရား၏ ကျေးဇူးတော် သာသနာ

က။ ဒီအရာသည် အမူတော်နှင့် ဆိုင်သော ရှင်ပေါလု၏ သက်သေခံချက်ဖြစ်သည်

ခ။ ရှင်ပေါလု၏ သာသနာ

၁၊ ခရစ်တော်၏ နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို

၂၊ ဗျာဒိဏ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။

၂။ ဘုရား၏ ကျေးဇူးတော်ကို ကိုယ်တွေ့ ခံယူခြင်း

က။ ဘုရား၏ ဝိညာဉ်သည် အံ့ဖွယ်သော သမ္မတရား ဖွင့်ပြသည်

ခ။ ရှင်ပေါလုက ဘုရား၏ ကျေးှဇူးတော်ပါဝင်ခြင်း ဝန်ခံသည်

ဂ။ အမှုတော်မြတ်၌ ဘုရား၏ တန်ခိုးကို ခံစားရရှိကြောင်း ဖော်ပြသည်။

 

ဘုရား၏ ကျေးဇူးတော် ဟောပြောခြင်း၏ သတ်သေခံခြင်း

8 စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါး အမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊

အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်း တော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော

ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊

9 သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။

10 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊

11 ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊

ဘုရားသခင်၏ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း။

12 ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ။

13 ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့်။ ဧဖတ် ၃း ၈-၁၃

၁။ အငယ်ဆုံးသော သူထက်သာ၍ ငယ်သော

က။ တပါး အမျိုးသားတို့အား ဟောပြောခြင်း အခွင့်အရေး

ခ။ ဘုရားသခင်၏ ထာဝရ အကြံစည်တော် ဖွင့်ပြခြင်း

၂။ ဘုရားသခင်၏ထူးဆန်းသော ပညတ်တော်ကို ဖွင့်ပြခြင်း

က။ စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏

ခ။ ကျန်တော်တို့မှာ ရှိသော ဘုရားသခင်အား တိုးဝင်နိုင်ခြင်း

၁၊ သခင်ယေရှုခရစ် အားဖြင့်

၂၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် အားဖြင့် (၂း ၁၈)

 

အစဉ်မပြတ် ဆုတောင်းခြင်းအကြောင်း သတ်သေခံချက်

14 အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော

တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊

15 ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။

16 ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ၍၊

17 ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊

ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊

18 သင်တို့သည်သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊

19 ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ၎င်း၊

သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။

20 ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊

21 ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ ဧဖတ် ၃း ၁၄-၂၁

၁။ အဖ ဘုရားထံ ဆုတောင်းခြင်း

၂။ ဘုရားသခင်အား အသနားခံခြင်းများ

က။ ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေရန်

ခ။ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူ

ဂ။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် မိမိ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူရန်

၁၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊

၂၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊

ဃ။ ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါရန်

၃။ စိတ်ချမှု

က။ ကျန်တော်တို့ တွေးနိုင်၊ တောင်းနိုင်တာထက် ဘုရားသခင်သည် တက်နိုင်သည်

ခ။ ကျန်တော်တို့၌ အလုပ်လုပ်နေသော ကြီးမားတဲ့ တန်ခိုးရှိသည်

၄။ ဘုန်းကြီးကို ပိုင်သော ဘုရားအဖြစ် မှတ်ယူခြင်း

က။ အသင်းတော်တွင် ဘုရား၏ ဘုန်းတော်ကို မြင်တွေ့ရန်ဖြစ်သည်

ခ။ ထိုဘုန်းတော်သည် ဘုရားအတွက်သာ ဖြစ်စေရန်

ဂ။ ထာဝရ ထာဝရ ဖြစ်စေရန်

ကျန်တော်တို့ အတွက် စိန်ခေါ်မှူ

၁။ နတ်နဲစွာ သွင်သင်ခြင်း ခံဖို့ရန်

၂။ ကြီးမာတဲ့ ခွန်အား ဖြစ်စေရန်

၃။ နုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ရန် ဆက်ကပ်ကြစို့။