Bethany Independent Presbyterian Church

Myanmar

အဆုံးတိုင်အောင် ချစ်တော်မူ၏ ယော ၁၃

အဆုံးတိုင်အောင် ချစ်တော်မူ၏ ယော ၁၃



နိဒါန်း

၁။ သခင်ယေရှု၏ ချစ်ခြင်းကို သူ၏နောက်လိုက်များကို ဆက်ဆံပုံ၌ သိသာထင်ရှားစွာ မြင်ရတယ်။

၂။ သူတို့ကို သုံးနှစ်လုံးသင်ကြားသွန်သင်ခြင်းအမှုတို့အား အပြုအမူအချို့နှင့် မှတ်ချက်ပေးလို့ရတယ်။

က) ကျေးဇူးတော်

ခ) ဂရုဏာတော်

ဂ) စာနာ၊သနားခြင်း

ယ) နားလည်မှု

ဤအချက်များသည် တပည့်တော်များအပေါ် စစ်မှန်သောမေတ္တာတော်ကို ဖော်ပြပေးသည်။

 

အံ့ဖွယ်သောမေတ္တာတော်ကို ဖော်ကျူးခြင်း

ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊

ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။ ရှင်ယောဟန် ၁၃း ၁

၁။ သခင်ယေရှု အသေခံမည့်အချိန် နီးလာသည်။

၂။ တပည့်တော်များအပေါ်ထားတဲ့ မေတ္တာ

က) လောက၌ရှိသော မိမိလူတို့ကို ချစ်တော်မူသည်။

ခ) အဆုံးတိုင်အောင် ချစ်တော်မူသည်။

၃။ သူ၏ မေတ္တာတော်

က) မိမိကိုယ်မိမိအပ်နှံသည်။

ခ) တသမတ်တည်းဖြစ်သည်။

ဂ) ခိုင်မာသည်။

ယ) အသက်ဆုံးတိုင်အောင် ဆက်ချစ်သည်။

 

ရှင်းလင်းသော ဘုရားသခင်၏ မေတ္တာတော် ဖော်ပြချက်များ

၁။ တပည့်တော်တို့အား သူ့နောက်လိုက်ရန် တစ်ဦးချင်းခေါ်ခဲ့သည်။

က) တစ်ဦးသည် အခွန်ခံဖြစ်သည်။

ခ) နောက်တစ်ယောက်သည်လည်း ကာနနိတ်လူဖြစ်သည်။

၂။ သူသည် ရွေးခေါ်ပြီး တပည့်တော်များဖြစ်စေသည်။

က) ထိုသူတို့သည် နိမ့်ကျသောသူများဖြစ်ကြသည်။

ခ) အများစုသည် ဂါလိလဲတံငါသည်များဖြစ်ကြသည်။

ဂ) သူတို့သည် ပညာတတ်များမဖြစ်ကြပေ။

၃။ အသက်တာပြောင်းလဲစေနိုင်သော နက်နဲသောသမ္မာတရားဖြင့် မိတ်ဆက်ပေးခဲ့သည်။

က) မဂ်လာတရားတော်များ

ခ) ငါသည်ဟူသော သူ၏ခုနှစ်ခုသော ရှင်းလင်းသော ကြေငြာချက်များ

၄။ ထိုသူတို့အား ပြုပြင်ပြောင်းလဲပေးခဲ့သည်။

က) လွဲမှားစွာ နားလည်ကြသောအခါ

ခ) ကြောက်ရွံ့တုန်လှုပ်သောအခါ

ဂ) လွဲမှားသောစိတ်ဝိညာဉ်ရှိကြသောအခါ

၅။ စာနာ၊သနားခြင်းကို ပြသခဲ့သည်။

က) လူထုများထံသို့

ခ) စာနာသနားခြင်းတရားကို ကြိုးစားသွန်သင်ပေးခဲ့သည်။

၆။ ရန်သူများက သူတို့ကို တိုက်ခိုက်လာသောအခါ ကာကွယ်ကယ်တင်သူဖြစ်သည်။

က) ဖာရိရှဲများသည် သူတို့ကိုအပြစ်ရှာနေကြသည်။

ခ) သူတို့သည် တပည့်တော်တို့အား တိုက်ခိုက်သည်။

၇။ စိတ်ရှာစွာ ဆက်လက်သွန်သင်ပေးခဲ့သည်။

က) သူတို့နားမလည်နိုင်သောအခါ

ခ) သူတို့တန်ဖိုးမထားတတ်သောအခါ

ဂ) သံသယရှိကြသောအခါ

 

အချင်းချင်းချစ်ရန် ပေးထားသောအမိန့်တော်

31 ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။

32 ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။

33 ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။

ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။

34 သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။

35 သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၁၃း ၃၁-၃၅

၁။ သခင်ယေရှုသည် အသေခံရန် ကြောက်ရွံ့ခြင်းမရှိပေ။

၂။ ဆရာမရှိတော့တဲ့အခါ တပည့်တော်များအဘယ်သို့ဖြစ်လာကြမည်နည်း။

၃။ သူတို့အား ပညတ်တော်အသစ်ပေးခဲ့သည်။

က) သူတို့အားချစ်သကဲ့သို့

ခ) အချင်းချင်းချစ်ကြရမည်ဖြစ်သည်။

ဂ) ထိုသို့ သခင်ယေရှုတပည့်တော်ဖြစ်သည့်ကို သက်သေထူနိုင်မည်ဖြစ်သည်။

ယ) ချစ်ခြင်းမေတ္တာသည် သခင်ယေရှုတပည့်တော်ဖြစ်ခြင်း၏ အမှတ်အသားဖြစ်သည်။

 

နိဂုံး

၁။ သခင်ယေရှုသည် အလွန်ထူးချွန်သောဆရာဖြစ်သည်။

က) သာမာန်လူတို့အား ထူးခြားပြောင်မြောက်သောတမာန်တော်များဖြစ်စေသည်။

ခ) ခက်ခဲ၊ရှုပ်ထွေးသောသမ္မာတရားကို နားလည်စေသည်။

၂။ သခင်ယေရှုသည် ကယ်တင်ရန်မွေးဖွားလာသည်။

က) များစွာသော ညှင်းပန်းနှိပ်စက်ရန်ရှိသည်။

ခ) အသက်စတေးကာ အပြစ်လောကကိုကယ်တင်ရန် ပြင်ဆင်ထားသည်။

၃။ ကျွန်တော်တို့ဝန်ခံနိုင်လား

က) သခင်ယေရှုအား အမှန်တကယ်ချစ်တဲ့အကြောင်း

ခ) ကယ်တင်ရှင်ကို ပိုပိုချစ်တတ်လာတဲ့အကြောင်း

ဂ) သူ့ကို လေးလေးနက်နက်ချစ်တဲ့အကြောင်း

ယ) ထိုသခင်၏ မိသားစုဝင်ဖြစ်သည်နည်းတူ အချင်းချင်းချစ်ကြသည့်အကြောင်း