Bethany Independent Presbyterian Church

Myanmar

အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍။ မဿဲ ရး ၂၁-၂၉

အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍။ မဿဲ ရး ၂၁-၂၉



နိဒါန်း

၁။ သခင်ယေရှု၏ အမှုတော်မြတ်သည် အဓိကကဏ္ဍကြီးလေးခုပါဝင်သည်။

က) သတင်းကောင်းကို ဟောပြောခြင်း။

ခ) တပည့်တော်တို့ကို သွန်သင်ခြင်း။

ဂ) နေမကောင်းသောသူများကို ကျန်းမာစေခြင်းနှင့်

ယ) နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းအမှုတို့ဖြစ်ကြသည်။

၂၃ ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊

လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။

၂၄ သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊ လက်ခြေသေသောသူမှစသော

အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။

၂၅ ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊

ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ မဿဲ ၄း ၂၃-၂၅

၂။ အောင်မြင်ဖြစ်မြောက်သော သခင်ယေရှု၏ အမှုတော်များ

က) သိသာထင်ရှားသော အမှုဖြစ်သည်။

ခ) ထူးခြားပြောင်မြောက်သော အမှုဖြစ်သည်။

 

တပည့်တော်တို့ကို မွေးထုတ်ခြင်း

၁။ ဤအမှုသည် သခင်ယေရှုအထူးအာရုံစိုက်သော အမှုဖြစ်သည်။

၂။ များစွာသောသူများတို့အား ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ခေါ်ဆောင်ရန်လိုအပ်သည်။

၃။ တပည့်တော်ဖြစ်သည်နှင့်အမျှ ယုံကြည်ခြင်းအရာတွင် သွန်သင်ခြင်းများစွာလိုအပ်ကြသည်။

၄။ သွန်သင်လမ်းပြခြင်းမရှိလျှင် ယုံကြည်သူများရှင်သန်ကြီးထွားခြင်းမရှိနိုင်ပေ။

၁၈ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊

ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊

၁၉ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ

ငါပြုမည်ဟု အမိန့်တော်ရှိလေသော်၊  ၂၀ ထိုသူတို့သည် ချက်ခြင်း ၄း ၁၈-၂၂

 

သခင်ယေရှု၏ တပည့်ဖြစ်ရန် တောင်းဆိုမှုနှင့် စိန်ခေါ်မှုများ

၁။ သခင်ယေရှုကိုယ်တိုင်၏ ခေါ်ဖိတ်ခြင်း

က) သခင်ယေရှုကို ကယ်တင်ရှင်ဖြစ်သည်ကို ယုံကြည်စိတ်ချမှုရှိရမည်။

ခ) ဘုရားသခင်၏ ကယ်တင်ခြင်းကို ယုံကြည်စိတ်ချမှုရှိရမည်။

၂။ သခင်ယေရှုနောက်လိုက်ခြင်း၏ စိန်ခေါ်မှုများ

က) သခင်ယေရှုသည် အချို့တို့ကို နောက်တော်သို့လိုက်ရန် ခေါ်ဖိတ်ထားသည်။

ခ) ထိုသခင်၏ ခေါ်ဖိတ်ခြင်းကို ရှင်းလင်းစွာ တုန့်ပြန်ရန်ဖြစ်သည်။

၃။ တပည့်တော်တို့အား လေ့ကျင့်သင်ကြားပေးခြင်း

က) နက်နဲသောအရာများကို လေးနက်စွာ သင်ကြားပို့ခြင်းခံရမည်။

ခ) တပည့်တော်တို့သည် ရောက်လာမည့် စိန်ခေါ်မှုများကို မှန်ကန်စွာကျော်လွှားနိုင်ရမည်။

ဂ) လေးနက်ခိုင်မာသော ယုံကြည်ခြင်းကို တည်ဆောက်နိုင်ရမည်။

၄။ သိသာထင်ရှားသော အချက်သုံးချက်

၂၄ ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။

၂၅ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။

အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။

၂၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိ သနည်း။

မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။ မဿဲ ၁၆း ၂၄-၂၆

က) သခင်ယေရှုနောက်လိုက်ရန် ဆန္ဒရှိခြင်း

ခ) မိမိကိုမိမိ ငြင်းပယ်ခြင်း

ဂ) နောက်တော်သို့လိုက်ရန် ခိုင်မာတည်ကြည်သောဆုံးဖြတ်ချက်တို့ဖြစ်သည်။

 

တပည့်တော်ဖြစ်စဉ်တွင် အရေးပါသောသွန်သင်ချက်များ

၁။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅-၇ တွင် တွေ့ရသည်။

၂။ များစွာသော ဓမ္မသြဝါဒတို့ကို သွန်သင်ခဲ့သည်။

၃။ မှားယွင်းသော ဓမ္မသြဝါဒများကိုလည်း ပြင်ဆင်သွန်သင်ခဲ့သည်။

 

သခင်ခရစ်တော် နှုတ်ထွက်စကားတော်၏ နေရာနှင့်တန်ဖိုး

၂၄ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။

၂၅ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။

၂၆ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။

၂၇ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်ဟုဟောတော်မူ၏။

၂၈ ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။

၂၉ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသော သူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။ မဿဲ ရး ၂၄-၂၉

၁။ ယုံကြည်ခြင်းအုတ်မြစ်ကို အောင်မြင်စွာတည်ဆောက်ခြင်း

က) သခင်ခရစ်တော်၏ စကားတော်တို့ကို ကြားနာခြင်း

ခ) သူ၏ ဟောပြောသွန်သင်ချက်များကို လက်တွေ့လိုက်လျှောက်ခြင်း

ဂ) ကျောက်ပေါ်တွင် အိမ်ဆောက်တတ်သော ပညာရှိဖြစ်ခြင်း

၂။ ယုံကြည်ခြင်းအုတ်မြစ်ကို အောင်မြင်အောင်မတည်ဆောက်ခြင်း

က) သခင်ခရစ်တော်၏ စကားတော်တို့ကို ကြားနာခြင်း

ခ) သူဟောပြောသွန်သင်သောအရာတို့ကို လက်တွေ့လိုက်နာရန် ပျက်ကွက်ခြင်း

ဂ) သဲပြင်ပေါ်တွင် အိမ်ဆောက်တတ်သော ပညာမဲ့ဖြစ်ခြင်း

 

နိဂုံး

၁။ သခင်ခရစ်တော်၌ ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ရောက်ရန်။

၂။ သခင်ယေရှုနောက်တော်သို့ လိုက်ရန်

က) တပည့်တော်ဖြစ်သည်နည်းတူ ကိုယ့်ကားတိုင်ကို ထမ်းရမည်။

ခ) ကိုယ့်ကိုကိုယ် ငြင်းပယ်ရမည်။

ဂ) လုံ့လဝီရိယရှိစွာ နောက်တော်သို့လိုက်ရန် ခိုင်မာသောဆုံးဖြတ်ချက်ချရမည်။

၃။ တပည့်တော်ဖြစ်သည်နှင့်အညီ ပြည့်စုံသော အသက်တာကို ရရှိပိုင်ဆိုင်ခြင်း

က) ရှင်သန်ကြီးထွားသော ယုံကြည်ခြင်း

ခ) အောင်မြင်သော ခရစ်ယာန်အသက်တာ

ဂ) သိသာထင်ရှားသော သက်သေ