Bethany Independent Presbyterian Church

Myanmar

သားဦးကို ဤလောကသို့ သွင်း (စေလွတ်) တော်မူသည် (ဟေဗြဲသြဝါဒ ၁း၅-၁၄)

သားဦးကို ဤလောကသို့ သွင်း (စေလွတ်) တော်မူသည် (ဟေဗြဲသြဝါဒ ၁း၅-၁၄)


<strong>နိဒါန်း

၁။ ယေရှုဘုရားမှာ ဘုန်းကြီးသော ဘွဲ့နာမ မြောက်များစွာရှိသည်။

၂။ အချက်တစ်ခုချင်းစီတွင် သခင်ယေရှု၏ ထူးခြားသောသွင်ပြင်လက္ခဏာများ ပါဝင်သည်။

၃။ ခိုင်းနှိုင်းချက်များကို တွေ့ရသည်။

က။ သခင်ယေရှုကို ဘုရားသခင်၏ ကောင်းကင်တမန်များနှင့် ခိုင်းနှိုင်းတင်ပြသည် (ဟေဗြဲ ၁)

ခ။ သခင်ယေရှုကို လူသားနှင့် ယေဘုယအားဖြင့် နှိုင်းယှသ်သည် (ဟေဗြဲ ၂)

ဂ။ သခင်ယေရှုကို မောရှေနှင့် ခိုင်းနှိုင်းသည် (ဟေဗြဲ ၃း၃)

 

ဘုရားသခင်၏ ကောင်းကင်တမန်များ

၁။ သူတို့မှာ တန်ခိုးနှင့် အခွင့်အာဏာရှိကြသည်။

၂။ ကောင်းကင်တမန်များကို ဖော်ပြသည့် သာဓကများ

က။ ကောင်းကင်တမန် ဂါဗြေလသည် ဇာခရိကို စကားမပြောနိုင်ရန် လုပ်ပိုင်ခွင့် အာဏာရှိသည် (လုကာ ၁) ။

ခ။ သိုးထိန်းများသည် ကောင်းကင်တမန်ရှေ့မှောက်တွင် တုန်လှုပ်သွားကြသည် (လုကာ ၂)။

 

သခင်ယေရှုကို ကောင်းကင်တမန်များနှင့် ခိုင်းနှိုင်းချက်

၁။ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သောသူ

ကောင်းတမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊

ကောင်းကင်တမန်တု့ိထက် ကြီးမြတ်သောသူဖြစ်တော်မူ၏။ (ဟေဗြဲ ၁း၄)

က။ ပိုကောင်းတဲ့ နာမည် –

– ကြေငြာချက်ဖြစ်သည်။

– ဘုရားသခင်၏ အမိန့်တော်ဖြစ်သည်။

ခ။ အမွေဆက်ခံခြင်းမှာ –

– ဘုရားသခင်က အပ်နှင်းခြင်းဖြစ်သည်။

– ဘုရားသခင် အတည်ပြုပေးသည်။

၂။ ကောင်းကင်တမန်များသည် သားတော်ကို ကိုးကွယ်ကြသည်။

တနည်းကား သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ ဘုရားသခင်၏ ကောင်းကင်တမန်အပေါင်းတို့သည်

ထိုသူကို ပျပ်ဝပ်ကိုးကွယ်ကြစေ ဟု လာသတည်း။ (ဟေဗြဲ ၁း၆) ။

က။ သခင်ယေရှုကို သားဦး ဟု ခေါ်သည်။

ခ။ သားဦးဟု ခေါ်ခြင်းသည် သူ့၏ ဖန်ဆင်းခြင်းကို ရည်ညွန်းနေခြင်း မဟုတ်ပါ။

ဂ။ သားဦးဟု ခေါ်ခြင်းသည် သူ၏ ရာထူးကို ဖော်ပြသော ဘွဲ့နာမဖြစ်သည်။

ဃ။ တန်ခိုးကြီးသော ကောင်းကင်တမန်တို့သည် သူ့ကို ကိုးကွယ်ကြရမည်။

၃။ ကောင်းကင်တမန်များသည် အမှုဆောင်သော ဝိညာဉ်များသာဖြစ်ကြသည်။

တနည်းကား၊ မိမိတမန်တို့ုကို လေကဲ့သို့၎င်း၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့၎င်း

ဖြစ်စေတော်မူထသော ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း (ဟေဗြဲ ၁း၇)

ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတံ့သောသူတို့ကို

ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ်ဖြစ်သြည် မဟုတ်လော့။ (ဟေဗြဲ ၁း၁၄)

က။ ကောင်းကင်တမန်များသည် နာမ်ဝိညာဉ်များ ဖြစ်ကြသည်။

ခ။ သူတို့သည် ဘုရားသခင်၏ အမှုတော်ဆောင် (အစေခံ) များ ဖြစ်ကြသည်။

ဂ။ ယုံကြည်သူများထံသို့ စေလွှတ်ခြင်းခံရသောသူများ ဖြစ်ကြသည်။

 

မောရှေနှင့် ခိုင်းနှိုင်းချက်

အိမ်ကို ဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသောအသရေရှိသကဲ့သို့ ယေရှုသည်

မောရှေထက်သာ၍ ကြီးသောအသရေကို ခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာ အကြောင်းရှိ၏။ (ဟေဗြဲ ၃း၃)

၁။ သစ္စာစောင့်ခြင်း

မောရှေသည် ဘုရားသခင်၏ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ယေရှုသည် မိမိကို

ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။ (ဟေဗြဲ ၃း၂)

က။ မောရှေသည် အိမ်တော်၌ ဘုရားသခင်ကို သစ္စာရှိစွာ အစေခံသည်။

ခ။ ယေရှုဘုရားသည် ဘုရားသခင်၏ ခန့်ထားသောအမှုပေါ် သစ္စာစောင့်ခဲ့သည်။

၂။ အစေခံကျွန်အဖြစ် သစ္စာစောင့်သီးခြင်း

မောရှေသည် နောက်ပြောလတံ့သောအရာတို့ကို သက်သေခံခြင်းအလိုငှါ၊ အစေခံကဲ့သို့ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်၏ (ဟေဗြဲ ၃း၂)

က။ မောရှေသည် သစ္စာရှိသော ကျွန်တစ်ဦးဖြစ်သည်။

ခ။ ၎င်းသည် သူရရှိသော သက်သေကောင်းဖြစ်သည်။

၃။ သားကဲ့သို့ ယေရှုဘုရားသခင်

ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌ ၎င်း၊ မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သော

ဂုဏ်ယူဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင် ထိုအိမ်တော်ဖြစ်သတည်း။ (ဟေဗြဲ ၃း၆)

က။ သခင်ယေရှုဘုရားကို အစေခံကျွန်တစ်ယောက်အနေဖြင့်လည်း ဖော်ပြသည်။

ငါထောက်မသော ငါ့ကျွန်ရင်း (ဟေရှာယ ၄၂း၁)

ခ။ သူသည် မိမိအိမ်၌ရှိသော သားတော်ဖြစ်သည်။

– အစေခံရန် မလိုအပ်သော်လည်း အစေခံခြင်းအမှုကို ထမ်းဆောင်သည်။

– သူသည် ဘုရားသခင်၏ သားတော်ဖြစ်သည်။

– သူ့မှာ အခွင့်အာဏာ (လုပ်ပိုင်ခွင့်) နှင့် လုပ်နိုင်စွမ်း တန်ခိုး အားလုံးရှိသည်။

ဗိမာန်တော်ကို သန့်ရှင်းစေရန်၊

ချိုးငှက်ရောင်းသောသူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ၊ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့် ဟု မိန့်တော်မူ၏။ ကိုယ်တော်၏ အိမ်တော်၌

စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ပ်ကို စားပါ၏ ဟူ၍ ကျမ်းစာလာသည်ကို ထိုအခါ တပည့်တော်တို့သည် မှတ်မိကြ၏။ (ယောဟန် ၂း၁၆-၁၇)

 

ယခုနှင့် အန္တာရာယ်များ

ထိုကြောင့် ငါတို့သည် ကြားရသောဒေသနာတော်ကို မမေ့လျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။ ကောင်းကင်တမန်းများအားဖြင့်

ထားတော်မူသောဗျာဒိတ်တော်သည် တည်၍ ပြစ်မှားလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့သည် ခံထိုက်သောအပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊ အစအဦး၌

သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည် ယုံလောက်သောသက်သေအားဖြင့် ငါတို့အား ဆင့်ဆိုဟောပြောသော

ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။

ထိုသောသေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံံ့ဖွယ်သောအမှုအားဖြင့်၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့်၎င်း၊

သန့်ရှင်းသောဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသောဆုကျေးဇူးအားဖြင့်၎င်း သက်သေခံတော်မူပြီ။ (ဟေဗြဲ ၂း၁-၄)

၁။ လွင့်မြောနေခြင်း

၂။ အပြစ်လွန်ကျူးခြင်း၊

၃။ မနာခံခြင်း၊

၄။ လျစ်လျူရှုခြင်း။

 

နိဂိုန်း

ထို့ကြောင့် ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသောကတိတော်သည် ငါတို့၌ ရှိရစ်လျက်နှင့် သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို

စိုးရိမ်ကြကုန်အံ့။ ငါတို့သည် ဝမ်းမြောက်စရာသတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည် ကြားရသောသူတို့အထဲ၌

ယုံကြည်ခြင်းနှင့် မရောနောသောကြောင့် အကျိုးကို မပေး။ ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရကြ၏။ ထိုသို့နှင့်အညီ

ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို

ပြီးစီး၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။ (ဟေဗြဲ ၄း၁-၃)

၁။ ထာဝရဘုရားကို ကြောက်ရွံ့ကြပါစို့။

၂။ ယုံကြည်ခြင်းကို လေ့ကျင့်တည်ဆောက်ကြပါစို့။

၃။ ငါတို့သည် မောရှေလက်ထက်တုန်း၌ ဣသရေလအမျိုးကဲ့သို့ မဖြစ်စေရန် သတိပြုဆင်ခြင်ကြပါစို့။