သာဓု သစ္စာရှိသောငယ်သားကောင်း (မာသဲ ၂၅း ၂၃)
နိဒါန်း
၁။ ကောင်းကင်း နိုင်ငံနှင့်ဆိုင်သော ပုံဥပမာ နောက်တစ်ခု ပြောသည်။
၂။ အထူးပြုသော အချက်သည် သင်းခင်အား အစေခံခြင်း ဖြစ်သည်။
ကောင်းကင်နိုင်ငံ
14 ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍
မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း၊ တဦး၌ ငွေအခွက်ငါးဆယ်၊
15 တဦး၌ အခွက်နှစ်ဆယ်၊ တဦး၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်းသွားလေ၏။
16 အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ကုန်သွယ်ခြင်းကိုပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။
17 ထိုနည်းတူ အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်း၊ အခြားသောအခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။
18 အခွက်တဆယ်ကို ခံသောသူမူကား၊ သွား၍ မြေ၌တွင်းတူးပြီးလျှင် အရှင်၏ငွေကိုဝှက်ထားလေ၏။ မာသဲ ၂၅း ၁၄-၁၈
၁။ လူတဦးသည် အခြားသောပြည်သို့သွားသည်
၂။ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။
က။ ‘ငွေအခွက်’ ဆိုတဲ့ စကားလုံးသည် “အတိုင်းအတာ” ကို ဆိုလိုသည်။
ခ။ မွေးရာပါ အရည်းအချင်း (ဆုကျေးဇူး) ကို မဆိုလိုပါ။
ဂ။ ‘ငွေအခွက်’ တစ်ခွတ်သည် များစွားသော ငွေပမာဏနှင့် တူသည်။
၃။ ဒီ ‘ငွေအခွက်’ များကို အစေခံ ငယ်သားများ၏ အစွမ်းအစနှင့် အညီ ပေးအပ်ခဲ့သည်။
က။ ‘ငွေအခွက်’ ငါးဆယ်ကို အပ်နှံခြင်း ခံသောသူ
ခ။ ‘ငွေအခွက်’ နှစ်ဆယ်ကို အပ်နှံခြင်း ခံသောသူ
ဂ။ ‘ငွေအခွက်’ တစ်ဆယ်ကို အပ်နှံခြင်း ခံသောသူ
၄။ အစေခံ ငယ်သားများ၏ လုပ်ဆောင်ချက်များ
က။ ‘ငွေအခွက်’ ၅၀ ကို အပ်နှံခြင်း ခံသောသူသည် နောက်ထပ် ၅၀ တိုးပွားစေသည်။
ခ။ ‘ငွေအခွက်’ ၂၀ အပ်နှံခြင်း ခံသောသူသည် နောက်ထပ် ၂၀ တိုးပွားစေသည်။
ဂ။ ‘ငွေအခွက်’ ၁၀ ကို အပ်နှံခြင်း ခံသောသူမူကား မတိုးပွားစေပါ။
ငွေစာရင်း ရှင်းခြင်း
19 ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည်လာ၍ သူတို့ကိုစာရင်းယူလေ၏။
20 အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။
အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။
21 အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။
22 အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်နှစ် ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊
23 အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။ မာသဲ ၂၅း ၁၉-၂၃
၁။ အစေခံများ၏ သခင်သည် အိမ်ပြန်ပြီး ငွေစာရင်းများ ရှင်းလင်းခဲ့သည်။
၂။ သခင်သည် ငွေအခွက် ၅ ခု အပ်နှံခြင်း ခံသောသူအား ပြောသည်။
က။ ငွေအခွက် ၅ ခု အပ်နှံခြင်း ခံသောသူ၏ အစီရင်ခံခြင်း
သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။ မာသဲ ၂၅း ၂၀ခ
ခ။ သခင်၏ တုန့် ပြန်ချက်
သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။
သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။ မာသဲ ၂၅း ၂၁
၁။ ချီးမွမ်းခြင်းစကားများ တွေ့ရသည်။
၂။ ဆုချီးမြှင့်ခြင်း ခံသည်။
၃။ သူ့သခင်၏ ပျော်ရွှင်ခြင်း စည်းစိမ်ကို ဝင်စားခွင့်ရသည်။
၃။ သခင်သည် ငွေအခွက် ၂ ခု အပ်ခြင်းခံသူအား ပြောသည်။
က။ ငွေအခွက် ၂ ခု အပ်ခြင်းခံသူ၏ အစီရင်ခံခြင်း
အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊ မာသဲ ၂၅း ၂၂ခ
ခ။ သခင့်ရဲ တုန့်ပြန်ချက်
23 အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။
များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။ မာသဲ ၂၅း ၂၃
ငွေခွတ် ၁ ခု ရသောသူ၏ ဆင်ခြင်မှူပေးခြင်း
၁။ အစေခံကျွန်၏ အစီရင်ခံခြင်း
24 အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်
ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့် မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိ၍၊
25 ကြောက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကို မြေ၌ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။ မာသဲ ၂၅း ၂၄-၂၅
က။ သူ့သခင်သည် ခဲယင်းသောသူဖြစ်ကြောင်း သိသည်။
ခ။ ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်သည်။
ဂ။ မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိသည်။
ဃ။ သူ ကြောက်တဲ့အကြောင်း ဝန်ခံသည်။
င။ အပ်နှံထားသော ငွေအား ဖွတ်ထားသည်။
စ။ အပ်နှံထားသည့် ပမာဏအတိုင်း ပြန်ပေးသည်။
၂။ သခင်၏ တုန့်ပြန်ချက်
26 အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသောငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ်၌ ရိတ်၍၊ ကိုယ် မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင်၊
27 ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်၏။
28 ထို့ကြောင့် အခွက်တဆယ်ကို ထိုသူ၏ လက်မှနှုတ်ကြ။ အခွက်တရာရှိသောသူကို ပေးကြ။
29 အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။
30 အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။ က် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။ မာသဲ ၂၅း ၂၆-၃၀
က။ သခင်သည် သူအား အပြစ်တင်သည်။
ခ။ သခင်သည် ကျွန်၏ အကြောင်းပြချက်မှ သိရသော အချက်များ
၁။ သူသည် ဆိုးညစ်ပျင်းရိသောငယ်သား ဖြစ်သည်။
၂။ သူသည် အနဲဆုံး ငွေကို ပွဲစားလက်သို့အပ်သင့်သည်။
၃။ ထိုသို့လုပ်လျှင် ငွေရင်းနှင့်အတိုးကိုရနိုင်သည်။
ဂ။ သူရထားသော ငွေကိုယူ၍ ငွေ ၁၀ ခု ရှိသူအား ပေးသည်။
ဃ။ ထိုသူ၌ သူ့သခင်၏ ကြွယ်ဝပြည့်စုံစေခြင်း၌ မဝင်နိုင်ပါ။
င။ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။
နိဂုံး
၁။ မရှိမဖြစ် သင်ယူရမည့် သင်ခန်းစာများ
က။ သခင်ယေရှူသည် ကောင်းကင်နိုင်ငံသို့ သွားသည်။
ခ။ ပြီးမြောက်အောင် လုပ်ရမည့် အလုပ်ကို ကျွန်တော်တို့အား အပ်နှံထားသည်။
ဂ။ တနေ့ကြရင်၊ သူသည် ပြန်လာ၍ ကျွန်တော်တို့အား စာရင်းစစ်ရမည်။
ဃ။ ဘယ်ကဲ့သို့သော သူနှင့် တူကြမည်နည်း။
၂။ စိတ်ထဲမှာ ထားရမည့် ကောင်းသော အစေခံ၏ ပုံဥပမာ
က။ တမန်တော် ရှင်ပေါလု
ခ။ သူသည် သခင်ခရစ်တော်မှ အလုပ် ခန့်အပ်ခဲ့သည်။
၁။ တရားဟောဆရာအဖြစ်
၂။ တမန်တော် အဖြစ်
၃။ တစ်ပါး အမျိုးသားတို့၏ အရာအဖြစ်
8 ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့်အကျဉ်းခံရသောသူဖြစ်သောငါကို ၎င်း ရှက်ကြောက်ခြင်းမရှိနှင့်။
ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။
9 ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့
ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။
10 ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှား လျက်ရှိ၏။
ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန် ခြင်းအကြောင်းကို ဧဝံရေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
11 ထိုတရားကို ဟောပြောသောသူအရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ တပါးအမျိုးသားတို့၏ ဆရာ အရာ၌၎င်း ငါ့ကိုခန့်ထားတော်မူပြီ၊
12 ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။
သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ၏။ ၂ တီ ၁း ၈-၁၂