Bethany Independent Presbyterian Church

Myanmar

သမ္မာတရားသည် သင်တို့ကို လွှတ်လိမ့်မည် ရှင်ယောဟန် ၈

သမ္မာတရားသည် သင်တို့ကို လွှတ်လိမ့်မည် ရှင်ယောဟန် ၈



နိဒါန်း

၁။ သခင်ယေရှု၏ သာသနာတော်

က) ကောင်းကင်နိုင်ငံတော်အကြောင်းဟောပြောရန်

ခ) လူများတို့ သူ့ကိုယုံကြည်လာပြီး ထာဝရအသက်ရရှိလာစေရန်

၂။ သခင်ယေရှု၏ အမှုတော်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

က) နမိတ်လက္ခဏာများကို ပြသခဲ့သည်။

ခ) လူတွေယုံကြည်ခြင်းအမှန်ရရန် သူသည် နိမိတ်လက္ခာဏာများကို အသုံးပြုခဲ့သည်။

 

သခင်ယေရှု၏ သာသနာတော်ကို ခုခံခြင်း

၁။ ဂျူးလူမျိုးများ

က) ရှင်ယောဟန်တွင် ဤဝေါဟာရကို ခရစ်ကျမ်းတွင် အသုံးပြုခဲ့သည်။

ခ) ဤစကားလုံးသည် တိကျသောရည်ညွှန်းချက်ရှိသည်

၁) အုပ်စိုးသောမင်းများ

၂) သခင်ယေရှုကို ဆန့်ကျင်သူများ

၂။ ခုခံသော ဂျူးလူများ၏ လုပ်ဆောင်ချက်များ

က) ညည်းညူကြသည်။

ခ) သခင်ယေရှုကို စိန်ခေါ်ကြသည်။

ဂ) သခင်ယေရှုကို နည်းမျိုးစုံစွပ်စွဲချက်ထုတ်ကြသည်။

ယ) သခင်ယေရှုကို အသေသတ်ခြင်းငှာ ဆုံးဖြတ်ကြသည်။

 

အထူးစိန်ခေါ်ချက်များ

၁။ ဂျူးလူတို့သည် မှားယွင်းခြင်းအမှုကို ပြုလျက်သောအမျိုးသမီးအား ခေါ်လာကြသည်။

၂။ ကိုယ်တော်၌ အပစ်တင်ခွင့်ရှိခြင်းငှာ စုံစမ်းနှေက်ယှက်သောအားဖြင့် လျှောက်ကြ၏။

၃။ ဖြစ်နိုင်သော တုန့်ပြန်ချက်သည် ဘာဖြစ်မည်နည်း။

က) သခင်ယေရှုသည် အပစ်တင်ရှုတ်ချမည်လော။

ခ) အပစ်လွှတ်မည်လော။

 

သခင်ယေရှု၏ တိတ်ဆိတ်ခြင်း

၁။ သခင်ယေရှုသည် တုန့်ပြန်ရန် ငြင်းပယ်ခဲ့သည်။

၂။ ဂျူးလူများသည် တိကျသောတုန့်ပြန်ချက်ရရန် ဖိအားပေးကြသည်။

 

နက်နဲသော သခင်ယေရှု၏ အဖြေ

ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊

သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊ ရှင်ယောဟန် ၈း၇

၁။ ဂျူးလူတို့သည် အမျိုးသမီးအား ပစ်သတ်ရန် အဆင်သင့်ဖြစ်ကြသည်။

၂။ သခင်ယေရှုသည် အပစ်ကင်းသည်ဟု မိမိကိုယ်မိမိခံယူသူက စပစ်ရန်စိန်ခေါ်လိုက်သည်။

 

သခင်ယေရှု မိန့်တော်မူသောစကားကို တုန့်ပြန်ခြင်း

၉ ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊

အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။

ယေရှုသည်ယောက်တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည်အလယ်၌ရပ်နေ၏။

၁၀ ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊

သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီ ရင်လော ဟုမေးတော်မူ၏။

၁၁ ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။

သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။ ရှင်ဟောဟန် ၈း ၉-၁၁

၁။ ဂျူးလူများသည် အမျိုးသမီးအား တစ်ယောက်တည်းထားခဲ့ကြသည်။

က) သူတို့၏ သြတ္တပ္ပစိတ်တွင် သူတို့အပြစ်ထင်ရှားခဲ့သည်။

ခ) လူတိုင်းသည် အပြစ်တင်ခြင်းနှင့်ထိုက်တန်သော အပြစ်ကျူးလွန်ကြသည်။

၂။ အမျိုးသမီးထံ သခင့်ဂရုဏာစကား

က) သခင်ယေရှုသည် အပြစ်တင်ရှုတ်ချတော်မမူ။

ခ) အပြစ်ကျူးလွန်ခြင်းထပ်မပြုရန် အားပေးတိုက်တွန်းခဲ့သည်။

 

လောက၏ အလင်း

တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌

မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၈း ၁၂

၁။ သခင်ယေရှုသည် ဤအခြေအနေကို အသုံးချခဲ့သည်

က) လူတို့အား သူပေးသော အလင်းတော်သို့ လာစေရန်

ခ) သူသည် ဤလောကကို အလင်းပေးကမ်းသည်။

၂။ လူတိုင်းအား ထိုသခင်၏ ဖိတ်ခေါ်ခြင်း

က) သူ၏ နောက်တော်သို့ လိုက်ရန်

ခ) မှောင်မိုက်၌မဟုတ်၊ အလင်းတော်ထဲ၌ လျှေက်လှမ်းရန်

 

ဂျူးလူတို့၏ ပြန်လည်တုန့်ပြန်ခြင်း

31 ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။

32 သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။

33 ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။

လွှတ်လိမ့်မည်ဟု၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊

34 ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။

35 ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။

36 ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။

37 သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌

တည်နေရာကိုမရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ၏။

38 ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည့်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌

မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။

39 ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏

သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။

40 ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်း

ဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့် သည်မဟုတ်။

41 သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်။

ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိသော်မူသည်ဟု ဆိုကြ၏။

42 ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်။ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။

အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။

ကိုယ်အလိုအလျောက်လာသည် မဟုတ်။ ဘုရားသခင်သည်ငါ့ကိုစေလွှတ်တော်မူ၏။

43 အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ ဒေသနာကိုနာမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။

44 သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့

လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။

သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ

မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။

45 ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။

46 ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဘော်ပြသနည်း။

သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။ ရှင်ယောဟန် ၈း ၃၁-၄၆

၁။ ဂျူးလူများ

က) အာဗြဟံအမျိုးဖြစ်ခြင်းကို ဂုဏ်ယူဝင့်ကြွားကြသည်။

ခ) ဘုရားသခင်သည် သူတို့၏အဖဟုပင် ဝန်ခံကြွေးကြော်ကြသည်။

ဂ) သခင်ယေရှုကို အစဉ်မပြတ်နှေင့်ယှက်နေကြသည်။

၂။ တုန်လှုပ်ခြောက်ခြားဖွယ်သော သခင်ယေရှု၏ ဗျာဒိတ်စကား

က) ဘုရားသခင်သည် ထိုသူတို့၏ အဖမဟုတ်

ခ) စာတန်သည်သာ သူတို့၏အဖဖြစ်၏။

၁) သူသည် မုသာ၏အဖဖြစ်သည်

၂) သူ၌ အမှန်တရားဟူ၍မရှိ

၃) သူတို့အပြစ်များ၏ ကျေးကျွန်ဖြစ်ကြသည်။

 

သခင်ယေရှု၏ ဂတိတော်များ

၁။ သူ့ကို ယုံကြည်ရန်

က) သူ့နောက်တော်သို့ လိုက်ရန်

ခ) သူ၏ သွန်သင်ခြင်းကို ခံယူရန်

၂။ လွှတ်ခြင်းကို ခံရန်

က) သခင်ယေရှုထံမှ

ခ) စစ်မှန်သောသူ၏နှုတ်ထွက်စကားတော်မှ

ဂ) သူပေးသော အလင်းတော်မှ

၃။ အားပေးတိုက်တွန်းခြင်း

က) အပြစ်တန်ခိုးမှ လွှတ်ခြင်းကိုရှာဖွေရန်

ခ) တပည့်တော်များကဲ့သို့ သခင်ယေရှုနောက်တော်သို့ လိုက်ရန်