Bethany Independent Presbyterian Church

Myanmar

သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော် (ရှင်ယောဟန် ၁၅း ၂၆)

သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော် (ရှင်ယောဟန် ၁၅း ၂၆)



နိဒါန်း

၁။ ဘုရားသခင်၏ ဝိညာဉ်တော်အား ပေးခြင်း

က။ ပရောဖတ်ပြုခြင်းအားဖြင့်

ခ။ ကတိတော်ပေးခြင်းအားဖြင့်

ဂ။ ပြည့်စုံစေခြင်းအားဖြင့်

၂။ ဘုရားဝိညာဉ်တော်၏ အမှူတော် ဆိုင်ရာ ပိုမိုလေ့လာခြင်း

က။ အရေးကြီးသည်

ခ။ သင်ကြားပေးသည်

ဂ။ တက်ကြွ၊ ခွင်အားပေးသည်

 

သန့်ရှင့်သော ဝိညာဉ်တော်၏ သတ်သေ

26 ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ

သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာ သောအခါ၊ ငါ၏အကြောင်းကို သက်သေခံ လိမ့်မည်။

27 သင်တို့သည်လည်း ရှေးဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြ လိမ့်မည်။  ရှင်ယောဟန် ၁၅း ၂၆-၂၇

၁။ သန့်ရှင်းသောဝိညာဉ်တော်သည် အောက်ပါအတိုင်း ခေါ်ဆိုသည်။

က။ ဥပဇ္ဈာယ်ဆရာ

ခ။ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်

၂။ သူသည် စေလွှတ်ခြင်းခံ လိမ့်မည်

က။ သခင်ယေရှူက

ခ။ ခမည်းတော်မှ

၃။ သခင်ယေရှူအကြောင်းကို သတ်သေခံလိမ့်မည်

က။ သူသည် ငါးကြိမ်မြောက်သော သတ်သေ ဖြစ်လိမ့်မည်။

ခ။ သခင်ယေရှုက သတ်သေ လေးမျီုးပြောခဲ့ပြီးပြီ

၁။ ဗတ္တိဇံဆရာယောဟန်

၂။ သူ့လုပ်ဆောင်မှူများ

၃။ ဘုရား၏ နုတ်ကပတ်တော်

၄။ ခမည်းတော်ကိုယ်တိုင် (ယောဟန် ၅)

 

သန့်ရှင်းသော ဝိညာဉ်တော်၏ ထိရောက်မှူရှိသော အမှူတော်မြတ်

1 သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော၏။

2 လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။

သင်တို့ကိုသတ်သောသူ မည်သည် ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်။

3 ခမည်းတော် ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။

4 ထိုအချိန်ကာလရောက် သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှါ ယခုပင် ငါဟောပြော၏။

အစဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး။

5 ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။

6 ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့ သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ၏။

7 ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။

အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။

8 ဥပဇ္ဈာယ်ဆ ရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊

အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။

9 ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။

10 ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသော ကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။

11 ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီ ရင်ခြင်းကို ဘော်ပြမည်။ ယောဟန် ၁၅း ၁-၁၁

၁။ နောက်ခံ စကားစပ်

က။ သခင်ယေရှူသည် ကောင်းကင် ပြန်ကြွတော့မည့်ချိန်

ခ။ သူသည် သန့်ရှင်းသောဝိညာဉ်တော်ကို ဥပဇ္ဈာယ်ဆရာ အဖြစ်စေလွှတ်လိမ့်မည်

၂။ အကြောင်းရင်းများ

က။ သခင်ယေရှူသည် ကောင်းကင်သို့ ပြန်သွားဖို့ဖြစ်သည်

ခ။ ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော် ကြွလာလိမ့်မည်

ဂ။ ဘုရားမှ စီစဉ်ထားသော အရာများဖြစ်သည်

၃။ လောကနှင့် ဆိုင်သော သန့်ရှင်းသောဝိညာဉ်တော်၏ အထူးအမှူတော် သုံးမျီုး

က။ ဒုစရိုက်အပြစ်ကို ထင်ရှားစွာဘော်ပြမည်။

၁။ လူသားများ၏ အပြစ်

၂။ သခင်ယေရှူကို ငြင်းဆန်သောအပြစ်

ခ။ အပြစ်ကင်းခြင်းကို ထင်ရှားစွာဘော်ပြမည်။

၁။ သခင်ယေရှူ၏ ဖြောင့်မတ်ခြင်း

၂။ ယုံကြည်သူအားလုံးကိုပေသော ဖြောင့်မတ်ခြင်း

ဂ။ အပြစ်စီရင်ခြင်း ကို ထင်ရှားစွာဘော်ပြမည်။

၁။ အပြစ်ရဲ တန်ခိုးကို ကြိုးစေမည်

၂။ သူ့သည် သခင့်ရှေ့မှာ ရှူံးလိမ့်မည်

 

တမန်တော်များ အတွက် အထူးအမှူတော်

12 သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။

13 သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည်

ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

14 ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။

15 ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။ ယောဟန် ၁၅း ၁၂-၁၅

၁။ သင်ပေးရန် အများလိုအပ်နေသေးသည်

က။ ဒါပေမယ့် တပည့်တော်များက နားမလည်နိုင်

ခ။ လေးနတ်တဲ့ ဝါဒများအတွက် ဆက်လက် ရုန်းကန်ရန် ဖြစ်သည်

ဂ။ သခင်ယေရှု၏ သေခြင်းကြောင့်လည်း ရုန်းကန်ခဲ့ကြသည်

၂။ ဘုရား ဝိညာဉ်တော်၏ အထူး အလုပ်

က။ သူသည် သမ္မာတရားနှင့်ပြည့်စုံသည်

ခ။ သူသည် တန်ပြည့်တော်များကို သမ္မာတရားသို့ လမ်းပြမည်

၃။ ဝိညာဉ်တော်က မလုပ်ရမည့် အရာများ

က။ သူ့ပိုင်သော အခွင့်အာဏာဖြင့် မပြောမဆို

ခ။ ခမည်းတော်ထံမှ ကြားသောအရာသာ ပြောဆို လိမ့်မည်

၄။ နောင်လတံ့သော အရာကိုသာ ပြောလိမ့်မည်

က။ ဖွင့်ပြရအုန်းမည့် အရားများလည်းရှိ၏

ခ။ တပြည့်တော်များကို လမ်းပြလိမ့်မည်

၅။ သခင်ယေရှူကိုသာ အမြဲတမ်း ဘုန်းတော်ထင်ရှားစေလိမ့်မည်

က။ သခင့်ယေရှူအကြောင်းကို ပြောလိမ့်မည်

ခ။ သခင့်ထံမှ သင်ယူပြီး တပြည့်တော်များအား သင်ပေးခြင်း

 

နိဂုန်း

10 ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ၏။

ဝိညာဉ်တော် သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ၏။

11 လူ၏နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။

ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှမသိ။

12 ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို

သိခြင်းအလိုငှါ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။ ၁ ကော ၂း ၁၀-၁၂

၁။ ဘုရားနှင့် နီးနီးကပ်ကပ် အသက်ရှင်သောသူတို့ထံ ဝိညာဉ်တော်က သမ္မာတရား ဖွင့်ပြသည်။

အရေးကြီးသော ဝိညာဉ်၏အလုပ်ဖြစ်သည်။

၂။ ဒါ့ကြောင့် တမန်တော်များသည် သင်ပေးခြင်းနှင့် ပေးစာများရေးနိုင်စွမ်းရှိသည်။

၃။ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို ရှာသောသူများဖြစ်ကြဖို့စိန်ခေါ်မှူများ ရကြပါစေ။