Bethany Independent Presbyterian Church

Myanmar

သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်ခြင်း ၂ တိမောသေ ၂

သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်ခြင်း ၂ တိမောသေ ၂



နိဒါန်း

၁။ ကျမ်းစာ၏ နေရာကို အခြေချသည်

က။ သွန်သင်ခြင်း ဝါဒနှင့် ပတ်သတ်လာရင်

ခ။ တစ်ဦးချင်း ခရစ်ယာန် အသတ်တာနှင့် ပတ်သတ်လာရင်

၂။ ပြသာနာ

က။ ကျမ်းစာများကို ဘယ်လို ဖတ်ကြသနည်း။

ခ။ ကျမ်းစာကို ဘယ်လို ဘာသာပြန် သနည်း။

ဂ။ သွန်သင်ချက်ကို အသက်တာမှာ ဘယ်လို အသုံးချသနည်း။

 

မဖြစ်မနေ သတိပေးခြင်း

14 ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှမပြုစု၊

ကြားနာသောသူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှါ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို

မပြုမည်အကြောင်း၊ သခင်ဘုရားရှေ့၌ သစ္စာပေးလော့။

၁။ နောက်ခံ သမိုင်း

က။ မှာယွင်းတဲ့ သွင်သင်ခြင်း

ခ။ မှားယွင်သော အရာသမားများ

ဂ။ ဘာခေါင်းစဉ်မဆို ရုန်းကန်ငြင်းခုံတက်သောသူများ

၂။ စကားကြောင့်သာ ငြင်းခုံခြင်းမပြုရ

က။ ထို ငြင်းခုံခြင်း၌ အကျိုးမရှိ

ခ။ တစ်ယောက်ကိုမျှ အကျိုးမပြုပါ

၃။ မှောက်လှန်ခြင်း၏ အန္ဒရာယ်

က။ ငြင်းခုံခြင်းသည် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်စေသည်

ခ။ ငြင်းခုံခြင်းသည် မှောက်လှန်စေနိုင်သည်

 

ဘုရားသခင်၏ အသိမှတ်ပြုခြင်း

15 သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ

ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။

16 တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။

17 သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း။

18 သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။

19 သို့သော်လည်း၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ဟူ၍၎င်း၊

တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။ ၂ တိ ၂း ၁၅-၁၉

၁။ ဘုရားသခင်ထံမှ အသိမှတ်ပြုခြင်း

က။ ကြိုးစား အားထုတ်ခြင်း

ခ။ ရှက်ကြောက် စရာအကြောင်းမရှိသော အစေခံ

ဂ။ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်ခြင်း

ဃ။ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏

င။ အပြစ်ကို ရှောင်ကြည်ခြင်း

၂။ ဘုရားသခင်းထံမှ အသိမှတ်မပြုခြင်း

က။ တရားမဲ့ဖြစ်သော အချည်းနှီးစကား

ခ။ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်

ဂ။ သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်

ဃ။ သမ္မာတရားလမ်းမှ လွဲသွားကြသည်

င။ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏

 

အသရေရှိသောတန်ဆာ

20 ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာ ရှိသည်မဟုတ်၊ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။

အသရေရှိသောတန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။

21 သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိကို စင်ကြယ်စေသောသူမည်သည်ကား၊ အသရေရှိသောတန်ဆာ၊

သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။

22 လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊

စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက် လော့။

23 မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။ ၂ တိ ၂း ၂၀-၂၃

၁။ ကြီးစွာသောအိမ်တစ်ခု၏ နမိတ်ပုံရိပ်

က။ ရွှေတန်ဆာ၊ ငွေတန်ဆာ

ခ။ သစ်သားတန်ဆာ၊ မြေတန်ဆာ

၂။ မိမိကို စင်ကြယ်စေခြင်း

က။ အသရေရှိသောတန်ဆာဖြစ်လာသည်

ခ။ စင်ကြယ်စေခြင်းခံသည်

ဂ။ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ

ဃ။ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ

၃။ အောက်ပါ အချက်များကို ရှောင်ကြဉ်ခြင်း

က။ လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်

ခ။ မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးများ

ဂ။ ရန်ပွါးစေတတ်သောအရာ

 

သခင်ဘုရား၏ ကျွန်ကောင်း ဖြစ်ခြင်း

24 သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊

ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။

25 ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊

26 မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။ ၂ တိ ၂း ၂၄-၂၆

၁။ သခင်ဘုရား၏ ကျွန်ကောင်း

က။ သူသည် ရန်မတွေ့ရ

ခ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ

ဂ။ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ

ဃ။ သူသည် သည်းခံနိုင်သောသူ

င။ သူသည် ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမသည်

၂။ မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့၏ အန္ဒရာယ်

က။ သူတို့သည် မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောသူ ဖြစ်ကြ၏

ခ။ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်

 

ကျန်တော်တို့အတွက် စိန်ခေါ်မှု

၁။ ကောင်းစွာ သတိပြုကြရန် ဖြစ်သည်

၂။ လုံ့လဝီရိယရှိကြရန် ဖြစ်သည်

၃။ သခင်ဘုရား၏ သစ္စာရှိသော အစေခံများ ဖြစ်ဖို့ရန် ဆုံးဖြတ်ချက်ချရမည်။