Bethany Independent Presbyterian Church

Myanmar

“သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၍” တမန်တော် ၂း၄

“သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၍” တမန်တော် ၂း၄



နိဒါန်း

၁။ မေရှိယ၏ ဘိသိက်

ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟေူသော ပညာနှင့်ဉာဏ်ကို ပေးသောဝိညာဉ်၊

ကြံစည်တတ်စွမ်းနိုင်သော သတ္တိကို ပေးသော ဝိညာဉ်၊ ထာဝရဘုရားကို သိ၍

ကြောက်ရွံ့ကြည်ညိုခြင်းကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည်။ ဟေရှာယ ၁၁း၂

၂။ ပရောဖက်ပြုချက် ပြည့်စုံသည်

ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင်၊ ရေမှအပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လစ်သဖြင့် ဘုရားသခင်

၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍

ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။ ရှင်မဿဲ ၃း၁၆-၁၇

 

သခင်ယေရှု၏ အမှုတော်မြတ်၌ သန့်ရှင်းသောဝိညာဉ်တော်

၁။ သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်ခြင်း

ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေရမည်အကြောင်း၊

ဝိညာဉ်တော်သည် ယေရှုကိုတောသို့ ပို့ဆောင်တော်မူ၍၊ ရှင်မဿဲ ၄း၁

ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက် ယော်ဒန်မြစ်နားမှ

ပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို့ ပို့ဆောင်တော်မူ၏။ လုကာ ၄း၁

၂။ သန့်ရှင်းသောဝိညာဉ်တေ်နှင့် ပြည့်စုံခြင်း

၃။ သန့်ရှင်းသောဝိညာဉ်တော်၏ စွမ်းဆောင်ခြင်း

ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ ပြန်၍ လုကာ ၄း၁၄

၄။ သန့်ရှင်းသောဝိညာဉ်တော်နှင့် အမှုတော်

ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား

ဝမ်းမြောက်စရာသတင်းကို ကြားပေစေခြင်းငှါ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှါ၎င်း၊

ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်စေခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊

ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊

ငါ့ကိုစေလွှတ်တော်မူပြီဟု လာသတည်း။ လုကာ ၄း၁၈-၁၉

 

သန့်ရှင်းသောဝိညာဉ်တော်၏ ကတိတော်

၁၅ ငါ့ကို ချစ်လျှင် ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကို တောင်း၍၊

၁၆ ခမည်းတော်သည် သမ္မာတရားကို ပြသောဝိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပဇ္ဈာယ်

ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။

၁၇ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်

သည် သင်တို့နှင့်အတူ တည်နေ၍ သင်တို့၌ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။ ယောဟန် ၁၄း၁၅-၁၇

၁။ သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ပေးဖို့ ဆုတောင်းပေးတော်မူမည်။

၂။ သူသည် “တစ်ပါးသော ဥပဇ္ဈာယ်ဆရာ” ဖြစ်လိမ့်မည်။

၃။ သူသည် အစဉ်မပြတ်တည်နေမည်။

၄။ သူသည် ယုံကြည်သောသူတို့၌ ကိန်းဝပ်နေမည်ဖြစ်သည်။

 

သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာခြင်း

၁ ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစုဝေး၍ နေကြ၏။

၂ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တခဏချင်းတွင် ကောင်းကင်မှလာ၍ ထိုသူတို့နေထိုင်သောအိမ်ကို ဖြည့်လေ၏။

၃ ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍ ထိုသူအသီးသီးတို့အပေါ်၌ တည်နေကြ။

၄ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၍ ဝိညာဉ်တော်သည် ဟောပြော သောအခွင့်ကို

ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။ တမန်တော် ၂း၁-၄

၁။ တညီတညွတ်တည်းစုဝေး၍ နေကြ၏။

၂။ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ကြသည်။

၃။ အထူးဝိညာဉ်ဆုကျေးဇူး ကောင်းချီးမင်္ဂလာများ ခံရကြသည်။

 

နောက်ထပ် ပရောဖက်ပြုချက ပြည့်စုံစေသည်

၂၈ ထိုနောက်မှ လူမျိုးတကာတို့အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏

သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသူတို့သည် နိမိတ်

အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။

၂၉ ငါ၏ အမှုကို ဆောင်ရွက်သော ယောကျာ်း၊ မိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း

၍ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ ယောလ ၂း၂၈-၂၉

၁။ ဘုရားသခင်၏ ဝိညာဉ်တော် သွန်းလောင်းမည့်အကြောင်း ပရောဖက်ပြုခြင်း

၂။ ဤပရောဖက်ပြုချက်သည် ပြည့်စုံခဲ့သည်။

 

ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သော အရာများ

၁။ ဘုရားသခင်၏ ဝိညာဉ်တော်

က) သူသည် ဘုရားသခင်၏ နိုင်ငံတော်အထဲ၌ ထဲထဲဝင်ဝင် ပါဝင်နေသည်။

ခ) သူ့အလုပ်က မရှိမဖြစ် ဖြစ်သည်။

ဂ) သူ့အမှုတော်သည် အဖိုးမဖြတ်နိုင်ပေ။

ဃ) သူ့၏ပြည့်စုံခြင်းကို ရှာဖွေကြရမည်။

၂။ သူသည် ကျွန်တော်တို့၏ အသက်တာထဲ၌ ပါဝင်နေသည်။

က) ကျွန်တော်တို့အတွက် ကယ်တင်ခြင်းအမှု

ခ) ကျွန်တော်တို့၏ အသက်တာခရီး

ဂ) ကျွန်တော်တို့၏ အမှုတော်လုပ်ငန်း

 

ကျွန်တော်တို့အတွက် စိန်ခေါ်ချက်

၁။ ဘုရားသခင်၏ ဝိညာဉ်တော်ပုဂ္ဂိုလ်အကြောင်း နားလည်သဘောပေါက်ရန်။

၂။ ဝိညာဉ်တော်နှင့် ပြည့်စုံခြင်းရှိဖို့ ဆန္ဒရှိရန်။

၃။ ဝိညာဉ်တော်နှင့်အတူ လျှောက်လှမ်းရန်။