Bethany Independent Presbyterian Church

Myanmar

သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူမည် ယောဟန် ၁၄

သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူမည် ယောဟန် ၁၄



နိဒါန်း

၁။ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း အရေးကြီးသော သွန်သင်ချက်များ

၂။ ဤအကြောင်းအရာကို ယေရှုဘုရားက သူ့တပည့်တော်များအား သွန်သင်ပေးခဲ့သည်။

၃။ ယနေ့ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းနှင့် ပတ်သက်၍ များစွာ ရှုပ်ထွေးမှုများ ရှိနေသည်။

 

ဘုရားသခင်၏ ဝိညာဉ်တော်သွန်းလောင်းခြင်း ပရောဖက်ပြုချက်

28 ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။

အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။

29 ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊

သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ ယောလ ၂း၂၈-၂၉

၁။ လူမျိုးတကာတို့အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို သွန်းလောင်းမည်။

က။ သန့်ရှင်းသောဝိညာဉ်တော်သည် လူအနည်းစုအပေါ်၌သာ ကိန်းဝပ်သည်။

ခ။ သူတို့က ဘယ်သူတွေလဲ။

– ပရောဖက်များ

– တရားသူကြီးများ

– ရှင်ဘုရင်များ

ဂ။ သို့သော် ဝိညာဉ်တော်သွန်းလောင်းခြင်းမှာ ယေဘုယျအားဖြင့် မရှိခဲ့ပါ။

၂။ ဤကတိတော်ကို လက်ခံမည့်သူများမှာ –

က။ သား၊ သမီးများ

ခ။ အသက်ကြီးသူတို့နှင့် အသက်ငယ်သူများ

ဂ။ ကျွန်ယောကျာ်း နှင့် ကျွန်မိန်းမများ

ဃ။ ဆိုလိုသည်မှာ ယေဘုယျသွန်းလောင်းခြင်း၌ နောက်ထပ်လူများစွာသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို လက်ခံရရှိကြမည်ဖြစ်သည်။

၃။ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ။

က။ ပရောဖက်ပြုသော ပရောဖက်များကဲ့သို့ ဖြစ်မည်။

ခ။ ဘုရားသခင်သည် ပရောဖက်များကဲ့သို့ သူတို့၏ အိပ်မက်များ၊ ရူပါရုံများတွင် စကားပြောမည်။

ဂ။ သူတို့၏ အသက်တာများသည် ရှေ့ပရောဖက်များကဲ့သို့ ထင်ရှားလာမည်။

၄။ ဤပရောဖက်ပြုချက်သည်

က။ ပြည့်ပြည့်စုံစုံ နားလည်နိုင်မှာ မဟုတ်သေးပေ။

ခ။ မပြည့်စုံသောကြောင့် ဖြစ်သည်။

 

အရေးကြီးသော ရှင်းလင်းချက်

15 ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊

16 ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။
17 ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။

ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။

18 ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။

25 ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။

26 ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည်

သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူ၏။

27 ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။

လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။ ယောဟန် ၁၄း၁၅-၁၈၊ ၂၅-၂၇

၁။ ယေရှုဘုရားသည် တပည့်တော်များအား ဝိညာဉ်တော်ပေးရန် ခမည်းတော်ဆီမှာ တောင်းခံပေးမည် ဖြစ်သည်။

က။ တပည့်တော်များသည် ယေရှုဘုရား၏ နှောက်လိုက်များ ဖြစ်ကြသည်။

ခ။ စစ်မှန်သော တပည့်တော်များ ဖြစ်ကြသည်။

ဂ။ သွန်သင်ခြင်းခံပြီးသော တပည့်တော်များ ဖြစ်ကြသည်။

ဃ။ သူတို့သည် ယေရှုဘုရားကို ချစ်၍ သူ့ပညတ်ချက်များကို စောင့်ရှောက်သည်။

င။ မှားယွင်းသောတပည့်တော်များသည် ကိုယ်တော်နှင့် မပေါင်းဖော်ဘဲ ဆုတ်သွားကြသည် (ယောဟန် ၆း၆၆)။

၂။ ဥပဇ္ဈာယ်ဆရာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။

က။ သူသည် ယောလ အခန်းကြီး ၂ ထဲ၌ ဖော်ပြသော ဝိညာဉ်တော်ဖြစ်သည်။

ခ။ ကြွလာ၍ တပည့်တော်တို့နှင့်အတူ အစဉ်မပြတ် နေမည်။

ဂ။ သူသည် လောကသားတို့ မခံမယူနိုင်သည့် သမ္မတရားကို ပြသောဝိညာဉ်တော်ဖြစ်သည်။

၃။ ဘုရားသခင်၏ ဝိညာဉ်တော်က တပည့်တော်များအတွက် ဘာလုပ်ပေးမှာလဲ။

က။ ဆက်လက် သွန်သင်ပေးမည်။

ခ။ တပည့်တော်များ၏ သင်ယူခဲ့သမျှကို မှတ်မိစေဖို့ ကူညီပေးမည်။

ဂ။ တပည့်တော်တို့၏ နှလုံးသားထဲမှာ အစဉ်ကိန်းဝပ်နေမည်။

 

ပရောဖက်ပြုချက် ပြည့်စုံခြင်း

1 ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏

2 ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။

3 ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။

4 ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသော

အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။ တမန်တော် ၂း၁-၄

၁။ ဘုရားသခင်၏ ဝိညာဉ်တော်သည် တပည့်တော်များအပေါ်မှာ သက်ရောက်ခဲ့သည်။

၂။ သူတို့ကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းပေးသည်။

က။ အခြားသောဘာသာစကားပြောနိုင်စွမ်း၊

ခ။ ၎င်းသည် ပုံမှန်မဟုတ်သော အဖြစ်အပျက်တစ်ခုဖြစ်သည်။

ဂ။ ယောလ၏ ပရောဖက်ပြုချက် ပြည့်စုံစေခြင်းဖြစ်သည်။

ဃ။ ယေရှုဘုရား၏ ပေးထားသော ကတိတော် ပြည့်စုံစေခြင်းလည်း ဖြစ်သည်။

 

နိဂုံး

၁။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်လုပ်ငန်း

က။ သူသည် ဆက်လက်၍ –

– သွန်သင်ပေးမည်။

– လမ်းပြပေးမည်။

ခ။ သို့သော် အထူးထင်ရှားခြင်းရှိသည်။

– တမန်တော် အခန်းကြီး ၂ ထဲ၌ မှတ်တမ်းတင်ထားသောအရာသည် သမိုင်းဆိုင်ရာ အချက်ဖြစ်သည်။

– နေ့စဉ်ဖြစ်ရပ်တစ်ခုဟု မဆိုလိုပါ။

၂။ သင်ခန်းစာများ

က။ ကျွန်တော်တို့သည် တပည့်တော်များ ဖြစ်ကြရမည်။

ခ။ ကျွန်တော်တို့သည် မူလတပည့်တော်များ၏ ခြေရာအတိုင်း လိုက်ရမည်။

ဂ။ ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝဖို့ ကြိုးပမ်းနေရမည်။