Bethany Independent Presbyterian Church

Myanmar

သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို ငါသွန်းလောင်းမည် (ဟေရှာယ ၄၄း၃)

သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို ငါသွန်းလောင်းမည် (ဟေရှာယ ၄၄း၃)



နိဒါန်း

၁။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်ဝသော သီးခြားပုဂ္ဂိုလ်များ

က။ ယောသပ်

ခ။ ဗေဇလေလနှင့် အဟောလိဘ

ဂ။ ယောရှု

၂။ ကျွန်တော်တို့ လူထုတွေက ဘယ်လိုမျိုးလဲ။

က။ ဘယ်သူမဆို ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်ဝနိုင်ပါသလား။

ခ။ သမ္မာကျမ်းစာက ဘာတွေပြောသလဲ။

 

ခေါင်းဆောင် အယောက် ၇ဝ အပေါ် ကိန်းဝပ်သော ဘုရားသခင်၏ ဝိညာဉ်တော်

24 မောရှေသည် ထွက်၍ ထာဝရဘုရား၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊

အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။

25 ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ် အချို့ကို ယူ၍ အသက်ကြီးသူ

ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။

26 ထိုလူစု၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ

နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု၍ တပ်ထဲမှာ ဟောကြ၏။

27 လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊

28 မောရှေ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက၊ သခင်မောရှေ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော်၊

29 မောရှေက၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြ ပါစေသော။

ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ၊

30 ဣသရေလ အမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ ပြန်သွားလေ၏။ တောလည်ရာကျမ်း ၁၁း၂၄-၃ဝ

၁။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အသက်ကြီးသူ ခုနှစ်ကျိပ်တို့ပေါ်မှာ တင်တော်မူသဖြင့် (အငယ် ၂၅ a)

၂။ မောရှေပေါ်မှာ ကိန်းဝပ်သော ဝိညာဉ် (အငယ် ၂၅ b)

၃။ သူတို့သည် ပရောဖက်ပြုကြသည် (အငယ် ၂၅ c)

၄။ ဧလဒဒ် နှင့် မေဒဒ်

က။ သူတို့ပေါ်မှာ ဝိညာဉ်တော် ကိန်းဝပ်သဖြင့်

ခ။ သူတို့သည်လည်း ပရောဖက်ပြုကြသည်။

၅။ ယောရှု၏ မောရှေအား နိုးဆော်ချက်

က။ သူတို့ကို ဆီးတားတော်မူပါ။

ခ။ ယောရှုက ငြူစူသောစိတ်ရှိတာလား။

၆။ မောရှေ၏ တုံ့ပြန်ချက်

က။ ထာဝရဘုရား၏ လူအားလုံးတို့သည် ပရောဖက်ဖြစ်ကြပါစေသော (၁၁း၂၉)။

ခ။ ထာဝရဘုရား၏ ဝိညာဉ်တော်နှင့် ပြည့်ဝကြပါစေသော (၁၁း၂၉)။

 

ဟေရှာယထံမှ ပရောဖက်ပြုချက်

1 ယခုမူကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက် သောသူ ဣသရေလ၊ နားထောင်လော့။

2 သင့်ကို ဖန်ဆင်းတော်မူသော ဘုရား၊ ဘွားစ ကပင် သင့်ကို ပြုပြင်၍၊ နောင်၌လည်း မစလတံ့သော ထာဝရ

ဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန် ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။

3 အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။

သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်းငါသွန်းလောင်းမည်။

4 သူတို့သည်လည်း ရေမြောင်းအနားမှာ မိုဃ်းမခ ပင်ကဲ့သို့၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။

5 တယောက်က၊ ငါသည် ထာဝရဘုရား၏ လူဖြစ် သည်ဟု ဆိုလိမ့်မည်။ တယောက်သည်လည်း၊ ယာကုပ် အမည်ဖြင့်

ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ တယောက်သည် လည်း၊ ထာဝရဘုရား၏ လူဟူ၍ မိမိလက်တွင် စာထိုးလျက်၊

ဣသရေလအမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ ဟေရှာယ ၄၄း၁-၅

၁။ ဣသေရလအမျိုးအတွက် ဘုရားသခင်၏ ကရုဏာတော်

က။ ငါ့ကျွန် (၄၄း၁-၂)

ခ။ ငါရွေးကောက်သောသူ (၄၄း၁-၂)

၂။ သူ့လူတွေအတွက် ဘုရားသခင်၏ ကတိတော်

က။ ကြောက်ရွံ့စရာမလို။

ခ။ ဘုရားသခင် ကူညီဖို့ရှိနေမည်။

ဂ။ ကတိပြုထားသော အံ့ဖွယ်ကောင်းချီးများ

– ရေငတ်သောသူအတွက် ရေပေးဝေခြင်း

– အမျိုးအနွယ်ပေါ်မှာ ဝိညာဉ်တော် သွန်းလောင်းမည့်ကတိတော်

– သားသမီးအတွက် ကောင်းချီးပေးမည့် ကတိတော်

– သူတို့သည် ကြီးထွားကြလိမ့်မည် (၄၄း၄) ။

၃။ ကလေးသူငယ်များပေါ်မှာ ကြီးမားသောအကျိုးသက်ရောက်မှု

က။ ဘုရားသခင်ပိုင်သောလူ

တစ်ယောက်က၊ ငါသည် ထာဝရဘုရား၏ လူဖြစ်သည်ဟု ဆိုလိမ့်မည် (၄၄း၅) ။

ခ။ ယာကုပ် အမျိုးအနွယ်

တစ်ယောက်သည်လည်း၊ ယာကုပ်အမည်ဖြင့် ကိုယ်ကိုကိုယ်မှည့်လိမ့်မည် (၄၄း၅) ။

ဂ။ ထာဝရဘုရား၏ လူ

တစ်ယောက်သည်လည်း ထာဝရဘုရား၏ လူဟူ၍ မိမိလက်တွင် စာထိုးလိမ့်မည် (၄၄း၅) ။

ဃ။ ဣသေရလ၏ အမည်

ဣသေရလအမည်သစ်ဖြင့် ကိုကိုယ်မှည့်လိမ့်မည် (၄၄း၅)။

 

နိဂုံး

21 အိုယာကုပ်အမျိုး၊ ဤအရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။

သင့်ကိုငါဖန်ဆင်းသည်ဖြစ်၍၊ သင်သည် ငါ့ကျွန်ဖြစ် ၏။ အိုဣသရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့။

22 သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့၎င်း၊ သင်၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့၎င်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာလော့။ သင့်ကိုငါ ရွေးနှုတ်ပြီ။

23 အိုမိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရား ပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊

ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင် များတို့၊ ကျူးဧသော အသံကို ပေးကြလော့။

ထာဝရဘုရား သည် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။ ဟေရှာယ ၄၄း၂၁-၂၃

၁။ ဘုရားသခင်ပြုသောအမှုများကို ဆင်ခြင်ကြပါ။

၂။ အပြစ် ဒုစရိုက်အားလုံးကို သုတ်သင်ပယ်ရှင်းပေးခဲ့ပြီးပြီ။

၃။ ထာဝရဘုရားထံတော်သို့ ပြန်လာပါ။

၄။ ဘုရားသခင်ပြုသော ရွေးနုတ်ခြင်းအမှုများအတွက် သီချင်းဆိုကြပါ။