“သင်တို့၌ အသီးသီးခြင်း” (ကောလောသဲ ၁း ၆)
နိဒါန်း
၁။ အသီးသီးခြင်း
က။ သခင်ယေရှုက အထူးမီးမောင်းထူး သင်ပေးခဲ့သည်။
ခ။ အသီး၏ အမျိုးအစားက အပင်ကို ရောင်ပြန်ဟပ်စေသည် (မာသဲ ၇း ၁၅-၂၀)
၁။ မကောင်းသော အပြင်သည် ကောင်းသောအပြင်နှင့် ကွာြခားမှုရှိသည်။
၂။ မကောင်းသော အပြင်သည် ကောင်းသော အသီးမသီနိုင်။
၃။ ကောင်းသော အပြင်သည် ကောင်းသော အသီးသီးသည်။
၂။ တမာန်တော်များ၏ တည်ထောင်သော အသင်းတော်များ
က။ ယေရုရှလင် အသင်းတော်
၁။ အသီးသီးသော အသင်းတော်ဖြစ်သည်
၂။ လူထောင်ပေါင်းများစွာကို သခင်ယေရှုခရစ်၌ ယုံကြည်ခြင်းသို့ ပို့ဆောင်သော အသင်းတော်ဖြစ်သည်။
အသီးသီးသော ကောလောသဲ အသင်းတော်
6 ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။
သင်တို့၌ အသီးသီးခြင်း၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။
7 သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို
သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန် စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။
8 သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။ ကောလောသဲ ၁း ၆-၈
၁။ လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ
က။ အသီးသီးခြင်းသည် တလောကလုံးနှင့်ဆိုင်သော အညွှန်တစ်ခု ဖြစ်သည်။
ခ။ လွယ်ကူစွာ သတ်မှတ်လို့ရသည်။
ဂ။ ဘုရားသခင်၏ အသင်းတော်တိုင်းသည် ကမ္ဘာအနှံ့ အသီးသီးရန်ဖြစ်သည်။
၂။ ဘယ်အရာက အသင်းတော်ကို အသီးသီးစေသနည်း။
က။ သမ္မာတရား၌ ဘုရားသခင်၏ ကျေးဇူးတော်ကို နားလည်ခြင်း
ခ။ ဘုရားသခင်၏ ကျေးဇူးတော်သည် မရှိမဖြစ်အချက်ဖြစ်သည်။
ဘုရားသခင်၏ ကျေးဇူးတော်နှင့်ဆိုင်သော ဂန္တဝင်ကျမ်းပုဒ်
4 သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊
5 ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။
6 ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။
7 အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။
8 ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။
ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
9 ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
10 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊
ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊
ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ ဧဖတ် ၂း ၄-၁၀
၁။ ကျေးဇူးတော်သည် ဘုရားသခင်ကို နားလည်ရန်ကူညီပေးသည်
က။ ကရုဏာတော်နှင့် ကြွယ်ဝခြင်း
ခ။ မေတ္တာတရား၌ ကြီးမြတ်သည်
၂။ ကျေးဇူးတော်သည် ဘုရား၏ ကယ်တင်ခြင်း အကြံစည်တော်ကို နားလည်စေသည်
က။ သေခြင်းမှ ကယ်တင်ခြင်း
ခ။ ဘုရား၏ ကျေးဇူးတော်အားဖြင့် အသက်ရှင် စေခြင်း
၃။ ကျေးဇူးတော်သည် ဘုရားသခင်၏ ကျယ်ပြန့်သော အကြံစည်တော်ကို မြင်စေသည်
က။ ငါတို့ကို ထမြောက်စေသည်
ခ။ ကောင်းကင်အရပ်၌ နေရာပေးတော်မူသည်
ဂ။ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်
၄။ ဘုရားသခင်၏ အကြံစည်တော်၌ ကျေးဇူးတော်ကို ထပ်မံပြောဆိုခြင်း
က။ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရကြ၏
ခ။ ယုံကြည်သောအားဖြင့်
ဂ။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်
ဃ။ ကျွန်တော်တို့သည် ဆက်လက် ပြုပြင် ဖန်ဆင်းတော်မူရာဖြစ်ကြ၏။
င။ ကျွန်တော်တို့သည် ကောင်းသောအကျင့် ကျင့်ကြရန် (အသီးသီးရန်) ဖန်ဆင်းခံဖြစ်သည်။
အသီးများသီးဖို့ရန်အတွက် စိန်ခေါ်မှုများ
ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။
2 ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။
3 သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။
4 ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊
ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
5 ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊
ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။
6 ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။
ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။
7 သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း ၍ရကြလိမ့်မည်။
8 သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊
သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။ ယောဟန် ၁၅း ၁-၈
၁။ အသီးမသီးသော အကိုင်းခေတ်များကို နိုးဆော်သော စကား
က။ သုတ်သင်ရှင်းလင်းခံခြင်း
ခ။ ဆက်လက်၍ အသီးမသီးပါက သုတ်သင်ခြင်းခံရသည်
ဂ။ ခြောက်သွေ့သော အကိုင်းကဲ့သို့ စွန့်ပြစ်ခြင်းခံရသည်
၂။ အသီးသီးသော အကိုင်းခေတ်များကို အားပေးသော စကား
က။ ဒီအကိုင်းသည်လည်း များစွာ သီးနိုင်ဖို့ သုတ်သင်ရှင်းလင်းခြင်းခံသည်
ခ။ များစွာသော အသီးသီးနိုင်ခြင်းသည် ဘရားသခင်၏ အလိုတော်၌သာ ရှိသည်
ဂ။ ထိုအသီးသီးခြင်းသည် ဘုန်းတော် ထင်ရှားစေသည်
ဃ။ ထိုသို့အားဖြင့် ကျွန်တော်တို့သည် သခင်၏ ကောင်းသော တပြည့်များဖြစ်ကြောင်း သက်သေဖြစ်စေသည်၊
ကျွန်တော်တို့အတွက် စိန်ခေါ်မှု
၁။ သခင့်၌ တည်နေခြင်းကို သင်ယူကြရန်
၂။ သူ့ နုတ်ကပတ်တော်၌ တည်နေခြင်းကို ကျင့်သုံးရန်
၃။ သူ၏ ချစ်ခြင်း၌ အစဥ် သစ္စာရှိ ကြရန်