Bethany Independent Presbyterian Church

Myanmar

သခင်ယေရှုခရစ်တော်၏ ပုဂ္ဂိုလ်တော် ရှင်ယောဟန် ၁

သခင်ယေရှုခရစ်တော်၏ ပုဂ္ဂိုလ်တော် ရှင်ယောဟန် ၁



နိဒါန်း

၁။ ကယ်တင်ခြင်းယုံကြည်ခံယူချက်ကို “ဆိုတေးရီအိုလော်ဂျီ” ဟု ခေါ်သည်။

၂။ ဓမ္မနည်းကျ ကယ်တင်ခြင်းဝါဒထဲ၌ ကျွန်တော်တို့၏ ကယ်တင်ခြင်းရှုထောင့်များစွာကို ဖော်ပြထားသည်။

က) ကျွန်တော်တု့ိ၏ ကယ်တင်ခြင်းအဖြစ် သခင်ယေရှု၏ အမှုတော်

ခ) ကယ်တင်ခြင်းကို အမှန်နားလည်သူများ၏ သင့်လျော်သောတုံ့ပြန်မှု

 

ကျွန်တော်တို့၏ ကယ်တင်ရှင်ကို တန်ဖိုးထားခြင်း

၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။

နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။

၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။

၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်း နှင့်

ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။

၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်၏။

၅ ထိုအလင်းသည် မှောင်မှောက်၌ လင်း၍ မှောင်မှောက်သည် မခံမယူ။ ယောဟန် ၁း၁-၅

၁။ သခင်ယေရှုခရစ်တော်၏ ပုဂ္ဂိုလ်တော်ဖြစ်ခြင်း

က) သူသည် အသက်ရှင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။

ခ) သူသည် ထာဝရနှုတ်ကပတ်တော်ဖြစ်သည်။

ဂ) သူသည် ဘုရားသခင်ဖြစ်တော်မူသည်။

၂။ သခင်ယေရှုခရစ်တော်၏ အမှုတော်

က) သူသည် ဖန်ဆင်းရှင်ဖြစ်သည်။

ခ) သူသည် အသက်ပေးပိုင်သူဖြစ်သည်။

ဂ) သူသည် အလင်းပေးပိုင်သူဖြစ်သည်။

 

အရေးကြီးသော သက်သေ

၆ ယောဟန်အမည်ရှိသော သူတစ်ယောက်ကို ဘုရားသခင်စေလွတ်တော်မူ၏။

၇ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသည်

သက်သေခံဖြစ်၍ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါ လာ၏။

၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။

၉ ဟုတ်မှန်သော အလင်းမူကား၊ ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား

အလင်းပေးသောသူဖြစ်သတည်း။ ယောဟန် ၁း၆-၉

၁။ ယောဟန်သည် ဘုရားသခင်စေလွတ်သောလူတစ်ယောက်ဖြစ်သည်။

၂။ သူ့မိဘများသည် ဇာခရိနှင့် ဧလိရှဗက်တို့ဖြစ်ကြသည်။

က) ဘုရားတရားကိုင်းရှိုင်း၍ ဘုရားသခင်ကို ကြောက်ရွံ့သောမိဘများဖြစ်ကြသည်။

ခ) ယောဟန်သည် သူတို့၏သားဖြစ်သည်။

၃။ ယောဟန်နှင့်ပတ်သက်၍ ဇာခရိ၏ ပရောဖက်ပြုချက်

၇၆ အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရားသခင်၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။

၇၇ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်းကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍

ကယ်တင်ခြင်းသု့ိ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏ လူမျိုးအား ဖော်ပြသဖြင့်၊ ထာဝရဘုရား၏

လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌ သွားရလိမ့်မည်။

၇၈ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့် ကောင်းကင်မှ နေအာရုဏ်သည် ငါတို့အပေါ်သို့  တက်သဖြင့်၊

၇၉ မှောင်မိုက်နှင့် သေမင်း၏ အရိပ်ထဲတွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍

ငါတို့အားငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်နှင့်ဟောလေ၏။

၈ဝ ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမှီတိုင်အောင် တောအရပ်၌နေလေ၏။

က) သူသည် အမြင့်ဆုံးသော ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။

ခ) သူသည် ဘုရားသခင်၏လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှါ ရှေ့တော်၌သွားရလိမ့်မည်။

ဂ) ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးများအား ဖော်ပြလိမ့်မည်။

၄။ ယောဟန်သည် သူ့အကြောင်းပြောခဲ့သမျှကို ပြည့်စုံစေသည်။

က) သခင်ယေရှုကို အလင်းပေးသူအဖြစ် သက်သေခံခဲ့သည်။

ခ) သစ္စာရှိရှိ၊ သတ္တိရှိရှိ သက်သေခံခဲ့သည်။

 

တမန်တော်ရှင်ယောဟန်၏ သက်သေခံချက်

၁ဝ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ရှင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။

၁၁ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ုကို လက်မခံဘဲနေကြ၏။
၁၂ ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရား သခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။

၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်၊ မေထုန်သံဝါသအားဖြင့် ဖွားသောသား မဟုတ်။

လူအလိုအလျောက်ဖွားသောသားမဟုတ်။ ဘုရားသခင်ဖွားတော်မူသောသားဖြစ်သတည်း။

၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတီအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍

ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ ယောဟန် ၁း၁ဝ-၁၄

၁။ ယောဟန်သည် သခင်ယေရှုခရစ်တော်၏ မူလတပည့်တော်များထဲက တစ်ဦးဖြစ်သည်။

၂။ သူသတိပြု၍ နားလည်ခဲ့သောအရာ

က) သူသည် လောကသို့ကြွလာသော်လည်း လောကသည် ထိုသူကို မသိ။

ခ) ကိုယ်တော်သည် မိမိလူမျိုးထံသို့ ကြွလာသော်လည်း ငြင်းပယ်ကြသည်။

ဂ) သို့သော်လည်း သခင်ယေရှုကို လက်ခံသောသူအပေါင်းတု့ိ၌ –

၁) သူတို့သည် ကယ်တင်ရှင်အဖြစ် ကိုယ်တော့်ကို ယုံကြည်ကြသည်။

၂) သူတို့သည် ဘုရားသခင်သား/သမီးများဖြစ်လာကြသည်။

၃။ ယောဟန်၏ သက်သေခံချက်

က) သခင်ယေရှုသည် အမှန်ပင်လူ့ဇာတိခံယူသော နုတ်ကပတ်တော်ဖြစ်သည်။

ခ) သူသည် ကြီးမားသောဘုန်းအသရေတော်ကို ပိုင်ဆိုင်သည်။

ဂ) ဘုရားသခင်ကိုယ်တော်တိုင်၏ ဘုန်းတော်သည် သူ့အထဲ၌ ထင်ရှားတော်မူသည်။

 

ခေါ်ဖိတ်ခြင်း

၁။ သခင်ယေရှုခရစ်တော်ကို သိကျွမ်းဖို့ရန်၊

၂။ သူ့ကို ယုံကြည်ဖို့

က) အသက်ရှင်သောနှုတ်ကပတ်တော်အဖြစ်

ခ) အလင်းပေးပိုင်သူအဖြစ်

ဂ) အသက်ပေးပိုင်သူအဖြစ်

၃။ ဘုရားသခင်၏ သား/သမီးများဖြစ်လာကြရန်