Bethany Independent Presbyterian Church

Myanmar

သခင်ဘုရား၌ ခိုင်ခန့်ခြင်းရှိကြလော့ ဧဖက်သြဝါဒစာ ၆

သခင်ဘုရား၌ ခိုင်ခန့်ခြင်းရှိကြလော့ ဧဖက်သြဝါဒစာ ၆



နိဒါန်း

၁။ ခိုင်ခန့်ခြင်းသည် လူတိုင်းလိုချင်တောင့်တသော အရာပင်ဖြစ်သည်။

၂။ ခိုင်ခန့်ခြင်းရှိရန် အားပေးတိုက်တွန်းခြင်းကို အကြိမ်ကြိမ်မြင်တွေ့ရပါသည်။

က) အားယူ၍ ရဲရင့်ခြင်းရှိလော့ ယောရှု ၁း ၆, ၉

ခ) သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၎င်း ခိုင်ခန့်ခြင်းရှိလော့ ဧဖက် ၆း ၁၀

 

သခင်ဘုရား၏ တန်ခိုးတော်အား သိစေခြင်းငှါ ဉာဏ်မျက်စိကို လင်းစေခြင်း

၁။ ဧဖက်အသင်းတော်အတွက် ရှင်ပေါလုဆုတောင်းချက်များ

၁၇ ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော

ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှါ ပညာကို၎င်း၊

ထိုးထွင်းဉာဏ်ကို၎င်း၊ သင်တို့အားပေးပါမည်အကြောင်း၊

၁၈ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကား၊ အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်

ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊

၁၉ ယုံကြည်သောငါတို့၌ ပြတော်မူသည့် အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်

ကြီးသည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း

ဆုတောင်းပဌနာပြု၏။ ဧဖက်သြဝါဒစာ ၁း ၁၇-၁၉

၂။ သတိပြုရမည့် အချက်များ

က) ပညာနှင့် ထိုးထွင်းဉာဏ်ကို သင်တို့အားပေးပါမည်အကြောင်း

ခ) သိစေခြင်းငှါ ဉာဏ်မျက်စိကို လင်းစေမည်အကြောင်း

၁။ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကို သိခြင်း

၂။ ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို သိခြင်း

၃။ အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီးသည်ကို သိခြင်း

၄။ ထိုကြီးမားသောတန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့အားပြတော်မူသည်နှင့်အညီ

၃။ ကျွနိုပ်တို့အဖို့ အရေးကြီးသော အချက်များ

က) သခင်ဘုရားထံမှ ကြီးမားသောတန်ခိုးတော်ရရှိနိုင်သည်။

ခ) ထိုတန်ခိုးတော်သည် ကျွနိုပ်တို့အထဲ၌ အလုပ်လုပ်ဖို့ရန်ဖြစ်သည်။

 

ဘုရားသခင်၏တန်ခိုးတော်ကို တိုး၍သိမြင်စေခြင်း

၁။ ဧဖက်အသင်းတော်အတွက် ရှင်ပေါလု ဒုတိယကြိမ်ဆုတောင်းချက်များ

၁၄ အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော

တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊

၁၅ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။

၁၆ ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ၍၊

၁၇ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊

ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊

၁၈ သင်တို့သည်သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊

၁၉ ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့်

ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။

၂၀ ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊

၂၁ ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

၂။ သတိပြုရမည့် အချက်များ

က) ဝိညာဉ်တော်အားဖြင့် အတွင်းလူကို ခွန်အားနှင့်မြဲမြံခိုင်ခံ့စေခြင်း

ခ) ဘုရားသခင်သည် ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုပြင်ခြင်းငှါ တတ်နိုင်သည်။

ဂ) ထိုတန်ခိုးတော်သည် ကျွနိုပ်တို့အထဲ၌ အလုပ်လုပ်နေသည်။

၃။ ကျွနိုပ်တို့အဖို့ အရေးကြီးသော အချက်များ

က) ခွန်အားရှိဖို့ရန် ဆုတောင်းခြင်းသည် မရှိမဖြစ်လိုအပ်သည်။

ခ) ဘုရားသခင်သည် အတွင်းလူကို ခွန်အားနှင့်ပြည့်စေမည်။

ဂ) ကျွနိုပ်တို့မျော်မှန်းသည်ထက် ကြီးမားစွာပြုပြင်နိုင်သည်။

 

အားနည်းရခြင်း၏ အကြောင်းအရင်းများ

၁။ ဘုရားသခင်၏ ကယ်တင်ခြင်းကောင်းကြီးမဂ်လာကို အလုံးစုံနားမလည်ခြင်း

၂။ ဆုတောင်းခြင်းနှင့် ဘုရားထံမှ ခွန်အားတောင်းခံရန် ပျက်ကွက်ခြင်း

၃။ အစွမ်းသတ္တိနှင့်ပြည့်စုံနိုင်သည်ကို ယုံကြည်ရန်အားနည်းခြင်း

၄။ မိမိအစွမ်း၊ ခွန်အားကို အလွန်အားကိုးခြင်း

၅။ ယုံကြည်ခြင်းဖြင့် မြဲမြံခိုင်ခံ့နိုင်သည်ဟု ယုံမှားသံသယထားခြင်း

၆။ အားနည်းသော ခရစ်ယာန်အသက်ရှင်ခြင်း၌ နေသားကျခြင်း

 

မြဲမြံခိုင်ခံ့ခြင်းရှိရန် စိန်ခေါ်မှုများ

၁၀ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။

၁၁ မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။

၁၂ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊

လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။ ဧဖက်သြဝါဒစာ ၆း ၁၀-၁၂

 

ကျမ်းချက်၏ နောက်ခံအခြေအနေ

၁။ ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်ခြင်း

၂။ အထွဋ္ဋ်အမြတ်၊ အာဏာစက်တို့နှင့် ဆိုင်ပြိုင်တိုက်လှန်ခြင်း

၃။ မြဲမြံခိုင်ခန့်ခြင်းမရှိပဲ အနိုင်ဆိုင်ပြိုင်တိုက်လှန်နိုင်မည်မဟုတ်ပေ။

 

ကျွန်တော်တို့အတွက် စိန်ခေါ်မှုများ

၁။ မြဲမြံခိုင်ခန့်ခြင်းရှိရန်

က) ခွန်အားကိုရှာရန်။

ခ) မြဲမြံခိုင်ခန့်ခြင်းအသီးသီးရန်။

ဂ) ဤခိုင်ခန့်ခြင်းသည် ဝိညာဉ်အရာ ဆိုင်ပြိုင်တိုက်လှန်ခြင်း၌ မရှိမဖြစ်လိုအပ်သည်။

၂။ သခင်ဘုရားအားဖြင့်

က) ဝိညာဉ်ခွန်အားရှိသည်။

ခ) အတွင်းလူမြဲမြံခိုင်ခန့်ခြင်းရှိသည်။

၃။ ထိုသခင်၏ တန်ခိုးတော်အရှိန်အားဖြင့်

က) သူ၏ တန်ခိုးတော်ကို ပေးမည်။

ခ) သူသည် ကျွနိုပ်တို့အား မြဲမြံခိုင်ခန့်စေနိုင်သည်။

ဂ) ဝိညာဉ်ဆိုင်ပြိုင်တိုက်လှန်ခြင်း၌ မြဲမြံခိုင်ခန့်စွာ တိုက်လှန်နိုင်မည်။