Bethany Independent Presbyterian Church

Myanmar

လောက၏ အလင်း ယောဟန် ၉

လောက၏ အလင်း ယောဟန် ၉



နိဒါန်း

၁။ အလင်း၏ နမိတ်ပုံရိပ်

က) အမှောင်နှင့် ခြားနားဖို့ အသုံးပြုသည်။

ခ) အလင်းသည် သဘာဝအားဖြင့် အမှောင်ကို အနိုင်ယူသည်။

၂။ အလင်း၏ နမိတ်ပုံရိပ်

က) သခင်ယေရှုနှင့် နီးကပ်စေသည်။

ခ) ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အလင်းဟူသော ဝေါဟာရကို အားကြိုးမာန်တတ်အသုံးပြုသည်။

 

အလင်းပေးသူ

1 အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။

2 ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။

3 နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။

4 ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။

5 ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။

6 ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။

7 ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း

ထိုသူသည် သက်သေခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။

8 ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။

9 ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း။ ယောဟန် ၁း၁-၉

သခင်ယေရှုကို တင်ပြသောအရာများ –

က) နုတ်ကပတ်တော်

ခ) ဘုရားသခင်

ဂ) ဖန်ဆင်းရှင်

ဃ) အသက်ပေးသူ

င) အလင်းပေးသူ

၂။ အလင်းကို ဆန့်ကျင်ခြင်း

က) အမှောင်သည် အလင်းကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့သည်။

ခ) အမှောင်သည် အလင်းကို မည်သို့တားဆီးရမည်ကို နားမလည်နိုင်ပေ။

ဂ) သခင်ယေရှုသည် စေမှန်သောအလင်းဖြစ်တော်မူသည်။

 

အမှုတော်၌ အလင်းကို လက်တွေ့အကောင်အထည်ဖော်ခြင်း

၁။ လေက်က၏ အလင်းနောက်လိုက်လျှောက်ခြင်း

12 တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။

အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။ ယောဟန် ၈း၁၂

က) ကြေညာခြင်း

၁) ငါသည် လောက၏ အလင်းဖြစ်တော်မူ၏

ခ) ဖိတ်ခေါ်ခြင်း

၁) သခင်ယေရှုနောက်လိုက်ရန်

၂) အလင်း၌ လျှောက်လှမ်းတတ်ဖို့ သင်ယူရန်။

ဂ) အာမခံချက်

၁) ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။

၂) သူသည် အသက်၏အလင်းကို ရလိမ့်မည်။

 

၂။ လောက၏ အလင်းဖြစ်ခြင်းကို ဆင်ခြင်အောက်မေ့ခြင်း

4 ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။

5 ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ ယောဟန် ၉း၄-၅

က) နေ့အချိန်ရှိစဉ်တွင် လုံ့လဝီရိယဖြင့် လုပ်ဆောင်ရန်

ခ) လောက၏ အလင်းဖြစ်ခြင်းကို ဆင်ခြင်အောက်မေ့ရန်။

 

အလင်းဖြစ်ဖို့ လောကသို့ စေလွတ်ခြင်းခံတော်မူသည်။

44 ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူ သော သူကိုယုံကြည်၏။

45 ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။

46 ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောက သို့ ကြွလာပြီ ။ ယောဟန် ၁၂း၄၄-၄၆

၁။ သခင်ယေရှုကို ယုံကြည်လက်ခံသောသူအားလုံးထံ၌

က) သခင်ယေရှုကို ယုံကြည်သောသူသည်

ခ) သူ့ကို စေလွှတ်တော်မူသော ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သည်။

၂။ သခင်ယေရှုသည် စေလွှတ်ခြင်းခံတော်မူသည်။

က) လောက၌ အလင်းဖြစ်ဖို့ရန်၊

ခ) သူ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌ မနေ။

 

ကြီးမားသော အလင်း

15 နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊

ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊

16 မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊

သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။

17 ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏ ။ မဿဲ ၄း၁၅-၁၇

၁။ မှောင်မိုက်သည် မအုပ်စို့တော့ပါ။

၂။ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေရန်မလိုတော့ပေ။

၃။ ကြီးစွာသောအလင်းသည် ရောက်လာ၍၊

၄။ အလင်းသည် ပေါ်ထွန်းလျက်ရှိ၏။

ဤကြီးစွာသော အလင်းကို သင်ရှာတွေ့ပြီးပြီလား။