Bethany Independent Presbyterian Church

Myanmar

လောကီသားကို ချစ်တော်မူ၏။ (ယော ၃: ၁၆)

လောကီသားကို ချစ်တော်မူ၏။ (ယော ၃: ၁၆)



နိဒါန်း

၁။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာဝါဒ

က) သွန်သင်ပေးခဲ့

ခ) ပြသပေးခဲ့

၂။ ယုံကြည်ခံယူမူပျက်စီးခြင်း

က) ပျက်စီးခြင်း

ခ) ကပ်ဆိုးဆိုက်ခြင်း

၃။ ယုံကြည်ခံယူချက်ပြန်၍ရယူခြင်း

က) သခင်ခရစ်တော်၏သွင်သင်ပေးခြင်းအားဖြင်.

ခ) သခင်ခရစ်တော်၏ချစ်ခြင်းမေတ္တာပြသခြင်းအားဖြင့်

 

ဘုရားသခင်၏ချစ်ခြင်းမေတ္တာအားကြေညာခြင်း

6 အကြောင်းမူကား၊ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။

မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရားသခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။

7 သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။

သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။

8 ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့်၎င်း၊

ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီးသော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော်မူပြီ။ တရားဟောရာကျမ်း ၇: ၆-၈

၁။ ချစ်ခြင်းမေတ္တာသည်ဂရုထားသည်

က) သန့်ရှင်းသောသူများ

ခ) သူ့တွက်ရွေးကောက်ထားသောသူများ

ဂ) အထူးရတနာ

၂။ ချစ်ခြင်းမေတ္တာသည်စဉ်းစားသည်

က) ဣသရေလ လူမျိုး၏ လူဦးရေအရေတွက်ကြောင့်မဟုတ်

ခ) ဣသရေလ သည်သေးငယ်သောလူမျိုးဖြစ်သည်

ဂ) ချစ်ခြင်းမေတ္တာသည်သာသူ၏အကြောင်းပြချက်ဖြစ်သည်

၃။ ချစ်ခြင်းမေတ္တာ၏ပြန်လည်ရွေးနှုတ်ခြင်း

က) ချည်နှောင်ခြင်းမှပြန်လည်ရွေးနှုတ်ခြင်း

ခ) ပြန်လည်ရွေးနှုတ်ခြင်း၌ ဘုရားသခင်၏ဂတိသစ္စာပြည့်စုံခြင်း

 

ဘုရားသခင်၏ချစ်ခြင်းသစ္စာ

1 ဣသရေလသည် အသက်ငယ်သောအခါ ငါသည်ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ။

2 သူတို့ကို ခေါ်သော သူတို့ထံမှ ထွက်သွားကြ၏။ ဗာလဘုရားတို့အား ယဇ်ပူဇော်၍ ရုပ်တုဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ကြ၏။

3 ငါသည် သွားတတ်သော အတတ်ကို ဧဖရိမ်အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မသိဘဲနေ၏။

4 လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့၍ ဖြည်းညှင်းစွာ ကျွေး၏။ ဟောရှေအနာဂတ္တိကျမ်း ၁၁:၁-၄

၁။ အောက်မေ့ဖွယ်ခမည်းတော်၏ချစ်ခြင်းမေတ္တာ

က) သူ၏သားသမီးျများအတွက်

ခ) သူ၏သားတော်အတွက်

၂။ ချစ်ခြင်း၏ အမှတ်တရများ

က) လမ်လျှောက်တက်အောင်သင်ပေးခြင်း

ခ) သူတို့၏လက်အားဖြင့်ဆွဲခေါ်ပေးခြင်း

ဂ) ကျန်းမာစေခြင်း

ဃ) မေတ္တာကြိုးဖြင့်ဆွဲခေါ်ခြင်း

င) ကျွေးမွေးခြင်း

၃။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှသွေဖီခြင်း

က) စွန့်ခွာခြင်

ခ) ရုပ်တုကိုးကွယ်ရန်စွန့်ခွာခြင်း

 

ဘုရားသခင်၏ထူးခြားသောချစ်ခြင်းမေတ္တာကိုဖော်ပြခြင်း

13 ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။

14 မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။

15 အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။

16 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်း

သော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။

17 လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။

လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ ရှင်ယောဟန် ၃: ၁၃-၁၇

၁။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုမြင်တွေ့ရခြင်း

က) ဘုရားသခင်၏ကယ်တင်ခြင်းအစီစဉ်၌

ခ) ဘုရားသခင်၏ထာဝရအသက်ကတိတော်၌

၂။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုပြသပေးခြင်း

က) ကောင်းကင်ဘုံမှခရစ်တော်ကိုစေလွှတ်ပေးခြင်း

ခ) အပြစ်တင်ခြင်းငှာစေလွှတ်ခြင်းမဟုတ်

ဂ) လောကကိုကယ်တင်ဖို့ရန်စေလွှတ်ခြင်း

 

နိဂုံး

၁။ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုရှာဖွေတွေရှိရန်ဖြစ်သည်

၂။ဘုရားသခင်အားသေချာစွာတုန့်ပြန်ရန်ဖြစ်သည်

၃။ ဘုရားသခင်အားချစ်ခြင်းကိုတိုးပွားစေရန်ဖြစ်သည်