လူများနှင့် ပဋ္ဌိညာဉ်ဖွဲ့စရာဖို့ (ဟေရှာယ ၄၂း၆)
နိဒါန်းမိတ်ဆက်ခြင်း
၁။ ဓမ္မဟောင်းကျမ်းမှာ ပဋ္ဌိညာဉ်အကြောင်း များစွာ ရှိပါသည်။
က) နောဧ၏ ပဋ္ဌိညာဉ်
ခ) အာဗြဟံ၏ ပဋ္ဌိညာဉ်
ဂ) မောရှေ၏ ပဋ္ဌိညာဉ်
ဃ) လေဝိ ပဋ္ဌိညာဉ်
င) လက်ထပ်ထိမ်းမြှားခြင်း ပဋ္ဌိညာဉ်
စ) ဒါဝိဒ် ပဋ္ဌိညာဉ်
၂။ သခင်ဘုရားသည် ပဋ္ဌိညာဉ်အသစ် ပေးမည်ဖြစ်သည်။
က) ဤ ပဋ္ဌိညာဉ်သည် မောရှေ ပဋ္ဌိညာဉ်ကို အစားထိုးမည်။
ခ) ဤ ပဋ္ဌိညာဉ်အကြောင်းကို ဟေရှာယက ပရောဖက်ပြုထားခဲ့သည်။
ဃ) ဤအကြောင်းကို ပရောဖက် ယေရမိကို အသေးစိတ်ရှင်းပြထားသည်။
ပဋ္ဌိညာဉ်သစ်တစ်ခုအတွက် ကတိတော်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သောအခါ သူတို့၌ ငါပေးသော
ပဋ္ဌိညာဉ် တရား နှင့် ခြားနားသော ပဋ္ဌိညာဉ်တရားသစ်ကို ဣသရေလအမျိုး၊ ယုဒအမျိုးတို့၌ ငါပေးသောအချိန်ကာလရောက်လိမ့်မည်။
အရင်ငါပေးဖူးသော ပဋ္ဌိညာဉ်တရားကို သူတို့သည် ဖျက်၍ ငါသည်လည်း သူတု့ိကို ရွံရှာ၏။ နောင်ကာလအခါ ဣသရေလ အမျိုးတို့၌ ငါပေးအံ့သော ပဋ္ဌိညာဉ်
တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။
သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု အမျိုးသားချင်း၊
ညီအစ်ကိုအချင်းချင်း တစ်ယောကို တစ်ယောက် ဆုံးမသြဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင်
ထိုသူအပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။
သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ယေရမိအနာဂတ္တိကျမ်း ၃၁း၃၁-၃၄
၁။ အသစ်သော ပဋ္ဌိညာဉ် ကြေညာလိုက်သည်။
က) ဣသရေလ၏ အိမ်တော်
ခ) ယုဒ၏ အိမ်တော်
၂။ ပဋ္ဌိညာဉ်ဟောင်းကဲ့သို့ မဟုတ် ထွက်မြောက်ရာကျမ်း ၂၄၊ ဝတ်ပြုရာကျမ်း ၂၆
က) ပဋ္ဌိညာဉ်ဟောင်းကို ဆိုးဝါးစွာ ချိုးဖောက်ခဲ့သည်။
ခ) ဤဟာကို လက်ထပ်ထိမ်းမြှားခြင်း ပဋ္ဌိညာဉ်နှင့် နှိုင်းယှဉ်ထားသည်။
၃။ အသစ်သော ပဋ္ဌိညာဉ်၏ အင်္ဂါရပ်လက္ခဏာများ
က) သူ့ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။
ခ) သူတို့နှလုံးပေါ်မှာ ရေးထားမည်။
ဂ) သူတို့၏ ဘုရားဖြစ်မည်။
ဃ) ယုံကြည်သူများသည် သူ့၏လူဖြစ်ကြလိမ့်မည်။
င) လူတို့သည် မှန်မှန်ကန်ကန်နှင့် ကိုယ်စီဘုရားသခင်ကို သိရကြမည်။
စ) အပြစ်များကိုလည်း ခွင့်လွတ်ပေးမည်။
ဆ) ဒုစရိုက်အပြစ်များအားလုံးကို မအောက်မေ့ဘဲ နေမည်။
ပဋ္ဌိညာဉ်သစ်ကို အသေးစိတ်ဖော်ပြခြင်း
၁ ယုခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ရှိ၏။
ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လကျ်ာဘက်မှာ ထိုင်နေတော်မူ၏။
၂ လူမဆောက်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ်တည်းဟူသော သန့်ရှင်းရာ ငှာန၌ ဘုရားဝတ်ကို ပြုသောသူဖြစ်တော်မူ၏။
၃ ယဇ်ပုရောမင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည်ဖြစ်၍
ငါတို့ယဇ်ပုရောမင်းသည်လည်း ပူဇော်စရာယဇ်တစ်စုံတစ်ခုရှိရ၏။
၄ ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သောယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ်၍ ထိုသခင်သည် မြေကြီးပေါ်မှာ ရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။
၅ မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသော ပုံနှင့်ညီ လျော်စွာ အလုံးစုံတို့လုပ်ခြင်းငှါ သတိပြုရမည်ဟု
ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍ ထိုယဇ်ပုရောဟိတ် တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာ ဆိုင်လျက်ဝတ်ကို ပြုနေကြ၏။
၆ ထိုမှတစ်ပါး ယေရှုသည် သာ၍မြတ်သော ကတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋ္ဌိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊
သာ၍မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။ ဟေဗြဲသြဝါဒစာ ၈း၁-၆
၁။ သခင်ယေရှုသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်။
၂။ သူသည် ဘုရားသခင်၏ လကျ်ာတော်ဘက်၌ ထိုင်နေတော်မူသည်။
၃။ သန့်ရှင်းရာ ငှာန၌ ဘုရားဝတ်ကို ပြုသောသူဖြစ်တော်မူ၏။
၄။ သာ၍မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူသည်။
၅။ သာ၍မြတ်သော ပဋ္ဌိညာဉ်တရား၏ အာမခံဖြစ်သည်။
၆။ ၎င်းသည် သာ၍မြတ်သော ကတိတော်တို့၌တည်သည်။
ပဋ္ဌိညာဉ်တရားသစ်အား ထပ်မံရှင်းလင်းဖော်ပြချက်
၁၁ ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့်မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌
နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊
၁၂ ငါတို့အဖို့ ထာဝရရွေးနှုတ်ခြင်းကျေးဇူးကို ခံရ၍ ဆိတ်သွေး၊ နွားကလေးသွေး နှင့် မဟုတ်၊ မိမိသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏။
၁၃ အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတု့ိအပေါ်၌ ဖြန်းသောနွားသွေး၊ ဆိတ်သွေး၊
နွားမကလေး၏ပြာသည် သူတို့ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊
၁၄ ထိုမျှမက၊ အပြစ်ကင်းသောကိုယ်တော်ကို ထာဝရဝိညာဉ်တော်အားဖြင့် ဘုရားသခင့်ရှေ့၌တင်လှူပူဇော်သော ခရစ်တော်၏သွေးသည်
သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊
သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍ တတ်နိုင်တော်မူသည်မဟုတ်လော။
၁၅ ထိုကြောင့် ပထမ ပဋ္ဌိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည်ဖြစ်၍ ခေါ်တော်မူသောသူ
တို့သည် ကတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည့်အကြောင်း၊ ထိုသခင်သည် ပဋ္ဌိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။ ဟေဗြဲသြဝါဒစာ ၉း၁၁-၁၅
၁။ ခရစ်တော်သည် နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သည်။
၂။ ထာဝရရွေးနှုတ်ခြင်းကျေးဇူးကို ခံရသောဖြစ်သည်။
၃။ ဘုရားသခင့်ရှေ့၌ အပြစ်ကင်းသော ကိုယ်တော်ကို တင်လှူပူဇော်တော်မူသည်။
၄။ ကျွန်တော်တို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေသည်။
၅။ ကျွန်တော်တို့သည် ကတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရကြမည်ဖြစ်သည်။
နိဂုံး
၁။ ကျွန်တော်တို့သည် သခင်ဘုရား၏ ပဋ္ဌိညာဉ်သစ်တရားကို ပို၍အလေးအနက်ထားဖို့ လိုသည်။
၂။ ကျွန်တော်တို့၏ နှလုံးသားများကို မေတ္တာဖြင့် တုံ့ပြန်နိုင်ကြပါစေ။
၃။ ကျွန်တော်တို့သည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ကြပါစေသော။