Bethany Independent Presbyterian Church

Myanmar

လူတတ်မဟုတ်၊ လူသာမညသာဖြစ်သည် တ၊ ၄း ၁၃

လူတတ်မဟုတ်၊ လူသာမညသာဖြစ်သည် တ၊ ၄း ၁၃



နိဒါန်း

၁။ သခင်ယေရှု၏ တပည့်တော်များ

က။ အများစုသည် နှိမ့်ချသော တံငါသည်များဖြစ်ကြသည်။

ခ။ တစ်ယောက်သည် အခွန်ခံဖြစ်သည်။

၂။ သခင်ယေရှုခရစ်၏ အကြံစည်တော်

က။ သူ့အကြံစည်တော် အဘယ်သို့နည်း။

ခ။ အဘယ်ကြောင့်ထိုကဲ့သို့နှိမ့်ချသောလူမျိုးတို့ကို တပည့်တော်များအဖြစ် ရွေးချယ်သနည်း။

 

ဘုရားသခင်၏ အကြံစည်တော် ဖွင့်ပြခြင်း- ၁

၁၈။ အကြေင်းမူကား၊ ဆုံးရံှုးခြင်းသို့ရောက်သောသူတို့၌လက်ဝါးကပ်တိုင်တော်တရားသည်

မိုက်သောတရားဖြစ်၏။ ကယ်တသ်ခြင်းသို့ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။

၁၉။ ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ပညာကိုငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်ဟုလာသတည်း။

၂ဝ။ ပညာရှိကားအဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။

ပြသနာ၌လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကိုဘုရားသခင်သည်မိုက်စေတော်သည် မဟုတ်လော။

၂၁။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို

မသိဘဲနေကြသောအခါ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာတော်မိုက်မဲခြင်းအားဖြင့်ကယ်တင်ခြင်းဌါ စေတနာရှိတော်မူ၏။

၂၂။ ယုဒလူတို့သည် နိမိတ်လက္ခဏာကိုတောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကိုရှာတတ်ကြ၏။

၂၃။ ငါမူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်အကြောင်းကို ဟောပြော၏။

ထိုအကြောင်းသည်ကား၊ ယုဒအမျိုး ထိမိ၍လဲစရာအကြောင်းဖြစ်၏။ တပါးအမျိုး၌ကား၊ မိုက်မဲခြင်းဖြစ်၏။

၂၄။ သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌

ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ပညာတော်ဖြစ်သော ခရစ်တော်၏တရားဖြစ်၏။

၂၅။ ဘုရားသခင်၏မိုက်မဲခြင်းအရာသည် လူတို့၏ပညာထက် သာ၍ပညာရှိ၏။

ဘုရာဒသခင်၏အားနည်းခြင်းအရာသည် လူတို့၏အစွမ်ူထက်သာ၍အစွမ်းရှိ၏။ ၁ ကော၊ ၁း ၁၈-၂၅

၁။ လောကီသားတို့၏ ပညာ

က။ ထိုအရားအားဖြင့်ဘုရားကို မသိနိုင်။

ခ။ မိမိကိုယ်ကို အလွန်အမင်းအထင်ကြီးသော သူများ-

၁။ ပညာရှိ

၂။ ကျမ်းပြုဆရာများ၊

၃။ ပြသနာ၌လေ့ကျက်သောဆရာ

၄။ ဟေလသလူ

၅။ ယုဒလူ

၂။ ဘုရားသခင်၏ ပညာတော်

က။ လက်ဝါးကပ်တိုင်တော်တရား

ခ။ ခရစ်တော်၏ အကြောင်း

ဂ။ ဘုရားသခင်၏တန်ခိုးတော်

 

ဘုရားသခင်၏အကြံစည်တော် ဖွင့်ပြခြင်း- ၂

၁၈။ သမ္မာတရားကို အဓမ္မဖြင့်ဆီတားနှိပ်စက်သောသူတို့ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊

တရားကိုလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့တစ်ဖက်၌ ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် ရှိ၏။

၁၉။ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သောဘုရားသခင်၏အကြောာင်းအရာတို့သည်

သူတို့တွင်ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အားပြတော်မူပြီ။

၂ဝ။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော

မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။

၂၁။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုသိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊

ကျေးဇူးတော်ကိုလည်းမသိမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။

၂၂။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌တည်ကြသည်ဖြစ်၍၊

၂၃။ မဖောက်ပြန်၊ မပျက်စီးနိုင်သောဘုရားသခင်၏ဂုဏ်တော်ကိုပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သောလူ၏ရုပ်တု၊

သားဌက်အစရှိသော တွားတတ်သောတိရစ္ဆာန်၏ရုပ်တုတို့ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ ရောမ ၁း ၁၈-၂၃

၁။ ဘုရားသခင်သည် လူတို့ထံ ထင်ရှားတော်မူပြီ။

၂။ လူတို့သည် ဘုရားသခင်ကိုသိလျက်ပင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းရန်ငြင်းပယ်ခဲ့သည်။

၃။ အချည်းနှီးတွေးဆသောသူများဖြစ်လာကြသည်။

၄။ သူတို့စိတ်နှလုံးသည် မိုက်မဲကြသည်။

၅။ ပညာရှိယောင်ဆောင်လျက်ပင် လူမိုက်ဖြစ်လာကြသည်။

 

တပည့်တော်များကို ဆန့်ကျင်ခုခံခြင်း

၁၃။ ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကိုမြင်၍ လူတတ်မဟုတ်၊ လူသာမညသာဖြစ်သည်ကို

သိမှတ်သဖြင့် အံ့သြ၍နေကြ၏။ ထိုသူနှစ်ယောက်တို့သည် အထက်က ယေရှုနှင့်အတူ ရှိသည်ကိုသတိရ၍၎င်း၊

၁၄။ အနာကင်းလွတ်သော သူသည် ထိုသူတို့နှင့်အတူရှိနေသည်ကိုမြင်၍၎င်း၊ ငြင်းခုံဆိုဖွယ်ရာမရှိ၊ မတွေ့ကြ။ တ၊ ၄း ၁၃-၁၄

၁။ ဆန်ဟက်ဒင်း (Sanhedrin) ကောင်စီမှ ပေတရုနှင့်ယောဟန်အပေါ်မှတ်ချက်-

က။ သူတို့၏ ရဲရင့်ခြင်းသတ္တိကိုမြင်သည်

ခ။ သူတို့သိမှတ်၍အံ့သြသည်-

၁။ သူတို့သည် လူတတ်မဟုတ်၊

၂။ သူတို့သည် လူသာမညသာဖြစ်သည်။

ဂ။ သူတို့သည် အထက်က သခင်ယေရှုခရစ်နှင့်အတူရှိကြောင်း သူတို့သိကြသည်။

၂။ သူတို့တွေ့မြင်ရသော အနာကင်းလွတ်ခြင်းကို သူတို့သည် ငြင်းဆိုရာမရှိပေ။

၁။ ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့ လာသောအခါဘုရားသခင်၏သက်သေကို

ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာဖြင့် သင်တို့အားပြသ၍ရောက်လာသည် မဟုတ်။

၂။ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင် အသေခံတော်မူသော သခင်တစ်ပါး၊

အဘယ်အရာကိုမျှ သင်တို့တွင်ငါမသိလိုဟု ငါစိတ်ပြဌာန်းခြင်းရှိ၏။

၃။ သင်တို့နှင့်အတူ ငါရှိနေသောအခါအားနည်းခြင်း၊ အလွန်ကြောာင်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ၏။

၄-၅။ သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့်မတည်၊ ငါ့စကား၊ ငါ့ဒေသနာသည်လူပညာနှင့်ယှဉ်သော

ဖြားယောင်းသောစကားနှင့်တကွ ရှိသည်မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာတန်ခိုးတော်နှင့်တကွရှိ၏။

၁။ ရှင်ပေါလုသည် ပညာရှိပုဂ္ဂိုလ်ဖြစ်သည်

က။ ပညာတတ်ဖြစ်သည်။

ခ။ သင်ယူသောဖြစ်၏။

၂။ အမှုတော်ဆောင်မည့်နည်းလမ်း ရှင်ပေါလု၏ ရွေးချယ်ခြင်း

က။ ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာဖြင့် မဟုတ်။

ခ။ လူပညာနှင့်ယှဉ်သော ဖြားယောင်းသေားစကားအားဖြင့်မဟုတ်။

ဂ။ သို့သော်၊ ဝိညာဉ်တော်၏နိမိတ်လက္ခဏာတန်ခိုးတော်အားဖြင့် ဖြစ်၏။