Bethany Independent Presbyterian Church

Myanmar

“ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်” (မဿဲ ၉း၂)

“ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်” (မဿဲ ၉း၂)


နိဒါန်းမိတ်ဆက်ခြင်း

၁။ ဂရုစိုက်နေသော လူ ၄ ယောက်သည် လက်ခြေသေသော သူတို့၏ သူငယ်ချင်းအတွက် အလွန်စိုးရိမ်နေကြောင့်ကို ဖော်ပြသည်။

၂။ သူငယ်ချင်း ၄ ယောက်ဆီမှာ ဘာထူးခြားမှုတွေရှိသလဲ။

၃။ သူငယ်ချင်း ၄ ယောက်၏ ယုံကြည်ခြင်းသည် ထူးခြားနေသည်။

 

ကပေရနောင်မြို့သို့ သခင်ယေရှု နောက်တစ်ဖန် ရောက်တော်မူ၏

၁။ ကပေနနောင်မြို့သို့ မကြာခဏသွားလေ့ရှိသည်။

၂။ ၎င်းမြို့ကို “မိမိမြို့” ဟု ခေါ်တွင်သည်။

၃။ နာဇရက်မြို့ မဟုတ်ပါ။ နာဇရက်မြို့သည် သူ့၏သွန်သင်ချက်တို့ကို ငြင်းပယ်ခဲ့ကြသည်။ (လုကာ ၄း၁၆-၃၀)

 

လက်ခြေသောသောသူကို သခင်ယေရှုထံ ခေါ်ဆောင်လာသည်။

ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။

လက်ခြေသော၍ အိပ်ရာပေါ်မှာ တုံးလုံးနေသောသူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။

ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား မစိုးရိမ်နှင့်။

သင်၏အပြစ်ကို လွတ်စေပြီ ဟု မိန့်တော်မူ၏။ ရှင်မဿဲ ၉း၁-၂

၁၇ တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည့်၊

ဂါလိလဲပြည် မြို့ရွာများတို့မှ ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်းဆရာ တို့သည် ထိုင်လျက်ရှိကြ၍၊

အနာရောဂါကို ငြိမ်းစေခြင်းငှါ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။

၁၈ ထိုအခါ လက်ခြေသေသောသူတစ်ယောက်ကို အိပ်ရာနှင့်တကွ အထံတော်သို့ ဆောင်ခဲ့၍ ရှေ့တော်၌ သွင်းထားခြင်းငှါ ရှာကြံကြ၏။

၁၉ လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့ တက်၍ အုတ်မိုးကို ဖောက်ပြီးမှ

လူနာကို အိပ်ယာနှင့်တကွ လူများအလယ် ယေရှု၏ရှေ့တော်သို့ လျော့ချကြ၏။ လုကာ ၅း၁၇-၁၉

၁။ သူငယ်ချင်း ၄ ယောက်တို့သည် လက်ခြေသေသောသူငယ်ချင်းကို သခင်ယေရှုထံခေါ် ဆောင်ဖို့ နည်းလမ်းရှာခဲ့ကြသည်။

၂။ လူစုလေးလျက်ရှိသောကြောင့် သခင်ယေရှုထံ မခေါ်ဆောင်နိုင်ခဲ့ကြပေ။

၃။ သူတို့သည် အိမ်အုတ်မိုးကို ဖောက်ပြီးမှ အနာပျောက်ကင်းဖို့ သခင်ယေရှုထံ ခေါ်ဆောင်လာသည်။

 

သခင်ယေရှုက ဘာကိုမြင်သလဲ။

၁။ အိမ်အုတ်မိုးပေါ်က သူငယ်ချင်းလေးယောက်ကို မြင်တယ်

၂။ သူ့ရှေ့က လက်ခြေသေသောသူကို မြင်တယ်။

၃။ အားလုံးထဲမှာ၊ သူငယ်ချင်း လေးယောက်၏ ယုံကြည်ခြင်းကို မြင်တယ်။

 

ယုံကြည်ခြင်းကို သတိပြုနိုင်သော အင်္ဂါရပ်များ

သင်တု့ိအပေါင်းကို အကြောင်းပြုသဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍ သင်တို့အဖို့အလို့ငှါ ဆုတောင်းပဌနာပြုလျက် နေကြ၏။

ငါတို့အဘ ဘုရားသခင့်ရှေ့တော်၌ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြငိး၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို

မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်အပြတ်အောက်မေ့လျက်၊ ၁ သက်သာလောနိတ်သြဝါဒစာ ၁း၂-၃

၁။ ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း

၂။ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊

၃။ မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်း

ဤအင်္ဂါရပ်တို့သည် သူငယ်ချင်း ၄ ယောက်ဆီမှာ ထင်ထင်ရှားရှား တွေ့မြင်ရသောအရာ များဖြစ်သည်။

 

အပြစ်ခွင့်လွတ်ခြင်း၏ အံ့ဖွယ်ကမ်းလှမ်းခြင်း

၁။ အပြစ်များကို ခွင့်လွတ်ခြင်း

၂။ ဤအရာသည် သခင်ယေရှု၏ ပထမအာရုံစိုက်သောအရာဖြစ်သည်။

လက်ခြေသေသောသူအား၊ “ငါ့သား ”

 

ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့၏ အဆိုးမြင်ခြင်း

ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကို လွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။ မဿဲ ၉း၃

တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည့်၊ ဂါလိလဲပြည် မြို့ရွာများတို့မှ ရောက်လာသော ဖာရိရှဲတို့နှင့်

နိဿရည်းဆရာတို့သည် ထိုင်လျက် ရှိကြ၍၊ အနာရောဂါကို ငြိမ်းစေခြင်းငှါ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။ လုကာ ၅း၁၇

ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကို လွန်ကျူး၍ ပြောသော ဤသူကား အဘယ်သူနည်း။

ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။ လုကာ ၅း၂၁

၁။ ဘာသာရေး ခေါငးဆောင်များ

က) ကျမ်းပြုဆရာများ

ခ) ဖာရိရှဲများ

ဂ) ပညတ်တရား သင်ပေးသောဆရာသမားများ

၂။ သခင်ယေရှုကို သူတို့ အပြစ်ရှာကြသည်။

က) သခင်ယေရှု အပြစ်ကျူးလွန်သည်ဟု ဆိုကြသည်။

ခ) သခင်ယေရှု၏ အပြစ်လွှတ်နိုင်ခြင်းကို မေးခွန်းထုတ်ကြသည်။

 

သခင်ယေရှု၏ ကောင်းမွန်သော တုံ့ပြန်ချက်

၄ ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသော စိတ်ကြသနည်း။

၅ အဘယ်စကားကို သာ၍ပြောလွယ်သလော။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ ဟု ပြောလွယ်သလော။

၆ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။

ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။

၇ ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။

၈ လူအစုအဝေးတု့ိသည် မြင်လျှင် အံ့သြခြင်းရှိ၍ လူတို့အား ဤသို့သောအခွင့်ကို

အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ရှင်မဿဲ ၉း၄-၈

၂၂ ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကို သိတော်မူလျှင် သင်တို့စိတ်ထဲမှာ အဘယ်ကြောင့် ထင်မှတ်ကြသနည်း။

၂၃ အဘယ်စကားကို သာ၍ပြောလွယ်သလော။ သင်ထ၍လှမ်းသွားလော့ဟု ပြောလွယ်သလော။

၂၄ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။

သင့်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။ လုကာ ၅း၂၂-၂၄

၁။ သခင်ယေရှုသည် နောက်ယှက်သောသူများ၏ အကြံများကို သိတော်မူသည်။

၂။ ပိုလွယ်သောအရာကို စဉ်းစားဖို့ သခင်ယေရှုက သူတို့ကို စိန်ခေါ်ခဲ့သည်။

က) သင်၏အပြစ်ကို လွတ်စေပြီ။

ခ) ထ၍ လှမ်းသွားလော့။

၃။ နှစ်ခုစလုံးသည် မလွယ်ကူပေ။

က) သို့သော် နှစ်ခုစလုံးကို လုပ်ဆောင်ဖို့ သခင်ယေရှုမှာ အခွင့်တန်ခိုးအာဏာရှိသည်။

ခ) အပြစ်လွှတ်နိုင်သည်၊ လူတစ်ယောကို သက်သာစေနိုင်သည်။

 

ဘုန်းအသရေရှိသော အံ့သြဖွယ်တစ်ခု

၂၅ ထိုသူသည်လည်း လူများရှေ့တွင် ချက်ချင်းထ၍ အိပ်ယာကို ဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့ သွားလေ၏။

ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတု့ိသည်

အံ့ဖွယ်သောအမှုအရာကို ယနေ့မြင်ခဲ့ပြီဟု ပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ လုကာ ၅း၂၅-၂၆

၆ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။

ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။

၇ ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။ ရှင်မဿဲ ၉း၆-၇

၁။ လက်ခြေသေသောသူသည် သက်သာသွားသည်။

၂။ သူ့၏အပြစ်များကို ခွင့်လွတ်ပေးသည်။

 

ကျွန်တော်တို့အတွက် စိန်ခေါ်မှု

၁။ ကျွန်တော်တု့ိ၏ ယုံကြည်ခြင်းအဖြစ်မှန်ကို စစ်ဆေးပါ။

က) ယုံကြည်ခြင်းကို ဖော်ပြသော လက္ခဏာများ ဘာရှိလဲ။

ခ) ကျွန်တော်တို့၏ ယုံကြည်ခြင်းကို အခြားသူတို့ မြင်နိုင်သလား။

၂။ ယုံကြည်ခြင်းကို မြင့်တင်ပါ။

က) လိုအပ်နေသောသူတို့ကို စောင့်ရှောက်ကြရအောင်။

ခ) ကျွန်တော်တို့၏ စစ်မှန်သော ယုံကြည်ခြင်းသည် လူများတို့ကို သခင်ယေရှုထံတော်သို့ ခေါ်ဆောင်စေသည်။