Bethany Independent Presbyterian Church

Myanmar

မှန်သော ကောင်းကင်မုန့် ရှင်ယောဟန် ၆

မှန်သော ကောင်းကင်မုန့် ရှင်ယောဟန် ၆



နိဒါန်း

၁။ လူငါးထောင်အားကျွေးမွေးခြင်း

က။ ဤနိမိတ်လက္ခဏ္ဏာသည် ခရစ်ဝင်ကျမ်း (၄)ကျမ်းတို့၌မှတ်တမ်းတင်ကြပါသည်။

ခ။ ခရစ်ဝင်ကျမ်းရေးသားသောသူအားတို့သည် ဤနိမိတ်လက္ခဏ္ဏာအားမှတ်တမ်းတင်ကြသည်ကို မှတ်သားစရာဖြစ်သည်။

၂။ ရှင်ယောဟန်၏ ချဉ်းကပ်ခြင်း

က။ နိမိတ်လက္ခဏ္ဏာအားတင်ပြရုံထက်သာ၍ပိုပါသည်။

ခ။ နက်နဲသောဝိညာဉ်ရေးရာသင်ခန်းစာများပါဝင်သည်။

 

ဤနိမိတ်လက္ခဏ္ဏာမှ သင်ယူ၍ရနိုင်သော သင်ခန်းစာများ

၁။ နိမိတ်လက္ခဏ္ဏာနှင့်ပတ်သက်၍-

က။ ဘုရားသခင်၏တန်ခိုးတော်

ခ။ ဘုရားသခင်၏ပြင်ဆင်ပေးခြင်း

ဂ။ သခင်ယေရှု၏ အဖြစ်တော်

၂။ ဤနိမိတ်လက္ခဏ္ဏာအား တုန့်ပြန်ခြင်းများ

က။ တပည့်တော်များသည် သူတို့ယုံကြည်ခြင်း၌ရုန်းကန်လျက်ရှိသည်။

ခ။ လူအပေါင်းတို့သည် ကိုယ်တော်ကိုရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းဌါ အလိုရှိကြသည်။

ဂ။ ရောထွေးသော တုန့်ပြန်မှုများရှိခဲ့သည်။

 

သခင်ယေရှု၏အဖြစ်တော်နှင့်ပတ်သက်၍ အရေးကြီးသော သင်ခန်းစာများ

၁။ ထာဝရအသက်နှင့်အမျှတည်တတ်သောအစာအား ဆင်ခြင်ရန်။

၂၇။ မုန့်ကိုစား၍ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရတတ်ခြင်းဌါ မကြိုးစားကြနှင့်။ လူသားသည်

သင်တို့အားပေး၍ထာဝရအသက်နှင့်အမျှတည်တတ်သောအစာကိုရခြင်းဌါကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏

တံဆိပ်ခတ်ခြင်းကိုခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ ယောဟန် ၆း ၂၇

က။ လူသားကဲ့သို့ သခင်ယေရှု

ခ။ ခမည်းတော်၏တံဆိပ်ခတ်ခြင်းကိုခံသောသူဖြစ်သည်။

ဂ။ ထာဝရအသက်နှင့်အမျှတည်တတ်သောအစာကို ပေးနိုင်သည်။

 

၂။ သခင်ယေရှုကိုယုံကြည်ရန်။

၂၈။ ထိုသူတို့ကလည်း၊ ဘုရားသခင်၏အလိုတော်နှင့်ညီသောအကျင့်ကိုကျင့်ခြင်းဌါ အဘယ်သို့ပြုရပါမည်နည်းဟုမေးလျှောက်ကြ၏။

၂၉။ ယေရှုကလည်း၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊

အလိုတော်နှင့်ညီသောအကျင့်တည်းဟုမိန့်တော်မူ၏။ ယောဟန် ၆း ၂၈-၂၉

က။ ဘုရားသခင်၏အလိုတော်ညီသောအကျင့်ကိုဆင်ခြင်ရန်။

ခ။ အရေးကြီးဆုံးသောအရာသည် သခင်ယေရှုကိုယုံကြည်ရန်ဖြစ်သည်။

ဂ။ ဘုရားသခင်သည် သူ့ကို (သခင်ယေရှု) စေလွှတ်ခဲ့သည်။

 

၃။ ကောင်းကင်မှဆင်းသက်လာသော အသက်မုန့်

၃၂။ ယေရှူကလည်းငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့မပေး။

ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အားပေးတော်မူ၏။

၃၃။ ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်းဟု မိန့်တော်မူလျှင်၊

၃၄။ သခင်၊ ထိုမုန်ံကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ြက်၏။ ယောဟန် ၆း ၃၂-၃၄

က။ မောရှေထက်သာ၍ကြီးမြတ်ခြင်း

ခ။ ကိုယ်ခန္ဓာအစာထက်သာ၍ပိုသည်။

ဂ။ မှန်သော ကောင်းကင်မုန့်

ဃ။ လောကီသားတို့အား အသက်ပေးသောမုန့်

 

သခင်ယေရှုအား ယုံကြည်လက်ခံရန် ခေါ်ဖိတ်ခြင်း

၃၅။ ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန်အဆာအမွတ်မခံရ။

ငါ့ကိုယုံကြည်သောသူသည် နောက်တစ်ဖန်ရေငတ်မခံရ။

၃၆။ သို့သော်လည်း သင်တို့သည် ငါ့ကိုမြင်လျက်ပင်မယုံကြည်ကြဟုငါဆိုခဲ့ပြီ။

၃၇။ ခမည်းတော်သည် ငါ့အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့လာကြလိမ့်မည်။

ငါ့ထံသို့လာသောသူကိုငါသည် အလျင်းမပယ်။ ယောဟန် ၆း ၃၅-၃၇

၁။ သခင်ယေရှုထံယုံကြည်ခြင်းနှင့်ချဉ်းကပ်လာရန်။

က။ သူ့ (သခင်ယေရှု) အားအသက်မုန့်ကဲ့သို့လက်ခံရန်။

ခ။ ယုံကြည်သောသူတို့သည် အဆာအမွတ်ခံခြင်း၊ ရေငတ်ခြင်း မရှိတော့ပေ။

၂။ တန်ဖိုးရှိသော ကတိတော်

က။ သခင်ထံလာသောသူတို့သည် သခင်လက်ခံလိမ့်မည်။

ခ။ သူတို့သည် အလျင်းပယ်ခြင်းခံရမှာမဟုတ်ပေ။

 

ဘုရားသခင်၏အလိုတော်

၃၈။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့လိုက်ခြင်းဌါ ကောင်းကင်မှဆင်းသက်လာသည်မဟုတ်၊

ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်သို့ လိုက်ခြင်းဌါဆင်းသက်၏။

၃၉။ ငါ့ကိုစေလွှတ်တော်မးသော ခမည်းတော်၏အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ

ငါမပျောက်စေရဘဲ နောက်ဆုံးသော နေ့၌ ထိုသူအပေါင်းတို့ကို ရှင်ပြန်ထမြောက်စေခြင်းဌါ၊

၄ဝ။ သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းဌါ၎င်း အလိုတော်ရှိ၏။

ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ရှင်ပြန်ထမြောက်စေမည်ဟု မိန့်တော်မူ၏။ ယောဟန် ၆း ၃၈-၄ဝ

၁။ ဘုရားသခင့်အလိုတော်၏ အခွင့်အာဏာ

က။ လက်ခံရန်ဖြစ်သည်။

ခ။ ပို၍ကြိုက်နှစ်သက်ရန်ဖြစ်သည်။

ဂ။ ပြည့်စုံရန်ဖြစ်သည်။

၂။ ကယ်တင်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်

က။ သခင်ယေရှုထံလာသောသူတို့သည် ပျောက်ဆုံးခြင်းမရှိတော့ပေ။

ခ။ နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်လိမ့်မည်။

ဂ။ သူတို့သည် ထာဝရအသက်ရလိမ့်မည်။

 

ယုံကြည်လက်ခံရန် (သို့) ငြင်းပယ်ရန် ဆုံးဖြတ်ချက်

၆ဝ။ တပည့်တော်အများတို့သည်ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်းဟု ဆိုကြ၏။

၆၁။ ထိုသို့ တပည့်တော်တို့ ကဲ့ရဲ့ပြစ်တင်သည်ကို ယေရှုသည်အလိုအလျောက် သိတော်မူလျင်၊ ဤစကားကြောင့်သင်တို့သည် စိတ်ပျက်ကြသလော။

၆၂။ လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန်ကြွတက်သည်ကို မြင်ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။

၆၃။ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။

၆၄။ သို့သော်လည်းသင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏။

၆၅။ ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်ဟု အထက်ကငါဆိုခဲ့ပြီဟုမိန့်တော်မူ၏။

ထိုသို့မိန့်တော်မူသည်အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ ဘယ်သူသည်ကိုယ်တော်ကိုအပ်နှံမည်ကို၎င်း၊ ယေရှုသည်အစအဦး၌သိတော်မူ၏။

၆၆။ ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့်မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။

၆၇။ ထိုကြောင့် ယေရှုသည် တစ်ကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းဌါ အလိုရှိကြသလောဟု မေးတော်မးလျှင်၊

၆၈။ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။

၆၉။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို

အကျွန်ုပ်တို့ယုံကြည်သိမြင်ကြပါသည်ဟုလျှောက်လေ၏။ ယောဟန် ၆း ၆ဝ-၆၉

၁။ မှားယွင်းသော တုန့်ပြန်ခြင်း

က။ သူ့ကိုနောက်လိုက်ရန် ငြင်းဆန်ကြသည်။

ခ။ သူ့ကို ငြင်းပယ်ကြသည်။

၂။ မှန်ကန်သော တုန့်ပြန်ခြင်း

က။ ထာဝရအသက်နှင့်ယှဉ်သောစကားတော်ကို ကိုယ်တော်၌တည်ကြောင်းဝန်ခံကြ၏။

ခ။ သခင်ယေရှုခရစ်တော်၏နောက်တော်သို့လိုက်ရန်ဆုံးဖြတ်ချက်အား ထပ်မံအတည်ပြုသည်။