Bethany Independent Presbyterian Church

Myanmar

များစွာသော အသီးကို သီးတတ်၏ ရှင်ယောဟန် ၁၅

များစွာသော အသီးကို သီးတတ်၏ ရှင်ယောဟန် ၁၅

နိဒါန်း

၁။ သခင်ခရစ်တော်ပေးလိုသော အသက်

က) အသစ်သော အသက်

ခ) ထာဝရအသက်

ဂ) ကြွယ်ဝပြည့်စုံသော အသက်

၂။ ထပ်၍ပေးမယ့်အရာ

က) များစွာ သီးသောအသက်

ခ) ထိုသခင်သည် အသီးသီးနိုင်ရန် မစမည်ဖြစ်သည်။

 

စပျစ်နွယ်၏ ပုံဥပမာ

၁ ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။

၂ ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှ

တို့ကို သာ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။ ရှင်ယောဟန် ၁၅း ၁-၂

၁။ နားလည်ရမည့် အခြေခံသဘောတရား

က) သခင်ယေရှုသည် စစ်မှန်သော စပျစ်နွယ်ပင်ဖြစ်သည်။

ခ) ခမည်းတော်ဘုရားသည် ဥယျာဉ်စောင့်ဖြစ်သည်။

င) တပည့်တော်များသည် အကိုင်းအခက်များဖြစ်ကြသည်။

၂။ မဖြစ်မနေသိရမည့်အရာ

က) ဤအချက်များသည် စစ်မှန်သော အချက်အလက်များဖြစ်သည်။

ခ) ဤအချက်များသည် အရင်နားလည်ရမည့်အရာများဖြစ်သည်။ အသီး သီးနိုင်မည့် နည်းလမ်းများ

၃ သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။

၄ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊

ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။ ရှင်ယောဟန် ၁၅း ၃-၄

၁။ ရှင်းလင်းခြင်း အလုပ်

က) တပည့်တော်များကို ပေးထားသော သွန်သင်ချက်များ

ခ) ထိုသွန်သင်ချက်တို့သည် ကျွနိုပ်တို့အား အရင်ရှင်းလင်းရမည်။

၁) အပြစ်ကို ဖော်ပြခြင်း

၂) မှားယွင်းသော အတွေးနှင့်စိတ်ကူးများကို ပြုပြင်ခြင်း

၃) ရှင်းလင်းခြင်းသည် တဆင့်ခြင်းလုပ်ရမည့်အရာဖြစ်သည်။

၂။ တည်နေခြင်းကို လက်တွေ့ကျင့်သုံးရန် သင်ယူရမည့်အရာများ

က) တည်နေခြင်းသည် ဆက်လက်တည်ရှိခြင်းကို ဆိုလိုသည်။

ခ) သွန်သင်ချက်တို့၌ ရှိနေရန်ဖြစ်သည်။

ဂ) ခရစ်တော်ကို ယုံကြည်ခြင်း၌ ဆက်တည်နေရန်ဖြစ်သည်။

 

တည်နေခြင်း၏ အရေးပါသော အချက် (၃) ချက်

၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ့၌တည်၏၊

ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။

၆ ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။

ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။

၇ သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း ၍ရကြလိမ့်မည်။

၈ သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။

၉ ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။

၁၀ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊

သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။ ရှင်ယောဟန် ၁၅း ၅-၁၀

၁။ သခင်ယေရှု၌ တည်နေခြင်း

ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊

ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။ ရှင်ယောဟန် ၁၅း ၅

က) သူသည် နွယ်ပင်ဖြစ်သည်။

ခ) ကျွန်တော်တို့သည် အကိုင်းအခက်ဖြစ်ကြသည်။

၂။ သခင်ယေရှု၏ သွန်သင်ချက်တွင် တည်နေခြင်း

သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။ ရှင်ယောဟန် ၁၅း ၇

က) သခင်ယေရှုသွန်သင်ချက်တို့သည် ကျွန်တော်တို့အထဲ၌ တည်နေရမည်။

ခ) သွန်သင်ချက်တို့သည် မှန်ကန်စွာနှင့် လိမ္မာစွာ ဆုတောင်းတတ်စေသည်။

ဂ) ဘုရားသခင်သည် ထိုသူတို့ဆုတောင်းခြင်းကို နားညောင်းတော်မူသည်။

ယ) အပြန်အလှန် ဆက်နွယ်မှုကို ပိုခိုင်မာလာစေသည်။

၃။ သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာ၌ တည်နေခြင်း

က) အလွန်တန်ဖိုးရှိသော အမှန်တရားဖြစ်သည်။

ခ) ချစ်ခြင်းမေတ္တာခံစားရခြင်းသည် ပြန်ပြီး ချစ်မေတ္တာထားတတ်စေသည်။

ဂ) သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာနားလည်ခြင်းသည် ထိုချစ်ခြင်းမေတ္တာ၌ တည်နေရန် ခွန်အားဖြစ်စေသည်။

အသီး သီးနေသော အသက်တာ

၁။ ငါသည် ဟူသော ကြေငြာချက်များ

က) ငါသည် အသက်မုန့်ဖြစ်သည် (၆း ၃၅)

ခ) ငါသည် လောက၏ အလင်းဖြစ်၏ (၈း ၁၂)

ဂ) ငါသည် သိုးတခါးဖြစ်၏ (၁၀း ၇)

ယ) ငါသည် ကောင်းသော သိုးထိန်းဖြစ်၏ (၁၀း ၁၁)

င) ငါသည် ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ဖြစ်၏ (၁၁း ၂၅)

ဆ) ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်၏ (၁၄း ၆)

စ) ငါသည် မှန်သောစပျစ်နွယ်ဖြစ်၏ (၁၅း ၁)

၂။ နောက်ဆုံး ‘ငါသည်’ ဟူသော ကြေငြာချက်

“ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်၏” ရှင်ယောဟန် ၁၅း ၁

က) အခြေအနေတစ်ခုဖြစ်သည်။

ခ) စိန်ခေါ်မှုဖြစ်သည်။

ဂ) ဆွဲဆောင်မှုတစ်ခုဖြစ်သည်။

ယ) အကိုင်းအခက်အနေဖြင့် အသီးများစွာ သီးကြရန်ဖြစ်သည်။ ရှင်ယောဟန် ၁၅း ၂

 

နိဂုံး

၁။ ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကြွယ်ဝပြည့်စုံသော ခရစ်ယာန်အသက်တာ ရှာဖွေကြပါစို့။

၂။ သခင်အဖို့ များစွာအသီးသီးနိုင်ရန် ထိုသခင်နှင့် ခိုင်မာသောဆက်နွယ်မှုကို တည်ဆောက်ကြပါစို့။