Bethany Independent Presbyterian Church

Myanmar

မိမိ၌ တပါးတည်းသော သားတော် ရှင်ယောဟန် ၃

မိမိ၌ တပါးတည်းသော သားတော် ရှင်ယောဟန် ၃



နိဒါန်း

၁။ ကယ်တင်ခြင်း ယုံကြည်ခံယူချက်သည် ကယ်တင်ခြင်း ဗေဒ ဟုခေါ်သည်။

၂။ “soter” ဆိုတဲ့ စကားလုံးသည် သခင်ယေရှုသည် ကယ်တင်ရှင်အဖြစ် ရည်ညွှန်းသည်။

၃။ ကယ်တင်ရှင်ကနေ ကယ်တင်ခြင်းကို နုတ်ဖျယ်လို့မရပါ။

 

ကယ်တင်ခြင်း အစီအစဉ်ကို ရှင်းပြခြင်း

၁။ နိကောဒင်သည် အီးစရေးလူမျီုးမှ နာမည်ကြီး ဆရာဖြစ်သည်။

က။ စိတ်ဝင်စားလို့ သခင်ယေရှုထံ လာခဲ့သည်။

ခ။ သခင်၏ ကြီးမားသောနမတ်များကို ဘုရား၏တန်ခိုးဖော်ပြသည်ဟု ဆို၏။

၂။ သခင်ယေရှုက နိကောဒင်ကို ဘုရား၏ ကယ်တင်ခြင်း အစီအစဉ်ကို ရှင်းပြလေသည်။

3 ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။ ယောဟန် ၃း ၃

က။ ဘုရားသခင်၌ နိုင်ငံတော်ရှိသည်။

ခ။ သူ့နိုင်ငံတော်မှာ ပါဝင်ဖို့ လူသားအားလုံးကို ဖိတ်ခေါ်သည်။

ဂ။ ဒါပေမယ့် ဒုတိယမွေးခြင်းအားဖြင့်သာ ထိုနိုင်ငံတော်၌ ဝင်ခွင့်ရသည်။

၃။ အသေးစိတ်ကိုလည်း နိကောဒင်အား ရှင်းပြခဲ့သည်။

5 ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။

6 ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။

7 ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။

8 လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊

အဘယ်အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့် တော်မူ၏။ ယောဟန် ၃း ၅-၈

၁။ ဘုရား၏ ဝိညာဉ်တော်သည် အသစ်သော မွေးခြင်းကို ဖြစ်စေသည်။

၂။ မမြင်ရသော အလုပ်ဖြစ်ပေမယ့် မြင်နိုင်သော ထိရောက်မှူဖြစ်စေသည်။

 

သခင်ယေရှူ၏ လူပုဂ္ဂိုလ်ဖြစ်ခြင်း

13 ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။

14 မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။

15 အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။

16 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊

ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။

17 လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။

လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။ ယောဟန် ၃း ၁၃-၁၇

၁။ သခင်ယေရှူသည် ကောင်းကင်မှ ဆင်းသက်သော လူသားဖြစ်သည်

၂။ သူသည် ဘုရားသခင်၏ မိမိ၌ တပါးတည်းသော သားတော် ဖြစ်သည်။

က။ သူသည် မြှောက်ထားခြင်း ခံရလိမ့်မည် (ကားတိုင်ကို ဆိုလိုသည်)

ခ။ သူ့ကို ယုံကြည်သောသူ အားလုံးတို့သည် ထာဝရ အသက်ရလိမ့်မည်

ဂ။ လောကသို့ စေလွှတ်ခြင်းခံသောသူ ဖြစ်သည်၊ စီရင်ဖို့မဟုတ်

ဃ။ ကယ်တင်ဖို့ရန် လောကသို့ကြွလာသည်။

၃။ ဘုရားသည် ဘာကြောင့် ဒီအမှူကို လုပ်သနည်း။

က။ သူ့ကြီးမားသော ချစ်ခြင်းကြောင့်ဖြစ်သည်

ခ။ သူ့နိုင်ငံတော် ဝင်ဖို့ရန် အခြားနည်းလမ်း မရှိသော်ကြောင့် ဖြစ်သည်။

ဂ။ ဘုရား၏ ကယ်တင်ခြင်း အစီအစဉ်ကို လေးလေးနက်နက် ဆက်သွားသည်။

 

ဘာကြောင့် လူသားများသည် ကယ်တင်ခြင်းမှ လမ်းလွှဲကြ သနည်း။

18 သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊

ဘုရား သခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။

19 အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊

လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။

20 ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌

အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။

21 သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို

ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။ ဟောဟန် ၃း ၁၈-၂၁

၁။ ဘုရားသခင်၏ ကယ်တင်ခြင်း ပေးကမ်းခြင်းအရာကို ပယ်ဖျက်နိုင်သည်။

၂။ ထိုအရာကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း သတ်ရောက်သည်။

က။ လူတို့သည် အလင်းထက် အမှောင်ကို နှစ်သက်ကြသည်။

ခ။ လူများတို့သည် အပြစ်လုပ်ခြင်းကို ပိုကြိုက်သည်။

ဂ။ အပြစ်လုပ်သောသူများသည်။

ဃ။ အလင်းကို မုန်းကြသည်။

င။ အပြစ်ကို ဖေါ်ပြသော အလင်းကို ငြင်းပယ်ကြသည်။

 

ကယ်တင်ခြင်းအတွက် သခင်ယေရှုထံ ဘယ်သူတွေ ပြန်လာမလည်း

၁။ သခင်ယေရှူကို အသိမှတ်ပြုကြသည်

က။ သူသည် လူသားဖြစ်သည်

ခ။ ဒါပေမယ့် သူသည် ဘုရား၏ တပါးတည်းသော သားတော်ဖြစ်သည်

၂။ သူတို့၏ အပြစ်များကို အသိမှတ်ပြုကြသည်

က။ သူတို့၏ အပြစ်များကို နားလည်ကြသည်

ခ။ သခင်ယေရှုကို ယုံကြညိခြင်းအားဖြင့် ကယ်တင်ခြင်းကို ရှာကြသည်။

 

ခေါ်ဖိတ်ခြင်း

၁။ ဘုရားသခင်၏ နိုင်ငံတော်၌ ဝင်ကြဖို့

၂။ သခင်ယေရှုခရစ်ကို ယုံကြည်ကြဖို့

၃။ ယုံကြည်ခြင်းအားဖြင့် ထာဝရ အသတ် ရရှိဖို့ရန်

၄။ ဘုရား၏ သားသမီးများအဖြင့် အဓိပ္ပါယ်ရှိရှိ ပျော်ရွှင်စွာ အသတ်ရှင်ကြဖို့